အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,161
လွန်ခဲ့သော ၆ နှစ် က · ရွှေဘို

ဆရာဦးအေးနိုင်ခင်ဗျာ ပဲတီစိမ်းပင်တွေမှာ မှိုရောဂါကျရောက်နေပါတယ် ဘယ်လိုကာကွယ်ဖြေရှင်းရမလဲမသိလို့ အကြံပြုပေးပါ...

ဆရာဦးအေးနိုင်ခင်ဗျာ ပဲတီစိမ်းပင်တွေမှာ မှိုရောဂါကျရောက်နေပါတယ် ဘယ်လိုကာကွယ်ဖြေရှင်းရမလဲမသိလို့ အကြံပြုပေးပါအုံးခမျာ

6

ဖြေကြားချက် ၆ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

အပင်ကိုလှုပ်ကြည့်ပါ.အဖြူရောင်အကောင်လေးတွေ/ ဥတွေ တွေ့တယ်ဆိုရင် အဲဒါယင်ဖြူတွေပါ.ယင်ကောင်လောက်မကြီးပါ။ယင်ဖြူကစုပ်စားပိုးဖြစ်ပြီးသူစုပ်စားတဲ့နေရာမှာမှိုရောဂါ.ဗိုင်းရပ်စ်ရောဂါကျတတ်ပါတယ်။ဒီရောဂါကျရောက်ရင် ပျောက်အောင်ပြုလုပ်၍မရပါ။အပင်ကိုနှုတ်မီးရှို့ပစ်ပါ...ပေါင်းမြက်ရှင်းပေးပါ။မျိုးစေ့ဆောင်ရောဂါမဟုတ်ပါ။ရောဂါရပင်ကြွင်းပင်ကျန်မှပိုးနဲ့ရောဂါကနောက်ရာသီမှာကျတတ်တာမို့ ထယ်ရေးထွန်ရေးညက်အောင်လုပ်ပါ။ရောဂါဒါဏ်ခံနိုင်တဲ့မျိုးရွေးချယ်စိုက်ပျိုးပါ။တမာဆေးကိုကြိုတင်ဖျန်းပေးခြင်းဖြင့်ကာကွယ်ပါ။

2,446 လွန်ခဲ့သော ၆ နှစ် က

ဆရာဦးအောင်ခင်ဗျာရက် ၃၅ရက်သားမှာ ရွက်ဝါအရမ်းကျနေလိုအကြံပြုပေးပါအုံးခင်ဘာဆေးပတ်တင့်လည်းအလင်းပြပေးပါဆရာ

116 လွန်ခဲ့သော ၆ နှစ် က
1,161 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ပါဆရာ ကျေးဇူးပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

မှိုကျနေတာသေချာတယ်ဆိုရင် မှိုသတ်ဆေးတစ်မျိုးမျိုးနဲ့ဖျန်းပေးပါ။၃..၅ရက်ခန့်အကြာမှာ ပုလဲ+လက်ချား ရွက်ဖျန်းအားဆေးဖျန်းပေးပါ။သီးကင်းဝင်ချန်အထိ အနည်းဆုံး ၂ကြိမ်ဖျန်းပေးသင့်ပါတယ်။

1,161 လွန်ခဲ့သော ၆ နှစ် က

ပဲတီစိမ်းတွေက သီးကင်းပွင့်ကင်း ဖြိုင်ဖြိုင်ထနေပါပြီ ပုလဲနှင့် လက်ချား ဖြန်းလို့ ရပါသေးသလား ဒါပေမယ့် မှိုတော့ကျနေတယ်ဆရာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။