အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,104
လွန်ခဲ့သော ၇ နှစ် က

ရှောက်ပင်လေးတွေအပျော်တမ်းစိုက်ထားတာ ပုံထဲကအတိုင်းဖြစ်နေလို့အပင်မတက်တော့ဘူး။ဘာဆေးဖြန်းရမလဲအကြံပေးပါ ခင်ဗျား။

ပိုးမွှားရောဂါ ရှောက်
Post image
Post image
4

ဖြေကြားချက် ၄ ခု

1,104 လွန်ခဲ့သော ၇ နှစ် က

ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက်ကျေးဇူးပါ။

2,787 လွန်ခဲ့သော ၇ နှစ် က

ဒီရွက်ထွင်းပိုးက ကျရောက်လေ့ရှိတဲ့ပိုးပါပဲ။ ပိုးမကျခင် ကြိုတင်ပြီး ပင်လုံးပြန့် ပိုးသတ်ဆေး ဖျန်းထားရပါမယ်။ ရွက်ထွင်းပိုးကျမှ ဆိုရင် ထိန်းချုပ်ရတာခက်ခဲပါတယ်။ ပိုးက အရွက်ထဲမှာ ရှိနေတဲ့အတွက် ဆေးနဲ့ တိုက်ရိုက်ထိဖို့ ခက်ခဲပ့တယ်။ ဒါပေမယ့်လဲ ထိသေပိုးသတ်ဆေးလည်း ဖျန်းဖို့လိုပါမယ်။ အရွယ်ရောက်ကောင်တွေ သေအောင်လို့ပါ။ ပိုးရှိတဲ့ အရွက်ရင့်တွေ သုတ်သင်မီးရှို့လို့ ရပါတယ်။ အကောင်ရေမပွားအောင်နဲ့ လျော့ချဖို့ပါ။ ရေအလွန်အကျွံ မလောင်းပါနဲ့။ မြေဩဇာကို ပိုးကျချိန်တွေမှာ မကြွေးပါနဲ့။ ပိုးသတ်ဆေးကို ဆိုင်မှာမေးဝယ်ပြီး အညွှန်းပါအတိုင်း လိုက်နာအသုံးပြုပါ။ အောင်မြင်ပါစေဗျာ။

1,104 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးပါ။ဖြန်းကြည့်ပါ့မယ်ခင်ဗျား။

44,928 လွန်ခဲ့သော ၇ နှစ် က

Leaf minerလို့ခေါ်တဲ့ရှောက်ရွက်ထွင်းပိုးပါ။အကောင်းဆုံးဆေးaiတွေကတော့အစီတာမန်ပရစ်။အဘာမက်တင် ပနိုပီနိုဖော့တို့ကိုအလှည့်ကျဖြန်းပေးပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။