အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၃ နှစ် က · ကြံခင်း

မြေပဲခင်း၅၄ရက်သားရှိသွားပါပီ ပိုးသတ်ဆေးဖြန်းတာ၃ကြိမ်ရှိပါပီဗျ ဆေးဖြနိးပီး၅ရက်လောက်ကတော့ပိုးကျတာသက်သာပါတယ် ရက်...

မြေပဲခင်း၅၄ရက်သားရှိသွားပါပီ ပိုးသတ်ဆေးဖြန်းတာ၃ကြိမ်ရှိပါပီဗျ ဆေးဖြနိးပီး၅ရက်လောက်ကတော့ပိုးကျတာသက်သာပါတယ် ရက်ကြာရင်ပိုဆိုးလာလို့ပါခင်ဗျ ဘလိုဆက်လုပ်ရမလဲလမ်းညွှန်ပါအုံးခင်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၅၄ ရက်
ပိုးမွှားရောဂါ မြေပဲ ပိုးသတ်ဆေးအေအိုင်များ
Post image
Post image
Post image
Post image
Post image
+၁

ဖြေကြားချက် ၃ ခု

1,923 လွန်ခဲ့သော ၃ နှစ် က

ထိသေ စားသေ ဆေးထက် ပင်လုံးပျံ့ ဆေးလည်း တလှည့်ဖြန်းသင့်တယ်ဗျ။ စိုက်ခင်းဘေးပါတ်လည် ပေါင်းမြက်အမှိုက်တွေ ရှိရင် ရှင်းပေးပါ။

7,220 လွန်ခဲ့သော ၃ နှစ် က

ဆေးAIကတော့မှန်ပါတယ်ဒါပေမဲ့၃ကြိမ်လုံးဒီဆေးဆိုရင်တော့မှားပါတယ်ဖျက်ပိုးကဆေးဒဏ်ခံနိုင်သွားပါတယ်ဆေးဖျန်းကြိမ်လည်းများပါတယ်ညကိုမီးထောင်ချောက်ထွန်းပေးပါကရိုရမ်ထန်နီလီပရိုးchlorantraniliproleစျေးကွက်မှာပရီဗာသွန်/ဒူးပွန့်အမည်နဲ့ရှိပါတယ်မနက်စောစောဖျန်းရပါမယ်ညနေမဖျန်းရပါနေရောင်နဲ့ပြိုကွဲတဲ့ဆေးမို့ပါ

အတည်ပြုပြီး 1,116,061 လွန်ခဲ့သော ၃ နှစ် က

အီမာမက်တင်ai​တွေ ထပ်ထပ်ဖျန်းတယ်ထင်တယ်။ ​ဆေးအုပ်စု​ပြောင်းဖျန်းပါ။ Bt, chlorantraniliprole,..သိုင်အိုဒီကပ်+လမ်ဘဒါ..စသဖြင့်..တမျိုးမျိုး.ဖျန်းပါ။စွဲကပ်​ဆေးထည့်ပါ။ည​နေချိန်ဖျန်းပါ။အား​ဆေးမ​ရောပါနဲ့။အပင်​ခြေထိ​ရောက်​အောင်ဖျန်းပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။