အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
580
လွန်ခဲ့သော ၆ နှစ် က · ပုလဲ

ဒီလိုစိုက်ပျိုးပုံလေးပြုလုပ်နည်းအဆင့်ဆင့်အားပြောပြစေချင်ပါတယ် ကျေးဇူးပြုပြီး

စိုက်ပျိုး ဗဟုသုတ ဆလပ်
Post image
1

ဖြေကြားချက် ၁ ခု

466 လွန်ခဲ့သော ၆ နှစ် က

Hydroponic and drip irrigation system _ ​မြေမဲ့အစက်ချ နည်း ​ရေနည်းနည်းနဲ့ water cycle လည်ပြီးသုံးရတဲ့နည်း တမံတလင်းခင်းထားလို့ဘဲဖြစ်ဖြစ် ။​ဖွတ်​ချေး​မြေ​တွေ၊​ကျောက်စရစ်​တွေခံ​နေလို့ဘဲဖြစ်ဖြစ် ​မြေမှာချစိုက်မရ တဲ့​ဒေသ မှလူ​တွေ အကြိုက်တွေ့​စေတဲ့ ​မြေမဲ့အစက်ချနည်းနဲ့ ​ဆောက်ထားပုံ​လေး မှတ်တမ်း ____ အလျား ၁၀​ပေခွဲ အနံ ၇​ပေ ​လျော​စောက် ၁​ပေစင်​ဆောက်လိုက်ပါတယ်။ ​ရေသန့်ဘူး ၉လုံးဆက် ၁၄တန်း ပါ။အလယ်မှာလူဝင်ဘို့ချန်ပါတယ်။ ​ရေသန့်ဘူးခွန်ကို​ဖောက်ပြီး တဘူးရဲ့ဖင်​ပေါက်ထဲကို တဘူးရဲ့​ခေါင်းသွတ်ပြီး ဆက်ပါတယ်။ ဆက်ပြီးရင် ​ဝမ်းဗိုက်ကိုအ​ပေါက်​ဖောက်ပါတယ်။​ရေသန့်ဘူးတလုံးရဲ့ဝမ်းဗိုက်တခုကို အ​ပေါက်၂​ပေါက်နှုန်း​ဖောက်ပါတယ်။ ဘူးချင်းလည်းဆက်ပီး ဝမ်းဗိုက်ထဲ စပါးခွံဖွဲပြာ ​ရေ​ဆေးထည့်လိုက်ပါတယ်။ ​သဲ​တွေ၊ အမှုန့်​တွေပါရင် ​ရေ​ပေါက်မပိတ်​အောင်​ဆေးလိုက်တာပါ။ ပီးရင် ဝါးခြမ်းတန်း​ပေါ်တင်ပီး ကပ်ချည်ထားပါတယ်။ ​ကော်ပုံး​ဖောက် ပီး အဖိုရစ်အမရစ်နဲ့ပြန်ပိတ် ။​ရေဘဲတပ်။ပိုက်လျာထားစင်။ ဘူးတန်း​လေး​တွေနဲ့ ချိန်ပြီး အ​ပေါက်​ဖောက်ဖို့အမှတ် မှတ်လိုက်ပါတယ်။ မှတ်ပြီးရင် ပိုက်ကို​မြေပြင်​ပေါ်ပြန်ချပီး ဆီပိုက်နဲ့ ဆံ့မယ့်အ​ပေါက်​ဖောက်လိုက်ပါတယ်။ အ​ပေါက်​ဖောက်ပြီး ​ရေဘဲဆီပြန်တပ်ပါတယ်။ ​​ကော်ပိုက်အပြာ​ပေါ်ရှိ အ​ပေါက်ထဲကို ဆီပိုက်သွင်းလိုက်ပါတယ်။ ​​​ကော်ပိုက်ထဲက​ရေ ကို ​ရေသန့်ဘူး​ပေါက်ဆီ သွား သာ​အောင်ချိန် ဆတိုင်းတာဖြတ်ပါတယ်။ ဆီပိုက်ကို ​ကော်ပိုက်ပြာထဲ ​ရေသွားသာရုံ မကျွတ်ရုံအ​နေထားတပ်ပီးရင် ​ကော်ကပ်လိုက်ပါတယ်။ ​ကော်ပိုက် ပြာ အဆုံးတဘက်ကို အစွပ်ပိတ်​ပေးလိုက်ပါတယ်။ ​ကော်ပုံးထဲက​ရေက ဆီပိုက်ကတဆင့် ​ရေသန့်​ဘူး​လေး​တွေဆီတဆင့်ချင်း​ရောက်သွားမှာပါ။ ​ရေသန့် ဘူး ထဲက တဆင့်ချင်းကျလာ​ရေ ​တွေကို အနိမ့်ဘက်က ​ ​တဆင့်ပြန်ခံထားပါတယ်။ အနိမ့်ဘက်က​ကော်ပုံးထဲက​ရေ ကို အမြင့်စင်က ​ကော်ပုံးထဲ တဆင့် လူက ပြန်​လောင်းထည့်​ပေးလိုက်​တော့ တ​နေ့မှ ​ရေ ၁ပုံး​လောက်နဲ့ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်စားရမယ် ။ ​ပျိုးဗန်း​လေးနဲ့ အပင်ပျိုးပြီး အ​ပေါက်၁​ပေါက်ကို ၁ပင်နှုန်း​ရွှေ့စိုက် ရပါတယ်။ ဘူး​ပေါက်ထဲတိုက်ရို်စိုက်လည်းရပါတယ်။ ​ရေရှားလို့ စိုက်မရမှာ မပူနဲ့​နော်။ ​မြေခံညံ့လို့ အပင်မဖြစ်မှာလည်းပူစရာလိုဘူး​နော်။ တအိမ်ဝိုင်းလုံး တမံတလင်းအပြည့်ခင်းထားလို့ စိမ်းစိမ်းစိုစိုသစ်ပင်ကြည့်စရာမရှိဘူးလို့လည်းမပူနဲ့​နော် hydroponic နည်းနဲ့စိုက်လို့ရ။ တိုက်လှလှ​လေးနဲ့ဒန်းစင်​လေးနဲ့ ဘူး​လေး​တွေတွဲလဲဆွဲပြီး အလှပန်း​လေး​တွေစိုက်ရင်လည်း hydroponic (​မြေမဲ့အစက်ချနည်း) ​လေးနဲ့ ဆန်းသစ်လိုက်ရင် ok ​ပေါ့ ​ရေကို​နေ့စဥ် မနက်၆ နာရီမှ ည​နေ၆နာရီထိလွှတ်​ပေးရမှာပါ။ အာဟာရ​ဖျော်ရည်က ၁ပါတ်ကို ၁ကြိမ် ထည့်​ပေးရပါတယ်။ အာဟာရ ရည်အဖြစ်နဲ့က​တော့ ရုံးက တီကန်ထဲက တီကျစ်စာရည်တို့ ၊ ငါးအမိုင်နိုအက်ဆစ်​တွေ ။EM ​တွေ သုံးမှာပါ။ အဲဒါ​တွေကလက်ဖြစ်​တွေဆို​တော့ အလျှံအပယ်​ပေါ​နေလို့ပါ။ တကယ်လို့ မရှိခဲ့ရင် ၁၅ ပတ်လည်ကို ၁ကြိမ် ၄ကျပ်သားနှုန်း ထည့်လို့လည်းရပါတယ်။ ပိုးကျရင် ဓါတုပိုးသတ်​ဆေး မသုံးပါဘူး။ ဟင်စားသီးနှံက organic နည်းနဲ့စိုက်မှ ကျန်းမာ​ရေး ပိုစိတ်ချရလို့ပါ။ အာဟာရဖွံ့ဖြိုး​​ဖို့ စိုက်ပျိုး​ရေး လုပ်​ပေးတဲ့ HelenKeller ,Myothit ရုံးရဲ့ Demonstration ခြံ​လေးဆို​တော့ သဘာဝ လည်းဟုတ် ကိုယ်တိုင်လုပ် လက်ဖြစ် EM5​တွေ၊ EMFPE(သဘာဝပိုး​ရှောင်ကွင်း​ဆေး) ​တွေသုံးမှာပါ။ စပါးခွံမီး​သွေးဖုတ်ပုံ အုတ်ခဲ ၃လုံးဆိုင်ပါ။မီး​မွှေးပါ။ (သံပုံးအုပ်ရင်မငြိမ်းမဲ့ပမာဏရှိရပါမယ်။ )။ မီး​ကောင်း​ကောင်းစွဲရင် အ​ပေါက်ပါတဲ့သံပုံးအုပ်ပါ။ ​ဘေးက စပါးခွံ ပတ်ပုံ​ပေးပါ။ ​ခေါင်းတိုင်က မီးခိုးအ​တော်လိုက်လာရင် တခုခု နဲ့ မလုံ့တလုံပိတ်လို်ပါ။ (တကယ်လို့ဝါးလုံးတပ်ရင် ဝါးရှလကာရည်​ကော၊ဖွဲပြာပါရပါတယ်။ ဝါးမတပ်ရင် ဖွဲပြာတမျိုးတည်းရမှာပါ။) တဖြည်းဖြည်း မည်းလိုက်လာပါတယ်။ စပါးခွံ​ရောင် ပါးပါးကျန်ပြီး အကုန် မည်း​လောက်ပြီထင်ရင်ဂေါ်၊​ပေါက်ပြား နဲ့ဆွဲဖယ်ပါ။ ​အောက်က အလွှာကမည်း​နေပြီ။အ​ပေါ်က စပါးခွံ​ရောင်ရှိ​နေ​သေးရင်​တောင် ​မွှေလိုက်ရင် အပူရှိန်နဲ့အကုန်မည်းသွားပါတယ်။ (တအားကျွမ်းပြီးအမှုန့်ဘ်​ရောက်ရင်​ရေ​ပေါက်ပိတ်တတ်လို့ မည်းရုံ​လေးဖုတ်ရ) ။ ဆွဲဖယ်ပြီးရင် ​ရေနဲ့ငြိမ်း လိုက်ပါတယ်။ တ​ငွေ့​ငွေ့နဲ့ ​တော်​တော်နဲ့ မ​သေနိုင်လို့ ​သေချာ မီး​သေ​အောင်ငြိမ်းလိုက်ပါတယ်။ ​ရေနဲ့ငြိမ်းရင် ဆုံးရှုံးနိုင်တဲ့ဓါတ်ပမာဏ က သိပ်မ​ပြောပ​လောက်ပါဘူး။ သူ့ဘာသာသူ အ​အေးခံငြိမ်း​နေရင်မီး​ဘေးစိုးရိမ်လို့ ​ရေနဲ့ဘဲ ငြိမ်းလို်ပါတယ်။ စပါးခွံအစိမ်းမသုံးဘဲ မီးဖုတ်ရတာက​တော့ စပါးခွံမှ ဘက်တီးရီးယား​တွေ၊မှို​ရောဂါ အပင်ကို မကူးစက်​အောင်လို့ရယ်၊ အချဥ် မ​ပေါက်​အောင်ရယ်၊ စပါးခွံကပါတဲ့စပါး​စေ့ မ​ပေါက်နိုင်​အောင်လို့ပါ။ စပါးခွံက အစိမ်းလည်း မဟညတ်ရ ပြာအမှုန့်ဖြစ်​အောင်လည်းမလုပ်ရ ကိုင်လိုက်ရင်ကြမ်းရှရှနဲ့မည်းရုံဆိုရပါပြီ။ hydroponic and drip irrigation system တွက်၉ဘူးတန်း၁၄တန်းစာ​ဆောက်ရန် ____ ​မျောတိုင် ၈လုံး (ခြံအမာခံတိုင်​ဆောက်ရန်) ဝါး၂စလုံး ( ဘူးတန်းတင် ဖို့ ဝါးလုံး၁လုံး၂ခြမ်းခွဲ) ​ရေပုံး ၂ ပုံး ( water cycle လည်ဖို့ သုံးရန်) PVC ပိုက် 10 ​ပေ _ ၄လုံး ( ​ရေသွယ်ဖို့နဲ့ ​ရေစုဖို့) ဆီပိုက် (၈မီလီမီတာ) _ ၄၀​ပေ ( ​​ရေချ​ နှင့် ​ရေပြန်စူရန်) ၁လက်မ ပိုက်ပိတ် _ ၂ခု PVC ပိုက်အထိန်းကွင်း _ ၆ခု အဖိုရစ် - ၁ခု အမရစ်- ၁ခု ဖွင်ပိတ်​ရေဘား_ ၁ခု ၁လက်မ ပိုက်ဆက်(ဒဲ့) _ ၂ခု အစက်ချ​ခေါင်း _ ၁၄ ခု ( ​ရေ တစက်ချင်းကျဖို့) ၃လက်မသံ _ ၂၀ ကျပ်သား ၂လက်မသံ _ ၃၀ ကျပ်သား ၄လက်မသံ _ ၂၀ ကျပ်သား သံနန်းကြိုး (16ဂိတ် ) _ ၂၀ ကျပ်သား သံနန်းကြိုး ( ၁၈ ဂိတ်) _ ၇၅ ကျပ်သား ဆင်​ကော် _2 ဗူး ___€€_________________€€€€_________________ ZawGyi font Hydroponic and drip irrigation system _ မြေမဲ့အစက်ချ နည်း ရေနည်းနည်းနဲ့ water cycle လည်ပြီးသုံးရတဲ့နည်း တမံတလင်းခင်းထားလို့ဘဲဖြစ်ဖြစ် ။ဖွတ်ချေးမြေတွေ၊ကျောက်စရစ်တွေခံနေလို့ဘဲဖြစ်ဖြစ် မြေမှာချစိုက်မရ တဲ့ဒေသ မှလူတွေ အကြိုက်တွေ့စေတဲ့ မြေမဲ့အစက်ချနည်းနဲ့ ဆောက်ထားပုံလေး မှတ်တမ်း ____ အလျား ၁၀ပေခွဲ အနံ ၇ပေ လျောစောက် ၁ပေစင်ဆောက်လိုက်ပါတယ်။ ရေသန့်ဘူး ၉လုံးဆက် ၁၄တန်း ပါ။အလယ်မှာလူဝင်ဘို့ချန်ပါတယ်။ ရေသန့်ဘူးခွန်ကိုဖောက်ပြီး တဘူးရဲ့ဖင်ပေါက်ထဲကို တဘူးရဲ့ခေါင်းသွတ်ပြီး ဆက်ပါတယ်။ ဆက်ပြီးရင် ဝမ်းဗိုက်ကိုအပေါက်ဖောက်ပါတယ်။ရေသန့်ဘူးတလုံးရဲ့ဝမ်းဗိုက်တခုကို အပေါက်၂ပေါက်နှုန်းဖောက်ပါတယ်။ ဘူးချင်းလည်းဆက်ပီး ဝမ်းဗိုက်ထဲ စပါးခွံဖွဲပြာ ရေဆေးထည့်လိုက်ပါတယ်။ သဲတွေ၊ အမှုန့်တွေပါရင် ရေပေါက်မပိတ်အောင်ဆေးလိုက်တာပါ။ ပီးရင် ဝါးခြမ်းတန်းပေါ်တင်ပီး ကပ်ချည်ထားပါတယ်။ ကော်ပုံးဖောက် ပီး အဖိုရစ်အမရစ်နဲ့ပြန်ပိတ် ။ရေဘဲတပ်။ပိုက်လျာထားစင်။ ဘူးတန်းလေးတွေနဲ့ ချိန်ပြီး အပေါက်ဖောက်ဖို့အမှတ် မှတ်လိုက်ပါတယ်။ မှတ်ပြီးရင် ပိုက်ကိုမြေပြင်ပေါ်ပြန်ချပီး ဆီပိုက်နဲ့ ဆံ့မယ့်အပေါက်ဖောက်လိုက်ပါတယ်။ အပေါက်ဖောက်ပြီး ရေဘဲဆီပြန်တပ်ပါတယ်။ ကော်ပိုက်အပြာပေါ်ရှိ အပေါက်ထဲကို ဆီပိုက်သွင်းလိုက်ပါတယ်။ ကော်ပိုက်ထဲကရေ ကို ရေသန့်ဘူးပေါက်ဆီ သွား သာအောင်ချိန် ဆတိုင်းတာဖြတ်ပါတယ်။ ဆီပိုက်ကို ကော်ပိုက်ပြာထဲ ရေသွားသာရုံ မကျွတ်ရုံအနေထားတပ်ပီးရင် ကော်ကပ်လိုက်ပါတယ်။ ကော်ပိုက် ပြာ အဆုံးတဘက်ကို အစွပ်ပိတ်ပေးလိုက်ပါတယ်။ ကော်ပုံးထဲကရေက ဆီပိုက်ကတဆင့် ရေသန့်ဘူးလေးတွေဆီတဆင့်ချင်းရောက်သွားမှာပါ။ ရေသန့် ဘူး ထဲက တဆင့်ချင်းကျလာရေ တွေကို အနိမ့်ဘက်က တဆင့်ပြန်ခံထားပါတယ်။ အနိမ့်ဘက်ကကော်ပုံးထဲကရေ ကို အမြင့်စင်က ကော်ပုံးထဲ တဆင့် လူက ပြန်လောင်းထည့်ပေးလိုက်တော့ တနေ့မှ ရေ ၁ပုံးလောက်နဲ့ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်စားရမယ် ။ ပျိုးဗန်းလေးနဲ့ အပင်ပျိုးပြီး အပေါက်၁ပေါက်ကို ၁ပင်နှုန်းရွှေ့စိုက် ရပါတယ်။ ဘူးပေါက်ထဲတိုက်ရိုစိုက်လည်းရပါတယ်။ ရေရှားလို့ စိုက်မရမှာ မပူနဲ့နော်။ မြေခံညံ့လို့ အပင်မဖြစ်မှာလည်းပူစရာလိုဘူးနော်။ တအိမ်ဝိုင်းလုံး တမံတလင်းအပြည့်ခင်းထားလို့ စိမ်းစိမ်းစိုစိုသစ်ပင်ကြည့်စရာမရှိဘူးလို့လည်းမပူနဲ့နော် hydroponic နည်းနဲ့စိုက်လို့ရ။ တိုက်လှလှလေးနဲ့ဒန်းစင်လေးနဲ့ ဘူးလေးတွေတွဲလဲဆွဲပြီး အလှပန်းလေးတွေစိုက်ရင်လည်း hydroponic (မြေမဲ့အစက်ချနည်း) လေးနဲ့ ဆန်းသစ်လိုက်ရင် ok ပေါ့ ရေကိုနေ့စဉ် မနက်၆ နာရီမှ ညနေ၆နာရီထိလွှတ်ပေးရမှာပါ။ အာဟာရဖျော်ရည်က ၁ပါတ်ကို ၁ကြိမ် ထည့်ပေးရပါတယ်။ အာဟာရ ရည်အဖြစ်နဲ့ကတော့ ရုံးက တီကန်ထဲက တီကျစ်စာရည်တို့ ၊ ငါးအမိုင်နိုအက်ဆစ်တွေ ။EM တွေ သုံးမှာပါ။ အဲဒါတွေကလက်ဖြစ်တွေဆိုတော့ အလျှံအပယ်ပေါနေလို့ပါ။ တကယ်လို့ မရှိခဲ့ရင် ၁၅ ပတ်လည်ကို ၁ကြိမ် ၄ကျပ်သားနှုန်း ထည့်လို့လည်းရပါတယ်။ ပိုးကျရင် ဓါတုပိုးသတ်ဆေး မသုံးပါဘူး။ ဟင်စားသီးနှံက organic နည်းနဲ့စိုက်မှ ကျန်းမာရေး ပိုစိတ်ချရလို့ပါ။ အာဟာရဖွံ့ဖြိုးဖို့ စိုက်ပျိုးရေး လုပ်ပေးတဲ့ HelenKeller ,Myothit ရုံးရဲ့ Demonstration ခြံလေးဆိုတော့ သဘာဝ လည်းဟုတ် ကိုယ်တိုင်လုပ် လက်ဖြစ် EM5တွေ၊ EMFPE(သဘာဝပိုးရှောင်ကွင်းဆေး) တွေသုံးမှာပါ။ စပါးခွံမီးသွေးဖုတ်ပုံ အုတ်ခဲ ၃လုံးဆိုင်ပါ။မီးမွှေးပါ။ (သံပုံးအုပ်ရင်မငြိမ်းမဲ့ပမာဏရှိရပါမယ်။ )။ မီးကောင်းကောင်းစွဲရင် အပေါက်ပါတဲ့သံပုံးအုပ်ပါ။ ဘေးက စပါးခွံ ပတ်ပုံပေးပါ။ ခေါင်းတိုင်က မီးခိုးအတော်လိုက်လာရင် တခုခု နဲ့ မလုံ့တလုံပိတ်လိုပါ။ (တကယ်လို့ဝါးလုံးတပ်ရင် ဝါးရှလကာရည်ကော၊ဖွဲပြာပါရပါတယ်။ ဝါးမတပ်ရင် ဖွဲပြာတမျိုးတည်းရမှာပါ။) တဖြည်းဖြည်း မည်းလိုက်လာပါတယ်။ စပါးခွံရောင် ပါးပါးကျန်ပြီး အကုန် မည်းလောက်ပြီထင်ရင်ဂေါ်၊ပေါက်ပြား နဲ့ဆွဲဖယ်ပါ။ အောက်က အလွှာကမည်းနေပြီ။အပေါ်က စပါးခွံရောင်ရှိနေသေးရင်တောင် မွှေလိုက်ရင် အပူရှိန်နဲ့အကုန်မည်းသွားပါတယ်။ (တအားကျွမ်းပြီးအမှုန့်ဘ်ရောက်ရင်ရေပေါက်ပိတ်တတ်လို့ မည်းရုံလေးဖုတ်ရ) ။ ဆွဲဖယ်ပြီးရင် ရေနဲ့ငြိမ်း လိုက်ပါတယ်။ တငွေ့ငွေ့နဲ့ တော်တော်နဲ့ မသေနိုင်လို့ သေချာ မီးသေအောင်ငြိမ်းလိုက်ပါတယ်။ ရေနဲ့ငြိမ်းရင် ဆုံးရှုံးနိုင်တဲ့ဓါတ်ပမာဏ က သိပ်မပြောပလောက်ပါဘူး။ သူ့ဘာသာသူ အအေးခံငြိမ်းနေရင်မီးဘေးစိုးရိမ်လို့ ရေနဲ့ဘဲ ငြိမ်းလိုပါတယ်။ စပါးခွံအစိမ်းမသုံးဘဲ မီးဖုတ်ရတာကတော့ စပါးခွံမှ ဘက်တီးရီးယားတွေ၊မှိုရောဂါ အပင်ကို မကူးစက်အောင်လို့ရယ်၊ အချဉ် မပေါက်အောင်ရယ်၊ စပါးခွံကပါတဲ့စပါးစေ့ မပေါက်နိုင်အောင်လို့ပါ။ စပါးခွံက အစိမ်းလည်း မဟညတ်ရ ပြာအမှုန့်ဖြစ်အောင်လည်းမလုပ်ရ ကိုင်လိုက်ရင်ကြမ်းရှရှနဲ့မည်းရုံဆိုရပါပြီ။ hydroponic and drip irrigation system တွက်၉ဘူးတန်း၁၄တန်းစာဆောက်ရန် ____ မျောတိုင် ၈လုံး (ခြံအမာခံတိုင်ဆောက်ရန်) ဝါး၂စလုံး ( ဘူးတန်းတင် ဖို့ ဝါးလုံး၁လုံး၂ခြမ်းခွဲ) ရေပုံး ၂ ပုံး ( water cycle လည်ဖို့ သုံးရန်) PVC ပိုက် 10 ပေ _ ၄လုံး ( ရေသွယ်ဖို့နဲ့ ရေစုဖို့) ဆီပိုက် (၈မီလီမီတာ) _ ၄၀ပေ ( ရေချ နှင့် ရေပြန်စူရန်) ၁လက်မ ပိုက်ပိတ် _ ၂ခု PVC ပိုက်အထိန်းကွင်း _ ၆ခု အဖိုရစ် - ၁ခု အမရစ်- ၁ခု ဖွင်ပိတ်ရေဘား_ ၁ခု ၁လက်မ ပိုက်ဆက်(ဒဲ့) _ ၂ခု အစက်ချခေါင်း _ ၁၄ ခု ( ရေ တစက်ချင်းကျဖို့) ၃လက်မသံ _ ၂၀ ကျပ်သား ၂လက်မသံ _ ၃၀ ကျပ်သား ၄လက်မသံ _ ၂၀ ကျပ်သား သံနန်းကြိုး (16ဂိတ် ) _ ၂၀ ကျပ်သား သံနန်းကြိုး ( ၁၈ ဂိတ်) _ ၇၅ ကျပ်သား ဆင်ကော် _2 ဗူး credit -Khin Mar Htwe

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။