အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,367
လွန်ခဲ့သော ၆ နှစ် က · ချမ်းမြသာစည်

EM လုပ်ထားတယ်ဆရာတို့။ ဆန်ဆေးရည်အချဉ်ဖောက်၊ နွားနို့နဲ့ရော၊ နွားနို့အချဉ်ပေါက်လာတဲ့အခါ တင်လဲရည်ထပ်ရော... အဲလို...

EM လုပ်ထားတယ်ဆရာတို့။ ဆန်ဆေးရည်အချဉ်ဖောက်၊ နွားနို့နဲ့ရော၊ နွားနို့အချဉ်ပေါက်လာတဲ့အခါ တင်လဲရည်ထပ်ရော... အဲလိုနည်းနဲ့လုပ်ထားတာ အခုတစ်လခွဲလောက်ရပြီဆိုတော့ သုံးကြည့်မလို့။ အပင်ကို နေ့တိုင်း တစ်ရက်တစ်ခါဖြန်းလို့ရလား? ရက်ခြားရက်ခြားနဲ့ဖြန်းပြီး ကြားရက်မှာ ရိုးရိုးရေပဲပေးရမှာလားခင်ဗျ?

အပင်အာဟာရ ဆလပ်
5

ဖြေကြားချက် ၅ ခု

270,769 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ပါ။ အီးအမ် 1အဆင့်ပါ။ သူက အသင့်သုံးအီးအမ်ထက်တော့ပြင်းမယ်။ ရေအများရီးရောပြီးတော့ဖျန်းလို့ရပါတယ်။

4,367 လွန်ခဲ့သော ၆ နှစ် က

ဒီအတိုင်းဖျော်ထားတာပါ

270,769 လွန်ခဲ့သော ၆ နှစ် က

အီးအမ်အပြင်းဖျော်ထားတာနဲ့တူတယ်နော်အစ်ကို။ အီးအမ်းအပြင်းကို အသင့်သုံးအီးအမ်၊ အီးအမ်၅ စတဲ့ပုံစံထပ်ဖျော်ပြီးမှ အသုံးပြုရပါတယ်ရှင့်။ အသင့်သုံးအီးအမ်းတို့ကိုမှ ဆေးတစ်ဆ ရေအဆ ၁၀၀၀ ရောပြီး အပင်တွေမှာဖြန်းကြပါတယ်။ အပင်စိုက်ပျိုးပြီး ၂ ပတ်မှ စပြီးတစ်ပတ်ခြားစီ ဖျန်းပေးနိုင်ပါတယ် ။ အသင့်သုံးအီးအမ်ဖျော်စပ်နည်းကို အပေါ်က ကို Zaw Win ပြောပြထားတဲ့အတိုင်းဖျော်လို့ရပါတယ်ရှင့်။

4,367 လွန်ခဲ့သော ၆ နှစ် က

နေ့တိုင်းသုံးလို့ရလားသိချင်လို့ပါ

233 လွန်ခဲ့သော ၆ နှစ် က

EM EFFECTIVE-MICRO-OR-GANISMS ကိုအတိုကောက်ခေါ်တာပါ။ဇီဝပိုးလေးမျိုးပါဝင်ပါတယ်။EM မူရင်းဖျော်ရည်ကိုတင်လဲရည်သို့မဟုတ်ထန်းလျက်ရည်နဲ့ဖျော်စပ်ရပါတယ်။ငါးရက်မှခုနှစ်ရက်ကျော်လျှင်စတင်အသုံးပြုလို့ရပါပြီ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။