အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
754
လွန်ခဲ့သော ၆ နှစ် က · မြောင်းမြ

သံပုရာပင်ကိုင်းကူးစိုက်ထားပါတယ် အမြန်သီးအောင်ဘာတွေလုပ်ပေးရမလဲ သိလိုပါတယ်

အပင်အာဟာရ သံပုရာ
Post image
8

ဖြေကြားချက် ၈ ခု

754 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ သီးနေတဲ့အပင်ကြီးကိုအမြစ်ထုတ်စည်းထားတာပါ ဖြေကြားပေးသူအားလုံးကိုကျေးဇှုးတင်ပါတယ်ခင်ဗျာ

79,224 လွန်ခဲ့သော ၆ နှစ် က

ဒီအိုးက မြေကြပ်နေတယ်လို့မြင်ပါတယ်ရှင့် ဒီထက်ကြယ်တဲ့ အိုးကိုပြောင်းကြည့်ပါလားအစ်ကို မြန်မြန်သီးချင်ရင်တော့ သေချာပြုစုပေးဖို့လိုပါတယ် ကိုင်းကူးပင်ဆိုရင်တောင် ၂ နှစ်နေမှသီးတတ်ပါတယ်။ သံပုရာပင်တွေ အသီးတင်ဖို့ ဘာတွေလုပ်ဖို့လိုလဲ? ဒီဆောင်းပါးလေး တစ်ချက်ဖတ်ကြည့်ပါရှင့်။ ပြုစုဖို့နည်းတွေပါပါတယ် ။ ကိုင်းချိုင်မှလည်း အညွန့်သစ်အတက်သစ်ထွက်နိုင်တာမို့ သေချာလေ့လာပြီးပြုစုရင် အသီးမြန်မြန်ရနိုင်ပါတယ်ရှင့် ။ အဆင်ပြေပါစေ

639 လွန်ခဲ့သော ၆ နှစ် က

ပညာပေးတာအားနည်းသလိုလိုဖြည့်ပေးပါ

15,966 လွန်ခဲ့သော ၆ နှစ် က

၁နှစ်သားမှသီးမှာပါ

15,966 လွန်ခဲ့သော ၆ နှစ် က

ကိုတင့်လွင်ရယ်ဖြေး၂လုပ်ပါ။ဘယ်တုန်းကစိုက်တာလဲ

100,154 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲ့ တောင်းပန်ပါတယ်ရှင့် အရေးအသားလွဲသွားလို့ပါ ဆိုလိုတာက သံပရာပင်တွေကြိုက်တဲ့ မြေသြဇာမျိုးကို ပြောချင်တာပါ သံပရာက နိုက်ထရိုဂျင်ကိုအရမ်းကြိုက်ပါတယ် အဲ့တော့ နိုက်ထရိုဂျင်များတဲ့ မြေသြဇာတွေ ကျွေးရင် လုံလောက်ပါတယ် ထပ်ကျွေးချင်သေးရင်တော့ အနည်းလိုအာဟာရဓာတ်တွေ ဖြစ်တဲ့ မက်ဂနီဆီယမ်တို့ ကော့ပါးတို့ အိုင်းရွန်းတို့ပါတဲ့ မြေသြဇာတွေ ရှာဖွေပြီးကျွေးနိုင်ပါတယ် ပြီးတော့ acidic fetilizer တွေလည်း ကျွေးနိုင်တယ်လို့ သိရပါတယ်ရှင့်

754 လွန်ခဲ့သော ၆ နှစ် က

သံပုရာမျိုးနွယ်အတိက်သီးသန့်ထုတ်တဲ့မြေသြဇာနံမည်လေးကျေးှဇှုးပြုပြီးပြောပြါလားခင်ဗျား

100,154 လွန်ခဲ့သော ၆ နှစ် က

အဓိက က နေရောင်ကောင်းစွာရတဲ့နေရာမှာထားပါ သံပရာက အရိပ်ရတာမကြိုက်ပါဘူး အေးလွန်းတာလည်းမကြိုက်ပါဘူး ပြီးတော့ နိုက်ထရိုဂျင်အချိုးများတဲ့မြေသြဇာတွေ ကျွေးပေးပါ ရေကိုပုံမှန်သွင်းပေးပါ အပင်ကြီးလာရင်တော့ တစ်ပတ်တစ်ခါလောက် သွင်းပေးပါ ရေကြိုက်ပါတယ် ပြီးတော့ သံပရာမျိုးနွယ်ဝင်တွေကြိုက်တဲ့ မြေသြဇာတွေလည်းရှိပါတယ် ကျွေးပေးပါ ဒီအချက်တွေစုံမှ သံပရာက ပန်းများများပွင့်နိုင်ပါတယ် ပန်းပွင့်မှ အသီးသီးမှာပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။