အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,208
လွန်ခဲ့သော ၈ နှစ် က

မာလာကာသီးပိုးကျလို့ဘယ်​လိုလုပ်​ရပါမလဲ?

ပိုးမွှားရောဂါ ဥယျာဉ်ခြံ သီးနှံ၊ သစ်သီးဝလံ

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

အသီးပေါ် အပေါက်ရာတွေ့ရင် သီးလုံးထိုးယင်ကြောင့် ဖြစ်တာပါ။ ၁။ ဖျက်ဆီးခံရပြီး ကြွေကျအသီးတွေကို စိုက်ခင်းထဲမရှိအောင် ပြုလုပ်ပါ။ ၂။ မီသိုင်းယူဂီနော (Methyl eugenol ) နှင့် Malathion 50 EC မာလာသီယွန် ၅၀ EC ကို ဆတူရောပြီး ထောင်ချောက်တစ်ခုတွင် ၁၀ မီလီလီတာဖြင့် တစ်ဧကလျှင် ထောင်ခြောက် ၁၀ ခု အသုံးပြုပါ။ ၃။ မာလာသီယွန် ၅၀ EC ကို 0.05 % ဖြင့် အပင်တွေပေါ် ဖြန်းပါ။ ၄။ ရေတစ်လီတာလျှင် တင်လဲရည် သို့ ထန်လျှက် ၁၀g အရောတွင် ပိုးသတ်ဆေး Fenitrothion 50EC တစ် မီလီလီတာနှုန်း သို့ Malathion 50EC ၂ မီလီလီတာနှုန်း သို့ Dimethoate 40EC တစ် မီလီလီတာနှုန်း တို့မှ တခုခု ရောစပ် အဆိပ်ခဲပြုလုပ်ပြီး အသီးမမှည့်မှီ ၂ ပတ်ခြား တစ်ကြိမ်ပြုလုက်ပါ။ အသီးများအား အိတ်စွပ်ပါ အသီးပေါ် ဘာဒါဏ်ရာမှ မတွေ့ရင် သီးလုံးဖောက်ပိုးပါ။ လောက်ကောင်ကို အသီးထဲတွေ့ရမှာပါ။ ပန်းပွင့်တဲ့အချိန်ထဲက အပွင့်မှာရှိနေခဲ့ပြီး အသီးဖြစ်တဲ့အချိန်ထိ အသီးထဲရောက်ပြီးဖျက်ဆီးတာပါ။ အခင်းထဲ ပိုးကျအသီးများ ကြွေကျနေခြင်းရှိပါက ရှင်းလင်းပါ။ ပေါင်းမြက်များက ပိုးလက်ခံပင်များဖြစ်လို့ ပေါင်းရှင်းပါ။ ပန်းစပွင့်ချိန်နဲ့အသီးတင်ချိန်တွေမှာ Malathion 50 EC 0.1 % ကို ပက်ဖျန်းပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။