ကျော်ရဲဇော်
တောင်သူ · ကျောက်ဆည်
မှိုဆေးဖျန်းရမှာ ဒေါမြီးကွက်ရောဂါ
ဘာရောဂါဖြစ်တာလဲ ဘာဆေးဖျန်းရမလဲ သချင်လို့ပါ
မြေချဥ်နေရင် ငံနေရင် ထုံးထည့်ပေးရတယ် ချဥ်ငန်ကိန်းတိုင်းတဲ့စက်နဲ့တိုင်းမှ ph ပမာဏသိရမှာ ph 7 က သမမြေ အကောင်းဆုံးပဲ မြေချဥ်နေရင် နိုက်ထရိုဂျင် တအားမသုံးနဲ့ တီစူပါနဲ့ပိုတက် များများသုံးပါ ဂျက်ဆန်က အဲ့ဒိ အဟာရတွေ အပင်စားနိုင်အောင်လုပ်ပေးတာ စပါးအတွက်ဆိုရင် p များနဲ့ kများများသုံး Nက သဘာဝအရ သူ့အလိုလိုဖြစ်ပီးသား မိုးရွာရင် ရေတင်ရင် Nဓါတ်ကပါလာပီးသား Nသုံးမယ်ဆိုလည်း ချင့်ချိန်အသုံးပြု့ပါ Nအသုံးများရင် အပင်တွေ ပိုးမွှားပိုကျရောက်တက်တယ်။
အပင်တွေအာဟာရကမြေချဥ်ငံကိန်းနဲ့ဆက်စပ်နေပါသလား ဆက်စပ်ပုံလေးကိုပြောပြပေးစေချင်ပါတတယ် ဥပမာ ချဥ်ဥံကိန်းအမှတ်လျော့နေယင် ဘယ်ဓာမြေသြဇာမကျွေးသင့်ကျွေးသင့် အပင်တွေရဲ့အာဟာရကမြေကြီးကရတာမဟုတ်ပါလား ဥပမာလယ်တစ်ဧကမာ npkဘယ်လောက်ရှိသင့်ပါသလည်း စပါးအတွက် အနည်းလိုအပင်အာဟာရတွေဘယ်လိုကျွေးရပါလည်းခင်ဗျာ NPKကေျွးထားယင်ဘဲ အဆင်ပြေပါသလား
စပါး ၁၀၀ တင်း 33.30 ထွက်
ကျွန်တော့အသက်က၂၃နှစ်ပါကျွန်တော်ပိုက်ဆံစုပြီးစပါးဝယ်မို့လုပ်နေပါတယ် မြို့ထဲကဆိုတော့စပါးနဲ့ပတ်သက်ပြီးဘာမှတော့မသိသေးပါဘူးစပါးတင်း၁၀၀ဝယ်ပြီး ဆန်ကြိတ်ရင်အိတ်ဘယ်လောက်ရလဲဗျ အမြတ်ကကောဘယ်လိုမြတ်တာလဲသိချင်လို့ဗျ
ဆပ်ပြာမှုန့်နဲ့ ငါးပုတ်ရည် ရော်ဖြန်းပါ ဖြန်းတဲ့အခါ အဖူးအကင်းကိုမထိရပါဘူး နံဘေးက အရွက်နဲ့ ပင်စည်ကိုပဲဖြန်းပေးရပါမယ် အပင်အောက်ကို တစ်ပတ်တစ်ခါ မီးခိုးမှိုင်းတိုက်ရင် ပိုးထိရောက်တယ်
ဆရာခင်ဗျာအရင်နှစ်တွေက သရက်ပင်ကတစ်ပင်းလုံးပွင့်ပြီး အပွင့်တွေကခြောက်ကုန်တာမဲပြီးတော့ အခုနှစ်အတွက်ထက်မဖြစ်အောင်ဘယ်လိုမျိုးကြိုတင်ကာကွယ်ရမလဲခင်ဗျ
ထယ်ရေးနက်ရင်လဲမြေချဥ်ပေါက်တယ် ထယ်ပါးပါးကိုင်ပါနော် ၁ ဧက ၁၀ အိပ် ၁၅အိပ်လောက် သုံး
လယ်ထဲကိုယ် ထုံးထည့်ချင်ပါတယ် ဘယ်လိုထည့်ရမလဲဗျ နှစ်တိုင်းထည့်ရလား ၁ ဧက.ကိုယ်ဘယ်လောက်ထည့်ရမလဲဗျ မိုးစပါးစိုက်ဖို့ပြင်ဆင်မလို့ပါ
ရေများနေလို့ ရေလျော့ထားပါ နေပူရေပူမိလို့ ကတွက်ကို အထက်ဝင်အောက်ထွက် လုပ်ပေးလိုက်ပါ
မြေဆီလွှာရောဂါလား အပင်ရောဂါလား ပိုးကြောင့်လား
ရပါတယ် အငွေ့မပျံ့အောင် ကော်ပုံနဲ့ထည့်ထားပါ
ureaကိုရေဖျော်ပြီးကြာကြာသိုလှောင်ထားလို့ရလား
ဒိုင်သိမ်းနဲ့လူးနယ် မိုရယ်မုန်းလဲရပါတယ်
အစိမ်းရောင်လမ်းမှ ဆရာဒို့ဦးလေးခင်ဗျ။မြေပဲစိုက်မှာပါခင်ဗျ။ဆရာရဲ့မျိုးစေ့လူးနယ်ဆေးအကြောင်းဖတ်လိုက်ရတယ်ခင်ဗျ။မြေပဲစိုက်မှာမို့ သုံးချင်ပါတယ်။မိုရယ်မုန်းကို လူးနယ်ဆေးသုံးရင်ရလားခင်ဗျ။ကြက်သွန်ခင်းမှာ(4.1.2023)ကတော့ (ဗင်ဇိုကာ) ဖြန်းထားပါတယ်။(6.1.23)မှာစိုက်မှာပါခင်ဗျ မြေပဲက။(ဗင်ဇိုကာ)သုံးတာမကြာသေးတော့ မိုရယ်မုန်းတစ်မျိုးပဲ လူးနယ်ဆေးသုံးရမလားခင်ဗျ။တောရွာမှာဆိုတော့ ဆေးက ရွေးစရာသိပ်မရှိလို့ပါခင်ဗျ။ဆေးတံဆိပ်အစွဲတော့မရှိပါခင်ဗျ။မှိုဆေးတွဲရင်တော့ ရီဗိုက်၊ယူနတီ၊အိမ်ဂျယ်၊ဆင်နာဂျီ တို့တော့ရပါတယ်ခင်ဗျာ။စိုက်ပျိုးမည့် မျိုးစေ့ဘယ်နှုန်ထားဆို ဆေးဘယ်လောက်သုံးသင့်ပါလဲခင်ဗျ။ခုေဆးစိမ်ခုစိုက်လို့ရလားခင်ဗျ။အားဆေးနဲ့မှိုဆေးတွဲသုံးရင်ရော ရလားခင်ဗျ။ကျေးဇူးပြုပေးပါအုံးခင်ဗျာ။
ဒေါင်းမီးကွက်ရောဂါ ကျူပရိုမက်စ် သုံးကြည့်
ရောဂါအမည် နှင့် ကုသရမည့်ဆေး အမည် သိပါရစေရှင်
မြန်မာ့မြေပေါ်မှာ စိုက်ပျိုးနေတဲ့ ပဲအမျိုးမျိုးဟာ ဆောင်းရာသီသီးနှံပါ အခြားရာသီမှာ မဖြစ်ဘူးမဟုတ်ဘူး ဖြစ်တော့ဖြစ်တယ် မပီပြင်ဘူး အခုရာသီက ဆောင်းဆိုပေသည့် နေ့ဘက်အပူချိန်သိပ်ပြင်းတယ် ညအချိန်ဆိုလဲ နှင်းခါးကျလေတော့ အပင်အလုပ်မလုပ်ဘူး အကောင်းဆုံးကတော့ ၁၅ ရက် တစ်ပါတ် ရေပါးပါးလေးသွင်းပေးပါ
ပဲတီစိမ်း တွေ မြေစန်းကိုင်သလိုဖြစ်နေတယ်ဗျ ဘယ်လိုလုပ်ရမလဲဗျ ပဲအပင်တွေမထဘူး ၂၆ရက်သားမြေဆွေးနွားချေး ပုလဲ ကျောက်မူ့ရောထည့်ထားတယ် ပဲပင်အသက် ၂၆ရက်သား