အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၃ နှစ် က · ရေတာရှည်

ဆရာခင်ဗျာအရင်နှစ်တွေက သရက်ပင်ကတစ်ပင်းလုံးပွင့်ပြီး အပွင့်တွေကခြောက်ကုန်တာမဲပြီးတော့ အခုနှစ်အတွက်ထက်မဖြစ်အောင်...

ဆရာခင်ဗျာအရင်နှစ်တွေက သရက်ပင်ကတစ်ပင်းလုံးပွင့်ပြီး အပွင့်တွေကခြောက်ကုန်တာမဲပြီးတော့ အခုနှစ်အတွက်ထက်မဖြစ်အောင်ဘယ်လိုမျိုးကြိုတင်ကာကွယ်ရမလဲခင်ဗျ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁၁ နှစ်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အပွင့်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာ
ပိုးမွှားရောဂါ သရက်

ဖြေကြားချက် ၄ ခု

116 လွန်ခဲ့သော ၃ နှစ် က

ဟုတျကဲ့ပါ ဆရာ

2,861 လွန်ခဲ့သော ၃ နှစ် က

ဆပ်ပြာမှုန့်နဲ့ ငါးပုတ်ရည် ရော်ဖြန်းပါ ဖြန်းတဲ့အခါ အဖူးအကင်းကိုမထိရပါဘူး နံဘေးက အရွက်နဲ့ ပင်စည်ကိုပဲဖြန်းပေးရပါမယ် အပင်အောက်ကို တစ်ပတ်တစ်ခါ မီးခိုးမှိုင်းတိုက်ရင် ပိုးထိရောက်တယ်

အတည်ပြုပြီး 167,504 လွန်ခဲ့သော ၃ နှစ် က

သရက်တွင်အဓိကဖျက်ဆီးတတ်သော စုပ်စားပိုးဖြစ်သည်။ နွေရာသီ မိုးရာသီတွင် ဖျက်ဆီးမှုပိုများပြီး ဆောင်းတွင်ကျရောက်မှု သက်သာ သည်။ သရက်ပင်၏ နူးညံ့သော အစိတ်အပိုင်းမှန်သမျှ ကျရောက် ပြီး သစ်ရည်ကိုစုပ်စားသည်။ ပန်းခိုင်များတွင်ကျရောက်ပါက အပွင့်၊ အသီးမ်ား မတင်နိုင်ဘဲ ပျက်စီးစေသည်။ စေးကပ်သောအချိုရည်ကို မစင်အဖြစ်စွန့်၍ ယင်းမစင်ကြောင့် နောက်ဆက်တွဲ ရောဂါအဖြစ် အမည်းရောင် ကျပ်ခိုးမှိုရောဂါဖြစ်စေသည်။ ကာကွယ်နှိမ်နင်းနည်း စပါးခြံ၊ ဖွဲစသည်တို့ဖြင့် မီးခိုးမှိုင်း တိုက်ပါ။ ကြက်သွန်နီ ဥပုပ်များပင်စည်တွင် ချိတ်ဆွဲပါကလည်း ဖြုတ်ပိုးကျျရောက်မှုကို သက်သာစေသည်။ သုံးစွဲနိူင်သောဆေး Pymetrozine + Nitenpyram

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၃ နှစ် က

ဖြုတ်​တွေကျလို့ပါ။ ဒီနှစ် အဖူးစဖူးပြီဆိုတာနဲ့.. အဆီတာမိပရစ်(အဆက်-20) သို့မဟုတ် သိုင်ယာမိသိုဇင် ကို ကြိုဖျန်းပါ။ အပွင့်​ဝင်​နေစဥ် မဖျန်းရပါဘူး။ အကယ်၍ မဖြစ်မ​နေ ဖျန်းရရင်လည်း အီးစီး​ဖော်မြူလာ​ဆေးအုပ်စု ​ရှောင်ပါ။ ည​နေချိန်ဖျန်းပါ။ ​လေအားပြင်းပြင်းနဲ့ ပိုက်ထိုးဖျန်းခြင်း ​ရှောင်ပါ။ အဲဒါ​တွေ အ​ရေးကြီးပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

သရက်ပင်အတွက် အားဆေးနှင့် ပိုးသတ်ဆေးရောဖြန်းလို့ရလားဗျ။ သိသူများ ပြန်လည်ဝေမျှပေးပါအုံးဗျ။ ကျေးဇူးတင်ပါတယ်

ဖြေကြားချက် 4 ခု

သရက်ပင်လေးတွေ ရွက်နုထွက်ပြီးသိပ်မကြာဘူး အရင်းနားကနေတစ်ရွက်မကျန်ပြတ်ကျနေလို့ ဘာပိုးအမျိုးအစားလဲခင်ဗျ။ ဘယ်လို...

ဖြေကြားချက် 2 ခု

ဘာဖြစ်တာလဲဗျ၊ ဘယ်လိုပြုပြင်လို့ရလဲ ဆရာတို့....

ဖြေကြားချက် 4 ခု

သရက်ပင် အရွက်အသစ်နဲ့ ထွတ်ပြီးသား အရင်အရွက်တွေလဲ တွန့်လိပ် နေတာ ဘယ်လိုလုပ်ရမလဲခဗျ ခူကောင်တွေတော့ကျဘူးတယ် အရွက်အ...

ဖြေကြားချက် 4 ခု

သရက်ပင်အတွက် မှိုဆေး နှင့် ပိုးသတ်ဆေးရောဖြန်းလို့ရလားဗျ။ သိသူများ ပြန်လည်ဝေမျှပေးပါအုံးဗျ။ ကျေးဇူးတင်ပါတယ်

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။