ဘူးပင်လေးတွေလှလာပြီဗျအသီးအပွင့်တင်အောင်နဲ့မြေဩဇာကျွေးနည်းလေးပြောပြကျပါဦး
ဟုပ်ကဲ့ကျေးဇူးပါအကိုတို့ရေ
တစ်တွင်းနှပင်လောက်ဆို အပင်မကြပ်တော့ဘူး။ပြီး နွာချီး တီစူပါထည့်ကြွေး၊
၈။ အပင်ပြုစုစောင့်ရှောက်ခြင်း ဘူးပင်ကလေးများ တစ်လသားခန့်ရှိ လျှင်ပေါင်းမြက်များကို ရှင်းလင်းပေးရန် လိုပါသည်။ ဘူးပင် အညွှန့် စင်ပေါ်ရောက်ပါက အညွှန့် ဖြတ်တောက်ပေးပါ။ သို့မှသာ အညွှန့်များ စင်ပေါ် ဖြာတက်ပြီး အသီးများ ပိုသီးပါမည်။ ဘူးသည် ကြားပေါင်းလိုက်ခြင်းနှင့် မြေဆီသြဇာ ကျွေးခြင်းကို ကောင်းစွာ တုံ့ပြန်၍ ကြီးထွားဖြစ်ထွန်းနိုင်သော ဟင်းသီးဟင်းရွက် အမျိုးအစားဖြစ်ပြီး ကြက်ဟင်းခါးနှင့် ကျောက်ဖရုံ စိုက်ပျိုးရာတွင်လည်း ဘူးစိုက်ပျိုးနည်း အတိုင်း စိုက်နိုင်သည်။ အပင်မှ နွယ်နှာမောင်းများ စတင်၍ တွယ်လိပ်တက်သည်နှင့် အပင်၏ အညွှန့်များထိုးထိုးထောင်ထောင် တက်လာသည်။ ၎င်းအချိန်တွင်ပေါင်းလိုက်၊ မြေဖို့၍မြေသြဇာ ကျွေးရန် အကောင်းဆုံး အချိန်ဖြစ်သည်။ မြေဖို့ခြင်းကို မိုးရာသီတွင် ပြုလုပ်သင့်သည်။ (က)ခေါင်နှိမ်ခြင်း အပင်ကို ကိုင်းဖြတ်ခြင်း၊ ခေါင်နှိမ်ခြင်းနှင့် လိုရာပုံသွင်းခြင်း အပင်ကို ကိုင်းဖြတ်ခြင်း ဆိုသည်မှာ များပြားလှသော အတက်များမှ ထွက်လာသော ကိုင်းများကို လိုအပ်သလောက်သာ ထားခြင်းဖြစ်ပြီး လိုရာပုံသွင်းခြင်းဆိုသည်မှာ အပင်များကို မိမိလိုအပ်သည့်၊ ဖြစ်စေချင်သည့် ပုံစံ၊ နေရာ၊ အမြင့်သို့ရောက်စေရန် ဖြစ်သင့်သည့် အကိုင်းဖြတ်ခြင်း၊ ခြွေသင့်သည့် အဖူးကို ခြွေခြင်းကို ဆိုလိုသည်။ အပင်၏ နွယ်နှာမောင်းများကို အပင် တွယ်တက်ရန် ဝါးတန်းများဖြင့် တန်းသွယ်ပေးပါက အပင်၏ အမြစ်ကို နေရောင်နှင့် ထိတွေ့မှု များအောင် ပြုလုပ်ပေးနိုင်သည်။ အပင်၏ ဘေးဖူးများကို နွယ်ကိုင်း တကိုင်းတွင် လေးဖူးမှ ငါးဖူးသာ ထားရှိသင့်သည်။ အပင်၏ ထိပ်ဖူးများကို နွယ်ကိုင်းများ မြင့်မြင့် မရောက်ခင် အချိန်ထိ ခေါင်နှိမ် ထားသင့်သည်။ လိုချင်သော အမြင့်ကိုရောက်မှ သာလျှင် ဘေးဖူးများကို ထိပ်ဖူး အနေဖြင့် ထားသင့်ပါသည်။ အပင်ခြေ၌ ရှိသော အရွက်ဝါများကို ဖယ်ထုတ်ပစ်သင့်ပါသည်။ ၆။ မြေဩဇာကျွေးခြင်း ဘူးတစ်ဧကလျှင် နွားချေး (သို့) သစ်ဆွေးမြေဩဇာလှည်း (၂၀- ၂၅)စီး အထိ လိုအပ်ပြီး၊ ဓာတ်မြေဩဇာ တစ်ဧကလျှင် ယူရီးယား ၁၂ ပိဿနှင့် တီစူပါ ၁၅ ပိဿလိုပါသည်။ စိုက်ဘောင်များ ပြုလုပ်ရာတွင် ဓာတ်မြေဩဇာနှင့် မြေဆွေးများကို သမအောင်ရောနှောပေးရမည်။ တီစူပါ ဓာတ်မြေဩဇာကို ပထမ အကြိမ် ၁၂ ပိဿနှင့် ယူရီးယားမြေဩဇာ ၆ ပိဿကို စိုက်ဘောင် ပြုလုပ်စဉ် ထည့်ပေးပြီး နောက်ကျန် ၆ပိဿကို ဘူးပင် ပန်းစပွင့်ချိန်တွင် ထည့်ပေးရန်ဖြစ်ပါသည်။ အစိမ်းရောင်လမ်းမှာတင်ထားတဲ့ဆောင်းပါးတွေထဲက ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဘူးပင်အဆစ်နေရာကအဲဒီလိုဖြစ်တာဘယ်လိုလုပ်ရမလဲခင်ဗျာဝါသနာရှင်ပါကျေးဇူးပြု၍
ဖြေကြားချက် 4 ခု
ကျွဲခေိးဖြင့်အပင်စိုက်လို့ရသလား
ဖြေကြားချက် 1 ခု
ဘူး စိုက်ပျိုးနည်းသိချင်ပါတယ်မျှဝေကြပါ
ဖြေကြားချက် 1 ခု
ဘူးကိုအခုလစိုက်လိုရလာစျေးကွက်မိလာဗျ
ဖြေကြားချက် 2 ခု
ဗူးပင်ကသီးကင်းလေးတွေပုပ်ကုန်တယ်ဘာကြောင့်ပါလဲဘယ်လိုလုပ်ရမလဲ
ဖြေကြားချက် 0 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။