အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,954
လွန်ခဲ့သော ၆ နှစ် က · သာပေါင်း

စိုက်ပျိုးပြုစုပုံအဆင့်ဆင့် ရိတ်သိမ်းပုံ ။သက်တမ်း။စိုက်ပျိုးရာသီလပြောပြပါ။

စိုက်ပျိုး ဗဟုသုတ ပဲယင်း
4

ဖြေကြားချက် ၄ ခု

117 လွန်ခဲ့သော ၆ နှစ် က

ပဲခူးတိုင်းအနောက်ခြမ်းမှာပဲယင်းမျိုးဘယ်မှာဝယ်လို့ပါသလဲစျေးနှုန်းလေးကအစဖြေကြားပေးပါ

270,769 လွန်ခဲ့သော ၆ နှစ် က

လှေးပိုးသတိထားပါ။ ဆေးဖျန်းရင် ပန်းမပွင့်ခင်မှာ မနက်ခင်းရော ညနေခင်းရောဖျန်းလို့ရပါတယ်။ ပန်းပွင့်ချိန်ကပ်ရင် ညနေပိုင်းလုံးဝမဖျန်းပါနဲ့

270,769 လွန်ခဲ့သော ၆ နှစ် က

ပဲယဉ်းသည်ဆောင်းသီးနှံဖြစ်၍ မိုးအထူးမလိုအပ်ဘဲ ဖြစ်ထွန်းအောင်မြင်နိုင်ပါသည်။ မြစ်ချောင်း ကမ်းပါးမြေနိမ့်ပိုင်းများတွင် မြေအစိုဓါတ်ကို အားပြု၍စိုက်သော သီးနှံဖြစ်ပါသည်။ မိုးများခြင်းကို မကြိုက် နှစ်သက်ပါ။ ပန်းပွင့်ချိန် မိုးများစွာ ရွာသွန်းလျှင် ပဲအထွက်ဆုတ်တတ်ပါသည်။ ပဲယဉ်းကို မြစ်ချောင်းရေများကျဆင်းသွားချိန် နှန်းတင်မြေနုများနှင့် မြေနိမ့်ပိုင်းများတွင်စိုက်ပျိုး နိုင်သဖြင့် စက်တင်ဘာလ၊ အောက်တိုဘာလများတွင် စိုက်ပျိုးကြပါသည်။ ပဲယဉ်းကိုစိုက်ပျိုးပြီး (၃) လကျော် (၄) လခန့်အကြာတွင် (ရက်ပေါင်း ၉ဝ မှ ၁၂ဝ အတွင်း) ဆွတ်ခူးရိတ်သိမ်းကြသဖြင့် ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလအစောပိုင်းတွင် ရိတ်သိမ်းကြ ပါသည်။ နောက်မိုးရွာမှု ဆက်သောနှစ်များတွင် ပဲယဉ်းရိတ်သိမ်းချိန်နောက်ကျတတ်ပါသည်။ နောက်မိုးစောစော ပြတ်သောနှစ်များတွင်မူ ရိတ်သိမ်းချိန်စောတတ်ပါသည်။ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း မှ တင်ထားသည်ကို ကိုးကား၍ဖော်ပြပါသည်။

639 လွန်ခဲ့သော ၆ နှစ် က

ထုံးဘိုရိတ်သိမ်းလွန်သင်တန်းကျောင်းသွားတက်ပါအပြည့်စုံသိပါလိမ့်မည်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။