အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
174
လွန်ခဲ့သော ၆ နှစ် က · ကဝ

ကျွန်တော်.အဖေကလယ်ကွက်ထဲမှာ.ဆားပေါက်နေတယ်လို့ပြောပီး မြေကြီး အပေါ်ယံအလွှာကို.ကားနဲ့သယ်ထုက်နေတယ်ဗျာ အဲ့ဒါ. ဒီ...

ကျွန်တော်.အဖေကလယ်ကွက်ထဲမှာ.ဆားပေါက်နေတယ်လို့ပြောပီး မြေကြီး အပေါ်ယံအလွှာကို.ကားနဲ့သယ်ထုက်နေတယ်ဗျာ အဲ့ဒါ. ဒီနှစ်မိုးစပါး.စိုက်ပျိုးဖို့.အဆင်ပြေ ပါ့မလားဗျာ သိတဲ့သူများရှိရင်ဖြေကြားပေးစေချင်ပါတယ်

6

ဖြေကြားချက် ၆ ခု

270,769 လွန်ခဲ့သော ၆ နှစ် က

တိုင်းတဲ့စက်​တွေဝယ်ပြီးတိုင်းလို့ရ​ပေမဲ့ မမှန်တဲ့စက်​တေနဲ့ညားသွားမှာလည်း​ကြောက်ရပါတယ် ဒါ​ပေမဲ့​လေ့လာပြီးလုပ်ရင်​တော့ ကိုယ်တိုင်လည်းတိုင်းလို့ရပါတယ် စိုက်ပျိုး​ရေးရုံး​တွေမှာ​တော့တိုင်းရင်အ​ကောင်းဆုံး​ပေါ့ရှင် ​မြေနမူနာယူပုံ​တွေပါ​ပြောပြမှာပါ

116 လွန်ခဲ့သော ၆ နှစ် က

ph ကစိုက်ပျိုးရေရုံးမှာဘဲးရှိတာလား တိုင်းချင်လို့ရှိရင်ဘယ်လိုဆောင်ရွက်ပေးပါသလဲး သိချင်ပါတယ် တောင်သူတွေက တွေ့တဲ့ဓာတ်မြေသြဇာကိုပက်လိုက်တယ် ကိုယ့်မြေနဲ့တော့လိုက်မလိုကတော့မသိပါဘူး တောင်သူတွေအနေနဲ့မြေနဲ့လိုကမဲ့ဓာတ်မြေသြဇာကိုသိမယ်ဆိုရင်တော့စပါးအထွက်တိုးမှာပါ

111,325 လွန်ခဲ့သော ၆ နှစ် က

စိုက်ပျိုးရေးဟူသည် မြေ၏ ပကတိအရှိသဘောကို လိုက်လျောညီထွေးစိုက်ပျိုးရခြင်းကြောင့် အကြောင်းသင့်၍ စိုက်ပျိုးရခြင်းဖြင့်သာလျှင် ဖြစ်ထွန်းအောင်မြင်စေတတ်ပါတယ်။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ပဲခူးအရှေ့..ဆားပေါက်တဲ့နေရာဆိုတော့ ပင်လယ်ရေဝင်တဲ့နေရာတွေလား။သနပ်ပင်,ဝေါဘက်ကရေနက်ကွင်းတွေလား။အဲဒါဆိုရင်တော့စိုက်ပျိုးမဖြစ်ထွန်းနိုင်ပါ။၃..၄နှစ်ရေချိုသွင်းစိုက်ရင်တောင်မဖြစ်ထွန်းပါ။ဆားပေါက်မြေကိုပြုပြင်ပြီးဆားငန်ခံနိုင်တဲ့မျိုးကိုရွေးချယ်သိုက်သင့်ပါတယ်။

270,769 လွန်ခဲ့သော ၆ နှစ် က

ဆားပေါက်နေတဲ့ မြေကို အရင်ပြုပြင်ပြီးမှ စိုက်ပျိုးရင်အကောင်းဆုံးပါ။ သဘာဝမြေသြဇာတွေဖြစ်တဲ့ သစ်ဆွေးမြေသြဇာ၊ အဏုဇီဝဖျော်ရည် တို့ထည့်ပေးပါ။ ကျောက်မှုန့်၊ ဂျပ်ပဆင်တို့ထည့်ပြီး ပြုပြင်ပေးလို့ရပါတယ်။ စပါးစိုက်ချင်ရင်တော့ မြေရဲ့ pH ကိုတိုင်ကြည့်ပါဦး သက်ဆိုင်ရာ စိုက်ပျိုးရေးရုံးတွေကိုသွားပြီး တိုင်းကြည့်ပြီး စိုက်လို့ရတဲ့အနေထားဆိုရင် ဆားငန်ဒဏ်ခံနိုင်ရည်ရှိတဲ့ မျိုးတွေစိုက်ပါလို့ အကြံပြုချင်ပါတယ်ရှင်။

111,325 လွန်ခဲ့သော ၆ နှစ် က

မပြေနိုင်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။