ဖြေကြားချက် ၁ ခု
အသီးပေါ် အပေါက်ရာတွေ့ရင် သီးလုံးထိုးယင်ကြောင့် ဖြစ်တာပါ။ ၁။ ဖျက်ဆီးခံရပြီး ကြွေကျအသီးတွေကို စိုက်ခင်းထဲမရှိအောင် ပြုလုပ်ပါ။ ၂။ မီသိုင်းယူဂီနော (Methyl eugenol ) နှင့် Malathion 50 EC မာလာသီယွန် ၅၀ EC ကို ဆတူရောပြီး ထောင်ချောက်တစ်ခုတွင် ၁၀ မီလီလီတာဖြင့် တစ်ဧကလျှင် ထောင်ခြောက် ၁၀ ခု အသုံးပြုပါ။ ၃။ မာလာသီယွန် ၅၀ EC ကို 0.05 % ဖြင့် အပင်တွေပေါ် ဖြန်းပါ။ ၄။ ရေတစ်လီတာလျှင် တင်လဲရည် သို့ ထန်လျှက် ၁၀g အရောတွင် ပိုးသတ်ဆေး Fenitrothion 50EC တစ် မီလီလီတာနှုန်း သို့ Malathion 50EC ၂ မီလီလီတာနှုန်း သို့ Dimethoate 40EC တစ် မီလီလီတာနှုန်း တို့မှ တခုခု ရောစပ် အဆိပ်ခဲပြုလုပ်ပြီး အသီးမမှည့်မှီ ၂ ပတ်ခြား တစ်ကြိမ်ပြုလုက်ပါ။သီးထိုးယင်ကို အ သီးများအား အသီးစတင်ချိန်ကစ အသီးကို အိတ်စွပ်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ် အသီးပေါ် ဘာဒါဏ်ရာမှ မတွေ့ရင် ပန်းပွင့်တဲ့အချိန်ထဲက အပွင့်မှာရှိနေခဲ့ပြီး အသီးဖြစ်တဲ့အချိန်ထိ အသီးထဲရောက်ပြီးဖျက်ဆီးတဲ့ သီးလုံးဖောက်ပိုးလောက်ကောင်ပါ။ အခင်းထဲ ပိုးကျအသီးများ ကြွေကျနေခြင်းရှိပါက ရှင်းလင်းပါ။ ပေါင်းမြက်များက ပိုးလက်ခံပင်များဖြစ်လို့ ပေါင်းရှင်းပါ။ ပန်းစပွင့်ချိန်နဲ့အသီးတင်ချိန်တွေမှာ Malathion 50 EC 0.1 % ကို ပက်ဖျန်းပါ
ဆက်စပ်မေးခွန်းများ
မာလကာသိးများမျာသီးစေချင်တယ်ဘာလုပ်ရမလဲဗျ
ဖြေကြားချက် 0 ခု
မာလာကာသီးပိုးကျလို့ဘယ်လိုလုပ်ရပါမလဲ?
ဖြေကြားချက် 1 ခု
ကွမ်းသီးပင် ၁ နှစ်သားကို ဘယ်လိုစိုက်ပျိုးနိုင်သလဲ
ဖြေကြားချက် 1 ခု
အကို မင်္ဂလာပါ မော်လမြိုင်ကပါ ကျွဲကောသီးပင် အကြောင်းလေး သိချင်လို့ပါ အသေးစိတ်တင်ပေးပါလား
ဖြေကြားချက် 1 ခု
ကွန်ပေါင်းဖြေသြဇာကို ကိုဘာသာ လုပ်ခြင်လို့ နည်းလမ်းပေးကြပါဗျ
ဖြေကြားချက် 1 ခု