ဖြေကြားချက် ၂ ခု
@Saw Samson မတ်ပဲစိုက်ခင်းတွင် မှိုဆေးဖျန်းပြီးနောက် ပဲပင်မှ ဆေးအာနိသင်ကို ကောင်းစွာစုပ်ယူနိုင်ရန်နှင့် ဆေးနှစ်မျိုးဓာတ်ပြု၍ ပဲပင်အရွက်လောင်ခြင်းမှ ကာကွယ်ရန်အတွက် အနည်းဆုံး ၃ ရက်မှ ၅ ရက်အထိ ခြားပြီးမှသာ အားဆေး (ရွက်ဖျန်းမြေသြဇာ) ကို ဖျန်းသင့်ပါတယ်ခင်ဗျာ။ ပိုးသတ်ဆေးဖျန်းရမည့် အကြိမ်ရေမှာ စိုက်ခင်းအခြေအနေပေါ် မူတည်ပြီး ပိုးမွှားကြိုတင်ကာကွယ်ရန်အတွက်ဆိုလျှင် ၁၀ ရက်မှ ၁၄ ရက် (၂ ပတ်) လျှင် တစ်ကြိမ်၊ ပိုးမွှားအမှန်တကယ် ကျရောက်ဖျက်ဆီးနေပါက ၇ ရက်မှ ၁၀ ရက်လျှင် တစ်ကြိမ် နှုန်းဖြင့် စိုက်ခင်းကို ပုံမှန်စစ်ဆေးပြီး စနစ်တကျ ခွဲခြားပက်ဖျန်းပေးရပါမယ်။ ဆေးဖျန်းရာတွင်လည်း ပဲပင်ဆေးဒဏ်မနာစေရန် နေပူချိန်ကိုရှောင်၍ နံနက်စောစော သို့မဟုတ် ညနေ နေအေးချိန်တွင် ဖျန်းပေးရန် လိုအပ်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
မှိုသတ်ဆေးဖျန်းပြီး ၅ ရက်လောက် ခြားပြီးမှ အားဆေးဖျန်းပေးပါ။ ပိုးသတ်ဆေးက ဘယ်နှစ်ရက်ခြား တစ်ကြိမ်ဖျန်းတာထက် စိုက်ခင်းမျာ ပိုးကျရောက်တဲ့အခြေအနေကို စောင့်ကြည့်ပြီးမှ ကျရောက်တဲ့ပိုးပေါ်မူပြီး သင့်တော်တဲ့ဆေးကို ရွေးချယ်ရတာမျိုး ဖြစ်ပါတယ်ဗျ။ ပိုးစတွေ့လာတော့မှ ပိုးဓာတ်ပုံနဲ့တကွ အစိမ်းရောင်လမ်းမှာ ပြန်မေးပေးပါဗျ။
ဆက်စပ်မေးခွန်းများ
တမာ ပိုးသတ်ဆေး ဖြန်းပြီး လေးရက်လောက်မှာ potassium humic ရယ် ငါးအမိုင်နိုရယ် LABရယ် ရောဖြန်းလို့ ရလား သိချင်ပါ...
ဖြေကြားချက် 1 ခု
ကလိုဖနပြာ7%ME နဲ့ အီမာမက်တင်ဘန်ဇိုရိတ်5%WPရေားစပ်ပက်ဖျန်ချင်ပါတယ်အဆင်ပြေနိုင်ရဲ့လား မတ်ပဲပွင့်ထွေးအတွက်ပါ
ဖြေကြားချက် 1 ခု
မင်္ဂလာပါဆရာများ အမ်အီးဖေါ်မြူလာအကြောင်းရှင်းပြပေးပါ ဥပမာ 20%ME ဆိုတာရေကိုဘယ်လိုပျော်နိုင်သလဲဗျ
ဖြေကြားချက် 1 ခု
ဆာလဖာ၈၀%နဲ့မန်ကိုဇက်မှိုဆေးရောဖျန်းလို့ရလားမတ်ပဲအရွက်လောင်နိုင်လား
ဖြေကြားချက် 2 ခု
ပိုးသတ်ဆေးတို့ အပင်အားဆေးတို့ဖျန်းပြီး ဘယ်အချိန်လောက်မိုးနဲ့လွတ်ရင် ရပါသလဲ
ဖြေကြားချက် 2 ခု