အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,649
လွန်ခဲ့သော ၆ နှစ် က · မြောင်

ဆိတ်တွေ ဆီးချုပ် ဝမ်းချုပ်ရောဂါ ဟာ ဆိတ်မွေးမြူရေးမှာ တော်တော်များများ တွေ့ရပါတယ် အဓိက အချက်တွေထဲက အချက်တချက်က...

ဆိတ်တွေ ဆီးချုပ် ဝမ်းချုပ်ရောဂါ ဟာ ဆိတ်မွေးမြူရေးမှာ တော်တော်များများ တွေ့ရပါတယ် အဓိက အချက်တွေထဲက အချက်တချက်ကတော့ ဆိတ်တွေအတွက် အလွယ်တကူ သောက်နိုင်ရန် သောက်ရေ သန့်သန့် ကို ထားရှိပေးရန် ပျက်ကွက်မှုကြောင့်လို့ ဆိုနိုင်ပါတယ် ဆိတ်တွေဟာ အစားအစာ စားတဲ့အခါမှာ အစာခြောက်ကိုသာစားလေ့ရှိပါတယ် အစာအစိုကို စားတာနည်းပါးပါတယ် (ချွင်းချက် အရွက်များ စားတာကိုမဆိုလိုပါ အရွက်မျာကို ပုံမှန်စားသော်လည်း ရေစိုနေသောအရွက်များကို စားလေ့မရှိပါ အလေ့အကျင့်လုပ်ထားသော ဆိတ်အနည်းအကျင်းတော့ စားတာရှိနိုင်ပာတယ်) ဆိတ်တွေရဲ့ ဘူမိနက်သန်လို့ပြောလို့ရတဲ့ ဒေသတွေက ပူပြင်းခြောက်သွေ့တဲ့ဒေသ တွေဖြစ်တဲ့အတွက် အစာခြောက်ကို စားလေ့စားထရှိကြတာဖြစ်ပါတယ် အစာခြောက်ကိုစားပြီး ရေကိုအလွယ်တကူ မသောက်နိုင်တာကစပြီး ဆီးချုပ် ဝမ်းချုပ်ဖြစ်လာပါတယ် ဆိတ်တွေဟာ အစာစားတဲ့အခါမှာဖြစ်ဖြစ် ရေသောက်တဲ့အခါမှာဖြစ်ဖြစ် သန့်ရှင်းမှုကိုနှစ်သက်ကြပါတယ် အစာစားတဲ့အခါမှာ အစာခွက်ထဲကဖြစ်ဖြစ် အရွက်စားတဲ့အခါဖြစ်ဖြစ် အောက်ကျတဲ့အစာကို စားလေ့စားထမရှိပါဘူး အလားတူ ရေထဲမှာ အမှိုက်ကျတာဖြစ်ဖြစ် ဆိတ်အမွေးတွေကျနေတာဖြစ်ဖြစ် သောက်လေ့မရှိပါဘူး အဲ့ဒါကြောင့် ဆိတ်သောက်ရေကို သန့်ရှင်းပြီး အလွယ်တကူသောက်နိုင်အောင် စီစဉ်ပေးသင့်ပါတယ် ဆိတ်မွေးမြူသူတွေရဲ့ ဆိတ်ခြံတော်တော်များများကို ရောက်လို့ ကြည့်လိုက်ရင် ဆိတ်သောက်ရေကို အဆင်သင့်သောက်နိုင်ဘို့ ဇလားနဲ့ထည့်ထားတာ အိုး ခွက်နဲ့ထည့်ထားတာကို မြင်ရတာ နည်းသလို သန့်ရှင်းအောင်ထားပေးတာလဲ နည်းပါတယ် ဆိတ်သောက်ရေကို မနက်တကြိမ် နေ့လည်တကြိမ် ညနေတကြိမ် လဲလှယ်ဆေးကြောပြီး အသစ်ပြန်ထည့်ပေးသင့်ပါတယ် မိမိရဲ့ဆိတ်တွေ ဆီးသွားသလား ဝမ်းသွားသလား ဆိုတာကိုလဲ အမြဲမပြတ် ကြည့်ရှူ့သင့်ပါတယ် ဆီးချုပ် ဝမ်းချုပ်ဖြစ်ပြီဆိုရင်တော့ ဆပ်ပြာ (သို့)ဆပ်ပြာရေကို ဆိတ်ရဲ့ ဖင်အတွင်းပိုင်ရောက်အောင် ထည့်ပေးပြီး ဝမ်းချူ နိုင်ပါတယ် အဲ့လိုဝမ်းချူတဲ့အခါမှာ ဆိတ်ရဲ့ မစင်တွေဟာ ဖင်အတွင်းပိုင်းအဝမှာ စမြင်းတုံးအဖြစ် ခံပြီးပိတ်နေတတ်ပါတယ် အဲ့ဒီ့စမြင်းတုံးတွေကို ကုန်စင်သည်အထိ နှိုက်ထုတ်ပေးပြီးမှသာ ဆပ်ပြာ /ဆပ်ပြာရေကို ထည့်ပေးသင့်ပါတယ် ဆီးချူတာကတော့ ကြက်သွန်နီ ကို အခွံမခွာဘဲ ထက်ခြမ်းခွဲပြီး ဆိတ်ရဲ့တန်ဆာကို ပွတ်ပေးရပါမယ် ၃မိနစ်ခန့် ပွတ်ပေးပြီး ခဏစောင့်ကြည့်တာနဲ့ ဆီးသွားတာကို တွေ့မြင်ရပါမယ် အခုလို ဆီးချူ ဝမ်းချူတာက ချက်ချင်းအဆင်ပြေအောင် ဆောင်ရွက်ရတာဖြစ်ပြီး ပြီးရင်တော့ ဆိတ်ကိုရေသောက်နိုင်အောင် ရေသောက်ဖြစ်အောင် နည်းလမ်းမျိုးစုံသုံးပြီး ရေများများသောက်ဖြစ်အောင် စဉ်းစားဆောင်ရွက်ပေးမှသာ သက်သာပျောက်ကင်းမှာဖြစ်ပါတယ် ဘယ်ရောဂါဖြစ်ဖြစ် မဖြစ်တာကောင်းသလို မဖြစ်အောင်လဲ ကြိုတင်ကာကွယ် ဆောင်ရွက်သင့်ပါကြောင်း အကြံပြုအပ်ပါတယ်

ကျန်းမာရေး ဆိတ်
Post image
2

ဖြေကြားချက် ၂ ခု

116 လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးခင်ဗျာ

270,769 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါ။ အသုံးတည့်ပါတယ်ရှင့်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။