ဖြေကြားချက် ၂ ခု
Food magazine ကတင်ထားတာပါ။ လေ့လာကြည့်ပါ။ ညီအစ်ကိုမောင်နှမတွေ ဗဟုသုတရဖို့အတွက် မဆလာအကြောင်းလေး ပြောပြချင်ပါတယ်။ မဆလာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အိန္ဒိယလူမျိုးတွေ စတင်သုံးစွဲလာခဲ့တာပါ။ ယခုဆိုလျှင် အာရှတိုက် ဟင်းတော်တော်များများမှာ မဆလာပါမှ ပိုမွှေးပြီး စားလို့ကောင်းနေသလိုပဲ။ မဆလာမှာပါတဲ့ ပစ္စည်းတွေကလည်း ဆေးဘက်ဝင်ဆိုတော့ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပါတယ်။ ယခုမဆလာထဲမှာ အခြေခံအကျဆုံးလည်းဖြစ် လူသုံးအများဆုံးလည်းဖြစ်တဲ့ Garam Masala အကြောင်းလေးပြောချင်ပါတယ်။ Garam ရဲ့အဓိပ္ပာယ်ကတော့ ပူပူပြင်းပြင်းလို့ အဓိပ္ပာယ်ရပါတယ်။ အသားငါးတွေ၊ အသီးအရွက်တွေ အားလုံးခြုံပြီး သုံးလို့ရပါတယ်။ ပါဝင်ပစ္စည်းလေးတွေကတော့ အောက်ပါအတိုင်းပါ။ ဒါတွေအား လုံး သမအောင် ရောမွှေလိုက်လျှင်ရပါပြီ။ Garam Masala Bay Leaf Powder (သစ်ကြံပိုး) – ၂၀ ဂရမ် Fennel Powder (စမုန်စပါး) – ၅၀ ဂရမ် Star Anise Powder (ကရဝေး) – ၁၀ ဂရမ် Cardamon Powder (ဇီရာ) – ၅၀ ဂရမ် Pepper Powder (နံနံစေ့) – ၂၀ ဂရမ် Cinnamon Powder (ဖာလာ) – ၁၀ ဂရမ် Black pepper powder (ငရုတ်ကောင်း) – ၁၀ ဂရမ် Clove powder (လေးညှင်း) – ၁၀ ဂရမ် Nutmeg powder (ဇာတိပ္ဖိုလ်) – ၁၀ ဂရမ် Fenugreek powder (ပဲနံ့သာ) – ၅၀ ဂရမ် နောက်တစ်ခုကတော့ Biryani Masala ကိုလေ့လာကြရအောင်။ သူ့ကိုတော့ ဒံပေါက်မဆလာလို့လည်း ခေါ်ပါတယ်။ ဒံပေါက်အတွက် ကြက်သား၊ ဆိတ်သား၊ ကြက်သည်းမြစ် စတဲ့အသားတွေအတွက်သာမက အာလူး၊ ခရမ်းသီးအပြင် အခြား အသီး အရွက်တွေအတွက်လည်းသုံးပါတယ်။ ပါဝင်ပစ္စည်းတွေကိုတော့ အသေ အချာကြိတ်ပြီး ရောမွှေလိုက်ရင်ရပါပြီ။ Biryani Masala Bay Leaf Powder (ကရဝေး) – ၅ ဂရမ် Fennel Powder (စမုန်စပါး) – ၂၀ ဂရမ် Star Anise Powder (နာနတ်ပွင့်) – ၂၀ ဂရမ် Cardamon Powder (ဖာလာ) – ၅ ဂရမ် Pepper Powder (ငရုတ်ကောင်း) – ၁၀ ဂရမ် Cinnamon Powder (သစ်ကြံပိုး) – ၁၅ ဂရမ် Clove Powder (လေးညှင်း) – ၁၀ ဂရမ် Coriander Powder (နံနံစေ့) – ၂၀ ဂရမ် Mace Powder (ဇာတိပ္ဖိုလ်ပွင့်) – ၅ ဂရမ် Cumin Powder (ဇီရာ) – ၂၀ ဂရမ် Dry Ginger Powder (ချင်း) – ၅ ဂရမ် Dry Onion Powder (ကြက်သွန်နီ) – ၅ ဂရမ် Dry Garlic Power (ကြက်သွန်ဖြူ) – ၅ ဂရမ် နောက်တစ်မျိုးကတော့ တရုတ်မဆလာလို့ခေါ်တဲ့ Five Spice powder အကြောင်း လေးလေ့လာကြည့်ရအောင်။ မဆလာကို တရုတ်တွေကလည်း ဖန်တီးစားသုံးကြတာ တွေ့ရပါတယ်။ တရုတ်မဆလာကို အသားငါးတွေထဲမှာ အနံ့သက်ကောင်းအောင်ဆိုပြီး သုံးကြတာပါ။ ခေါက်ဆွဲကြော်၊ ကြာဆံကြော်စတဲ့ အကြော်တွေမှာလည်း သုံးကြပါတယ်။ အသားတွေကို Marinade အရသာသွင်းတဲ့အခါ သုံးလိုက်ရင် တကယ်ပဲ ရနံ့ကောင်းသွားပြီး ပုံမှန်ထက်ပိုပြီး ကြာကြာခံတာပေါ့။ ကဲပါဝင်ပစ္စည်းတွေ လေ့လာကြည့်ကြရ အောင် ပါဝင်ပစ္စည်းတွေကတော့ အရမ်းမများပါဘူး။ Five Spice powder ဆိုတဲ့အတိုင်း ၅ မျိုးတည်းပါ။ သူ့ကိုလည်း အသေချာလေး ကြိတ်ပြီးရောသမမွှေလိုက်လျှင် ရပါပြီ။ ive Spice powder Cinnamon powder (သစ်ကြံပိုး) – ၅၀ ဂရမ် Clove powder (လေးညှင်း) – ၃၀ ဂရမ် Fennel Seed power (စမုန်စပါး) – ၁၀ဝ ဂရမ် Star Anise powder (နာနတ်ပွင့်) – ၅၀ ဂရမ် Szechuan pepper power (ဇီချွမ်ငရုတ်ကောင်း) – ၃၀ ဂရမ်
မဆလာက အပင်ရာယ်လို့မဟုတ်ပါဘူး။ ကရဝေး သစ်ကြံပိုး စတဲ့ ပါဝင်ပစ္စည်းအများရီးနဲ့ ဖော်စပ် စားသုံးကြတာပါ။ လုပ်နည်းလေးကိုလည်း လေ့လာလို့ရအောင် Food magazine မှာတင်ထားတာကို ဖော်ပြလိုက်ပါတယ်။
ဆက်စပ်မေးခွန်းများ
ငရုတ်ကောင်း မျိုးကွဲများအကြောင်း သိချင်လို့ပါ
ဖြေကြားချက် 1 ခု
ပဟေဠိ အဖြေကို ဖြေချင်တာ အကြံပြုပါ စာပို့တာ မရဖြစ်နေလို့ ကူညီပါ
ဖြေကြားချက် 3 ခု
ငရုပ်ကောင်းကိုကွန်ကရစ်တိုင်မှာစိုက်လို့ရပါခင်ဗျာ
ဖြေကြားချက် 3 ခု
ငရုပ်ပင်တွေ ဝါပြီးအသီးတွေပုတ်နေလို့ ဘာဆေးဖြန်းရမလဲ စိုက်ပျိုးရေးဆရာတို့
ဖြေကြားချက် 4 ခု
ငရုပ်ပင်တွေ ဝါပြီး အသီးပုတ်နေလို့ ဘယ်လိုလုပ် ဘာဆေးဖြန်းရမှာလဲ စိုက်ပျိုးရေးဆရာတို့
ဖြေကြားချက် 1 ခု