ကောက်ရိုးမှို က၈ရက်သားလောက်ဆိုဘယ်လိုထိန်းသိမ်းရလဲဗျ
ပြုစုခြင်း · စိုက်ပျိုးပြီး (၅-၆ ရက်) မြောက်နေ့တွင် မှိုပုံကို ပလပ်စတစ်ဖွင့်ပြီး မှိုအားဆေး (၁) ထုပ်ကို ရေ (၄- ဂါလန်)ပုံး (၁-ပုံး)နှင့် ဖျော်ကာ နေရာအနှံ့ ဖြန်းပါ။ မှိုပုံခြောက်လာပါက ရေပိုလောင်းရပါမည်။ · (၇) ရက် (၈)ရက် မြောက်ခန့်တွင် မှိုပုံမျက်နှာပြင် တစ်ပြင်လုံးတွင် သေးငယ်သော မှိုသန္ဓေခဲများကို မြင်တွေ့ရပါမည်။ · မှိုသန္ဓေခဲများ မြင်ရသောအခါ မှိုပုံ၏ တစ်ဖက်ထိပ် ပလပ်စတစ် တင်ထား၍ သက်ကယ်၊ ကောက်ရိုးကို ကျဲကျဲကာ ထားရပါမည်။ ထိုအခြေအနေတွင် မှိုပုံရေခြောက်နေပါက ရေမှုံ၊ ရေမွှားအဖြစ် (၁-ပုံး)ခန့် လောင်းနိုင်ပါသည်။ များလွန်းပါက မှိုဥ ထိခိုက်နိုင်ပါသည်။ · (၄-၅) ရက် အတွင်း ဆွတ်ခူးနိုင်သော မှိုဥအဆင့်သို့ ရောက်ပါသည်။ · (၄-၅) ရက်ခန့်တွင် မှိုခူးရပါသည်။ · မှိုခူးစဉ်မှာ သားစများ၊ မကျန်ရပါ။ ပထမအကြိမ် ထွက်လာသော မှိုများအားလုံးကို ခူး၍ ကုန်ပါက မှိုအားဆေး (၁-ထုပ်)နှင့် အပုံ အစို/အခြောက် အနေအထားကြည့်၍ ရေ( ၁-၂)ပုံးခန့် လောင်းပါ။ · နောက် (၃-၄) ရက်ကြာလျှင် ဒုတိယအကြိမ် မှိုသန္ဓေခဲ ထွက်ပါသည်။ ၎င်းဒုတိယအကြိမ် မှိုများခူးပြီးပါက မှိုအားဆေး (၁-ထုပ်)ကို ရေဖျော် ဖြန်းပါ။ တတိယအကြိမ် မှိုထပ်ထွက်ပါသည်။ အားဆေးဖြန်းပြီးတိုင်း ပလပ်စတစ် ပြန်အုပ်ရမည်။ · မှိုပုံသက်တမ်း (၂၆ ရက်) (သို့မဟုတ်) (၁-လ) အတွင်း စုစုပေါင်း မှို (၅- ပိဿ) မှ (၁၀-ပိဿ) ရရှိနိုင်ပါသည်။ ကိုးကား- စိုက်ပျိုးရေး ဦးစီးဌာန
ဆက်စပ်မေးခွန်းများ
အောဂဲနစ်လုပ်ထားတာရှိတယ်အပေါ်ကမှိုတက်တာကိုဖယ်ရမှာလားအစ်ကိုယ်တို့
ဖြေကြားချက် 2 ခု
ကွမ်းသီးပင်အသီးမတင်လို့ငှက်ပျောဖူးနဲ့သကြားရောထားတဲ့emကိုအသုံးပြုလို့ရလားအစ်ကိုတို့ဖြေပေးစေချင်တယ်
ဖြေကြားချက် 7 ခု
သစ်ရွက်ခြောက်မြေဆွေးလုပ်ချင်ပါတယ် ဘယ်လိုပြုလုပ်ရမလဲမြေဆွေးဖြစ်လာဖို့ဘယ်လောက်ကြာနိုင်မလဲ ကျေးဇူးပြုပြီးဖြေးပေး...
ဖြေကြားချက် 3 ခု
အခုကွမ်းသီးဈေးကျနေတယ် နောက်ထပ်ကွမ်းသီးစေိးအခြေအနေဘယ်လိုရှိလာနိုင်ပါသလဲခင်ဗျား ဆရာသမားများဖြေပေးကြပါဦး
ဖြေကြားချက် 2 ခု
ကွမ်းသီးပင် အပူခံနိုင်အောင်ဘာဆေးသုံးရင်ကောင်းမလဲ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။