အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
174
လွန်ခဲ့သော ၆ နှစ် က · ပျော်ဘွယ်

G A P နည်းပညာ အကြောင်းသိလိုပါသည်။

စိုက်ပျိုး ဗဟုသုတ ဝါး
1

ဖြေကြားချက် ၁ ခု

80,504 လွန်ခဲ့သော ၆ နှစ် က

GAP ဆိုတာ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(Good Agriculture Practices) ကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။ စိုက်ပျိုးရေးထုတ်ကုန်များကို စားသုံးသူများ စိတ်ချယုံကြည်စွာ စားသုံးနိုင်ဖို့ စျေးကွက်မှာ အာမခံနဲ့ရောင်းချနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ GAP စနစ်ကို ဖော်ဆောင်ဖို့ဆိုရင် သီးနှံများ စတင်စိုက်ပျိုးရန် မြေစတင်ရွေးချယ်ချိန်မှစပြီး စားသုံးသူများလက်ဝယ်ရောက်ရှိသည်အထိ စိုက်ပျိုးထုတ်လုပ်မှု အဆင့်တိုင်းမှာ သီးနှံများ၌ ဓါတုဆေးများ၊ ညစ်ညမ်းမှုများ၊ ကူးစက်မှုများ စတဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ခြင်း အလေ့အကျင့်ကောင်းများကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ GAP စနစ်ဖြင့်စိုက်ပျိုးချင်သည်ဆိုပါက နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနရုံးများမှာ စုံစမ်းမေးမြန်းနိုင်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။