ဖြေကြားချက် ၂ ခု
ဆယ်ငါးရက်နှင့် ရက်နှစ်ဆယ်ကြားမှာတစ်ကြိမ်၊သုံးဆယ်ငါးရက်နှင့်လေးဆယ်ကြားတစ်ကြိမ် ထည့်သွင်းရပါ့မယ်။အောက်ခံမြေဩဇာကို ဆယ်ငါးရက်အမြစ်ထွက်နုန်းနှင့် တွက်ချက်ချိန်ဆရပါ့မယ်။
(၄) မြေသြဇာကျွေးခြင်း စိုက်ပျိုးရေးတွင် အရေးပါသည့် မြေချဉ်ငန်ဓာတ် pH ကို မေ့မထားသင့်ပါ။ မြေချဉ်ငန်ဓာတ် လျော့ကျနေခြင်း၊ သို့မဟုတ် များနေခြင်း ရှိမရှိ စစ်ဆေးပါ။ အကောင်းဆုံးမှာ pH 6-7 ဝန်းကျင်ဖြစ်ပါသည်။ (မြေချဉ်ငန်အကြောင်း အပြည့် အစုံဖတ်ရန် နှိပ်ပါ။) မြေချဉ်ငန်ဓာတ်ကို သဘာဝမြေသြဇာများများထည့်၍ အကောင်းဆုံးအနေအထားကို ထိန်းထားပါ။ အပင်အဟာရ ပြည့်စုံလုံလောက်နေပါက ရောဂါပိုးမွှားကျရောက်မှု နည်းပါးသည့်အတွက် ဓာတုဆေးလွတ် စိုက်ပျိုးလိုသူများအတွက် အထောက်အကူ များစွာ ပြုပါသည်။ သခွားအတွက် အကောင်းဆုံး ရွက်ဖြန်းအားဆေးမှာ ဘူး၊ ဖရုံမျိုးနွယ် အရွက်များဖြင့် ပြုလုပ်ထားသော အချဉ်ဖောက်ထားသော အရွက်ရည် ဖြစ်ပါသည်။ (ဓာတ်တု ဆေးသုံးစွဲလိုသူများအတွက်) သခွားသည် လျင်မြန်စွာကြီးထားပြီး အသီးစားသော အပင်ဖြစ်၍ နွားချေးမြေဆွေးများနှင့် ဓါတ်မြေသြဇာ အစုံ (N, P, K) ကိုကျွေးရသည်။ ဘောင်များပြုပြင် ချိန်တွင် နွားချေးနှင့်ဓာတ်မြေသြဇာ (P, K) တို့ကို ထည့်ပေး ပါ။ အပင်များပေါက်လာပြီး (၂) ပတ်အကြာတွင် ပုလဲဓါတ်မြေသြဇာလ္ဘက်ရည်ဇွန်း (၂) ဇွန်းကိုရေ (၄) ဂါလံနှင့် ဖျော်၍ နှစ်ပတ်တစ်ကြိမ်လောင်းပေးပါ။ အစိမ်းရောင်လမ်းတွင်တင်ထားသော ဆောင်းပါးမှကောက်နုတ်ဖော်ပြပါသည်။
ဆက်စပ်မေးခွန်းများ
သခွားသီးဟာ ဘာ့ကြောင့်ခါးပါသလဲ ဆရာ မခါးအောင် ဘယ်လိုလုပ်ပေးရမလဲ
ဖြေကြားချက် 1 ခု
အသီးအားနည်နေတယ်အဖိုပွင့်များနေတယ်အပင်လည်ဝါလာတယ်အသီလည်ချောက်တယ်ဘာဆေးသုံးရမလည်ပြောပေပါခဗျာ
ဖြေကြားချက် 2 ခု
ကျွန်တော်သခွားပင်မှာအသီးအားနည်နေတယ်အဖိုပွင်တွေများနေတယ်အပင်လည်အဝါဖောက်လာတယ်အသီးလည်ချောက်နေတယ်ဘာဆေးများသုံရမလည်...
ဖြေကြားချက် 2 ခု
ကောက်ပဲသီနှံမပါ တခြားသက်သီဝလံနှင့်ဟင်းသီဟင်းရွက်လူကြိုက်များဘာသီနှံစိုက်ရင်မိသားစုဝင်ငွေအဆင်ပြေမလဲ ဘာစိုက်ရမလဲ
ဖြေကြားချက် 3 ခု
သခွား
ဖြေကြားချက် 0 ခု