အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Saw

U Saw

တောင်သူ · တွံတေး

1,923
လွန်ခဲ့သော ၃ နှစ် က

ပဲခူးတိုင်းဦးစီးမှူး ထောက်ခံချက်နဲ့ဆို ရနိုင်ပါတယ်။ ခင်ရာ ဆွေမျိုး ဆိုတဲ့ မြန်မာစကားလေးကို အသုံးချပါဗျို့။ အောင်မြင်ပါစေဗျ 🙏💖

စိုက်သိပ္ပံကျောင်းတွေက အသက်၂၂နှစ်ထိပဲလက်ခံပါတယ်တဲ့ ၂၂ထက်ကြီးသူများလက်မခံပါဘူးတဲ့၊ လျှောက်လွှာတင်မရဘူးဖစ်နေတယ်ဗျ။

သင်ကြားရေးနှင့် အထွေထွေတိုးတက်ရေး
လွန်ခဲ့သော ၃ နှစ် က

အရင် ပိန်းစိုက်ဖူးပြီးသား အခင်းလားဗျ? ဒီ ရာသီမှ ဖြစ်တာလား?

ပိန်းက အဲ့လိုဆိုရွားနေလို့ပါ ဆရာကြီးတို့ခင်ဗျာ

လွန်ခဲ့သော ၃ နှစ် က

နွားချေး နဲ့ ဖွဲပြာ က သဲထက် နှစ်ဆ ပါနေတာကို ရေနေ့တိုင်းလောင်းတော့ ပျိုးပင် ရေနာ ခါးရိ ဖြစ်တာပါ။ ရေ ကို ပျိုးခွက်ထဲအပေါ်ယံမြေခြောက်တာမြင်မှ လိုသလို လောင်းပါဗျ

ခရမ်းချဥ်ကို သဲ၊နွားချေး၊ဖွဲပြာ နဲ့ပျိုးထားတာပါ ဘာလို့ ခါးရိေရာဂါကျတာလဲခင်ဗျ ဘယ်လိုပျိုးပြီး၊ဘယ်လိုကာကွယ်ရမလဲခင်ဗျ

ခရမ်းချဉ်ခါးရိရောဂါ
လွန်ခဲ့သော ၃ နှစ် က

မိုးရာသီမှ ဘူးပင် မစိုက်ရင် နွေ နဲ့ ဆောင်း မှာ ရေလောင်းပြီး စိုက်ချင်လို့လားဗျ 😁

အခုလိုမိုးရာသီမှာဘူးပင်စိုက်ပျိုးလို့ရလားဗျ??

လွန်ခဲ့သော ၃ နှစ် က

ထိသေ စားသေ ဆေးထက် ပင်လုံးပျံ့ ဆေးလည်း တလှည့်ဖြန်းသင့်တယ်ဗျ။ စိုက်ခင်းဘေးပါတ်လည် ပေါင်းမြက်အမှိုက်တွေ ရှိရင် ရှင်းပေးပါ။

မြေပဲခင်း၅၄ရက်သားရှိသွားပါပီ ပိုးသတ်ဆေးဖြန်းတာ၃ကြိမ်ရှိပါပီဗျ ဆေးဖြနိးပီး၅ရက်လောက်ကတော့ပိုးကျတာသက်သာပါတယ် ရက်ကြာရင်ပိုဆိုးလာလို့ပါခင်ဗျ ဘလိုဆက်လုပ်ရမလဲလမ်းညွှန်ပါအုံးခင်ဗျ

ပိုးသတ်ဆေးအေအိုင်များ
လွန်ခဲ့သော ၃ နှစ် က

အထုပ်ရဲ့ နောက်ကျောဖက်က စာတွေကို ထင်းအောင် ဓါတ်ပုံရိုက်ပို့ပါဗျ

ဒီဆေး ရေနဲ့ရောစပ် နည်းလေးသိချင်လို့ပါ

လွန်ခဲ့သော ၃ နှစ် က

စင်တစင်တည်း ရပေမယ့် အသီးများ လာရင် စင်က ပုံထဲကထက် ပိုခိုင်ဖို့ လိုပါမယ်ဗျ

ဘူးပင်နဲ့ကျောက်ဖရုံပင်ကိုစင်တစ်စင်ထဲအတူပေးတက်လို့ရလားဗျ

လွန်ခဲ့သော ၃ နှစ် က

နံနံပင် (မြန်မာ/ တရုတ်) ၊ ပူဒီနာ ၊ ပင်စိမ်း လို နေ့စဉ် အရောင်းသွက်တဲ့ အမယ်တွေကို ကြက်ချေးဆွေး ဖွဲပြာစတာ သဲဆန်မြေထဲ ရောထည့် စိုက်ရင် ငွေပေါ်လည်း မြန်ပါတယ်

သဲဆန်တဲ့မြေမှာ ဘယ်လိုဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးရင် ဖြစ်ထွန်းမလဲခင်ဗျ ပခုက္ကူဘက်ကပါ

လွန်ခဲ့သော ၃ နှစ် က

ရှိနေတုန်းပဲ ဆိုတာ ဆေးဖြန်းပြီး ဘယ်နှစ်ရက်အထိ ရှိနေတာလဲဗျ? စိုက်ခင်းဆီ သူတို့ လာပြီး နောက်မှ ဆေးအာနိသင်ကြောင့် လျှောသွားတာမျိုးကိုလည်း မြင်အောင်ကြည့်ပါဗျ။ ရက်နဲ့ တွက်ပြီး စောင်ါကြည့် လေ့လာပါဗျ

ဝါပင်တွေမှာ ဆေးဖြန်းထားတာကို ဖြုတ်စိမ်း၊ယင်ဖြူတွေ ရှိေနတုန်းဘဲခင်ဗျ ဘယ်လိုနှိမ်နင်းရမလဲဗျ ေဆးကတော့ em5၊အလန်း ၃ရက်ခြား တစ်လှည့်စီ ဖြန်းပါတယ်

လွန်ခဲ့သော ၃ နှစ် က

မြေဇာမြက် အပင် တွေ ပန်းမပွင့်မီ အမြစ်တွေ အားလုံးမြေလှန်ထယ်ထိုးပြီး လက်နဲ့ ကောက်ရှင်းပစ်ရပါတယ်။ ထယ်ထိုး မြေလှန် အမြစ်ကောက်ပြီးကာမှ ဧရိယာ မကျယ်ရင် ဆားကြမ်းပက်ကျဲထားပြီး ရှင်းရပါတယ်

မြေစာပင်မြက်တေကို မျိုးတုံးေအာင် ဘယ်လိုရှင်းရမလဲဗျ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။