ထိုင်းဘေးကြား၊ထိုင်းရွှေဝါ နွေစပါးတိုက်ရိုက်ကြဲခင်း ၂၅ရက်သား ယူရီးယားတစ်ဧက ၅၅ပေါင် အိတ်ဝက်နှုန်း မြေဆွေးနှင့်...
ထိုင်းဘေးကြား၊ထိုင်းရွှေဝါ နွေစပါးတိုက်ရိုက်ကြဲခင်း ၂၅ရက်သား ယူရီးယားတစ်ဧက ၅၅ပေါင် အိတ်ဝက်နှုန်း မြေဆွေးနှင့်တစ်ညနှပ်ကြဲ ငါးအမိုင်နိုဖျန်းပါတယ်၊ ထွန်ယက်ချိန်မြေခံအဖြစ် ဘိုကာရှီ၁၅တင်း၊ တီစူပါ ပေါ်တက်ရှ် ၃ဧက တစ်အိတ်နှုန်းမြေခံ၍ မျိုးစပါး ပြီ၂၀ ဆားရည်စိမ်ကြဲပက် ခဲ့ပါတယ်၊ ပုလဲစျေးကြီးမြင့်ပါသဖြင့် ၁၄ရက်သား၂၀ ရက်သားမှာတော့ အာမိုစပါးအထူး N P K.နှင့် ငါးအမိုင်နို ၁ကြိမ်စီ ဖျန်း၍ပုလဲတစ်ကြိမ်လျော့၊ ၄၅ရက်သားမှာပုလဲတစ်ဧကပေါင်၆၀၊၆၀ရက်မှာပေါင်၆၀၊ အသုံးပြု၍ မှို့ကပ်ချိန် K. အချိုးအများပါသော အာမိုစပါးအထူးကိုဖျန်း၍၊ ဓာတု၃မျိုးတစ်ဧက၂အိတ်နှုန်းလျော့ချလိုက်ပါမယ်၊ ပြီးခဲ့သောနှစ်အထွက်နှုန်း ၁၃၂ တင်း၊ ယခုနှစ်ခန့်မှန်းတင်း၁၁၀တင်း၊ ဖျာပုံမြို့နယ်။