ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏
မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာ၁၀လပိုင်းထဲမှာပြောင်းချိုစိုက်လို့ရပါသလားခင်ဗျာ။
အောက်တိုဘာလပိုင်းတွင် ပြောင်းချိုကို စိုက်ပျိုးနိုင်ပါတယ်။ သို့သော် ဤကာလသည် မိုးနှောင်းပိုင်းဖြစ်၍ မြေအစိုဓာတ်ရှိရန် သို့မဟုတ် ရေသွင်းနိုင်ရန် လိုအပ်ပြီး ရေဝပ်ခြင်းမရှိသော ကိုင်းကျွန်းမြေနှင့် မြေနုကျွန်းများတွင် ပိုမိုဖြစ်ထွန်းနိုင်ပါတယ်။ နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ရောက်ရှိလာမည့် ဆောင်းအအေးဒဏ်ကြောင့် အဖူးမအောင်ခြင်းမှ ကာကွယ်ရန် အောက်တိုဘာလဆန်းပိုင်းအတွင်း အမြန်ဆုံး စိုက်ပျိုးရမည်ဖြစ်ပြီး သက်တမ်းတို၍ အအေးဒဏ်ခံနိုင်သော မျိုးများကို ရွေးချယ်သင့်ပါတယ်။
ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။
စပါးသက်တမ်း ၂ လကျော် (ရက် ၆၀ ကျော်) ရှိချိန်တွင် လက်သဲစောင်း မြက်ကို ဆေးဖျန်းပါက ထိရောက်မှု မရှိနိုင်တော့သလို ဖျန်းရန်လည်း မသင့်တော်ပါဘူး။ ဤအချိန်တွင် ရှိနေသော ပေါင်းပင်များသည် အမြစ်ခိုင်ပြီး သက်တမ်းရင့်နေပြီဖြစ်၍ ဓာတုဆေးဖြင့် မသေနိုင်တော့သည့်အပြင် စပါးပင်သည်လည်း မှို့ကပ်ချိန်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ ပေါင်းသတ်ဆေးဖျန်းပါက စပါးနှံထွက်မှုကို ထိခိုက်ပြီး အထွက်နှုန်း သိသိသာသာ လျော့နည်းသွားနိုင်ပါလိမ့်မယ်။ အကယ်၍မိမိက ဆေးဖျန်းကြည့်ချင်တယ်ဆိုပါက မြက်အုပ်ပေါင်းပင်ငယ်များ နှိမ်နင်းနိုင်သည့် Fenoxaprop (ဖီနောက်ဆာပရော့ဖ်) သို့မဟုတ် Cyhalofop (ဆိုင်ဟာလိုဖော့ဖ်) တစ်မျိုးမျိုးဖျန်းပေးနိုင်ပါတယ်
ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေးပါလားဆရာတို့တချု့အရွက်တွေယင်ဖြူကြောင့်မဲတာပြောင်အောင်ဘယ်လို့လုပ်ရ
ပရိုပီကိုနာဇိုး ဖျန်းရင်၊ကြပ်ခိုးမှိုအမဲတွေပြောင်ပါတယ်။
ဆရာcopperပါတဲ့မှိုဆေးကရောအမံမပြောင်နိုင်ဘူးလားဗျာမဝယ်ရသေးလို့ပါဗျဘယ်ဟာကပိုကောင်း
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
၉၀၉ ခရမ်းချဉ်မျိုးသည် အဆုံးရှိပန်းခိုင်မျိုး (Determinate Type) ဖြစ်သဖြင့် အပင်အမြင့် ၃-၄ ပေဝန်းကျင်တွင် အဖူးအပွင့်များဖြင့် အဆုံးသတ်ကာ တန့် (ထိုင်) သွားခြင်းမှာ သဘာဝပင် ဖြစ်ပါတယ်။ လက်ရှိသက်တမ်း ၃ လတွင် ဂွသီးစတင်ဆွတ်ခူးနေရပြီဖြစ်ရာ ပုံမှန်အားဖြင့် ဤမျိုးသည် စတင်ခူးရချိန်မှစ၍ ၄ ပတ်မှ ၆ ပတ် (၁ လမှ ၁ လခွဲ) မျှသာ သီးပွင့်မှုအားကောင်းကောင်းဖြင့် ဆက်တိုက်ခူးရလေ့ရှိတယ်။ ထို့ကြောင့် စက်တင်ဘာလကုန်တွင် ဂွသီးစခူးရပါက ရှေ့ဆက်၍ အောက်တိုဘာလတစ်လလုံးနှင့် နိုဝင်ဘာလလယ်အထိ ဆက်လက်ဆွတ်ခူးနိုင်ပါလိမ့်မယ်။ လက်ရှိတွင် တစ်ပိဿာ ၃,၅၀၀ ကျပ်ဝန်းကျင် ဈေးကောင်းရနေသော်လည်း မုန်တိုင်းကြောင့် မိုးဆက်တိုက်ရွာသွန်းနေသဖြင့် ရွက်ခြောက်/ပင်စည်ပုပ်မှိုရောဂါ ကာကွယ်ရန် မိုးစဲချိန်၌ မှိုသတ်ဆေးကြိုတင်ဖျန်းခြင်း၊ အသီးမကွဲစေရန် ရေနုတ်မြောင်းဖော်ခြင်းနှင့် အသီးအရွယ်အစားကောင်းမွန်စေရန် ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ ဘိုရွန်ဓာတ်မြေဩဇာ သိူ့မဟုတ် ရွက်ဖျန်းအား ဆေးများ ကျွေးပေးရန် အထူးလိုအပ်ပါတယ်။
ဟုတ်ဆရာကျေးဇူးပါခင်ဗျ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
0:52:34 နဲ့ အနည်းလိုအာဟာရ ဖျန်းပါ။
ဘယ်ဆေးအုပ်စုကိုသုံတာ အကောင်ဆုံဖြစ်မလည်ခင်များ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်
ကျေးဇူးပါ ခဗျာ
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
အရင်ဦးဆုံး ရွှေဟိုင်းမက်ကို အပင်ခြေစိုရွှဲအောင်ဖျန်းပေးပြီးနောက် ၅ရက်အကြာမှာ Azoxystrobin ကို အပင်အပေါ်အပိုင်း တစ်ပင်လုံးနှံ့စပ်အောင်ဖျန်းပေးပါဗျ
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
@Thein Soe Min အဲနည်းနဲ့လည်း လုပ်ထားတယ် ခုက ကျောက်မှုန့် တဆေးတို့ထည့်ပြီး လုပ်ကြည့်ချင်တာပါ AI က ဖြေထားတာတော့ရှိပါတယ် ဆရာတို့လို ပညာရှင်စကားကို အတည်ပြုရယူချင်တာပါ ကျေးဇူးပါဆရာ
ဒီနည်း အသုံးလုပ်မယ်ဆိုရင် ကျောက်မှုန့်မလိုပါဘူးဗျ။ ဓာတ်မြေသြဇာစရိတ် သက်သာစေမည့် အိန္ဒိယနိုင်ငံကျော် "ဂျီဗာမရုသမ်" (Jeevamrutham) ပြုလုပ်အသုံးပြုနည်း ခေါင်းစဉ်ဖတ်ပြီး လိုက်လုပ်ကြည့်ပါဗျ။
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
ဖြေကြားပေးတဲ့ ဆရာများကို။ အထူးပဲကျေးဇူးတင်ပါတယ်ရှင့်။
နှင်းပန်းအဖူးများ ခါးမှပုပ်ပြီး ပုံပျက်သွားရခြင်းမှာ စိုစွတ်ဆွတ်ပြီး လေဝင်လေထွက် ညံ့ဖျင်းသော ပတ်ဝန်းကျင်ကြောင့် ဖြစ်ပွားတတ်သည့် ဘိုထရိုက်တစ် (Botrytis) သို့မဟုတ် ဖိုက်သော်သရာ (Phytophthora) မှိုရောဂါ ကြောင့် ဖြစ်တာပါ။ ရောဂါကို ထိရောက်စွာ ကုသနိုင်ရန်အတွက် ပုပ်နေသော အဖူးနှင့် အရွက်များကို ချက်ချင်း ဖြတ်တောက် ဖျက်ဆီးပစ်ရမည် ဖြစ်ပြီး၊ ကာဗင်ဒါဇင် (Carbendazim) သို့မဟုတ် သိုင်အိုဖနိတ်မီသိုင်း (Thiophanate-methyl) သို့မဟုတ် Azoxystrobin ကဲ့သို့သော ပင်လုံးပျံ့ မှိုသတ်ဆေးတစ်မျိုးမျိုးကို (၅) ရက်မှ (၇) ရက်ခြား တစ်ကြိမ် နှံ့စပ်အောင် ပက်ဖျန်းပေးရပါမယ်။( အရွက်နှင့် အပင်ခြေအထိ သေချာနှံ့စပ်အောင် ပက်ဖျန်းပေးပါ။ ထို့ပြင် အစိုဓာတ်လွန်ကဲမှုကို လျှော့ချရန်အတွက် ရေလောင်းရာတွင် အပင်အပေါ်မှ ပက်မလောင်းဘဲ အပင်ခြေကိုသာ လောင်းပေးရပါမယ်။ ဆေးဖျန်းရာတွင် နေပူရှိန်ပြင်းသော အချိန်ကို ရှောင်ကြဉ်ပြီး ညနေစောင်း သို့မဟုတ် မနက်စောစောတွင် ဖျန်းပေးပါ။ညနေပိုင်း ရေလောင်းခြင်းကို ရှောင်ပါ (ညဘက် အစိုဓာတ်တင်ကျန်ပါက မှိုပွားလွယ်သည်)။ အပင်များကို စိပ်လွန်းစွာ မစိုက်ဘဲ လေဝင်လေထွက် ကောင်းအောင် ဆောင်ရွက်ပေးပါ။ လုံလောက်သော နေရောင်ခြည် ရရှိပါစေ။
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
@သော်ဇင် Trichodermaကိုမျိုးစေ့လူးနယ်ဆေးအဖြစ်အသုံးပြုပြီး ဘယ်နရက်လောက်ခြားပြီးဓာတုဆေးတွေအသုံးပြုလို့ရပါသလဲဆရာ
မတ်ပဲစိုက်ပျိုးရာတွင် ထရိုင်ကိုဒါးမား (Trichoderma) အကျိုးပြုမှိုကို အဆင့်ဆင့် စနစ်တကျ အသုံးပြုခြင်းဖြင့် ပဲပင်ဝါးညှိုးသေခြင်းနှင့် အမြစ်ပုပ်/ပင်စည်ပုပ် ရောဂါများကို ကာကွယ်နိုင်ပါတယ်။ အသုံးပြုရာတွင် မြေပြင်ချိန်၌ သဘာဝမြေဩဇာနှင့်ရော၍ မြေခံထည့်ခြင်း၊ စိုက်ပျိုးခါနီးတွင် မျိုးစေ့လူးနယ်ခြင်းနှင့် အပင်ပေါက်ပြီး သက်တမ်းအလိုက် အပင်ခြေသို့ ရေဖြင့် ရောစပ်ဖျန်းပေးခြင်းဟူ၍ အဆင့်ဆင့် ဆောင်ရွက်လို့ရပါတယ်။ ဤမှိုသည် ရောဂါမှိုများကို ရှာဖွေဖျက်ဆီးရုံသာမက အမြစ်စနစ်ကို အားကောင်းစေကာ ပဲအထွက်နှုန်းကို တိုးတက်စေပါတယ်။ သို့သော် ၎င်းသည် သက်ရှိမှိုဖြစ်၍ ဓာတုမှိုသတ်ဆေးများနှင့် တွဲဖက်သုံးစွဲခြင်းကို လုံးဝရှောင်ကြဉ်ရပါမယ်။
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
ပုံပါ ကျောက်စိမ်းပဒေသာစပါးခင်းသည် နိုက်ထရိုဂျင် (အာဟာရ) ဓာတ် အလွန်အမင်း ချို့တဲ့နေပြီး အရွက်များ ဝါကြန့်နေခြင်း ဖြစ်ပါတယ်။ တောင်သူမေးမြန်းထားသော နွားသေး (နွားကျင်ငယ်ရေ) မှာ နိုက်ထရိုဂျင် ပါဝင်သော်လည်း ယခုကဲ့သို့ အပြင်းအထန် ချို့တဲ့နေချိန်တွင် အရွက်ဖြန်းရုံဖြင့် လုံလောက်သော အာဟာရကို ချက်ချင်းမရနိုင်ပါဘူး။ ထို့ကြောင့် အပင်များ အမြန်ဆုံး ပြန်လည်နာလန်ထူပြီး အစိမ်းရောင်တောက်လာစေရန်အတွက် တစ်ဧကလျှင် ယူရီးယား (ပုလဲ) မြေဩဇာ အိတ်ဝက် (၂၅ ကီလိုဂရမ်ခန့်) ကို မြေအစိုဓာတ်ရှိချိန်တွင် ချက်ချင်း ပက်ကျဲကျွေးရပါမယ်။ ၎င်းအပြင် အာဟာရစုပ်ယူမှု ပိုမိုမြန်ဆန်စေရန် ဇင့်ဆာလဖိတ် သို့မဟုတ် ပုလဲ မကျွေးချင်ပါကအမိုနီယမ်ဆာလဖိတ်ကို တွဲဖက်ကျွေးခြင်းခြင်းဖြင့် အရွက်များ ဝါခြင်းကို အမြန်ဆုံး သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ပုလဲနှင့်ကွန်ပေါင်းမြေဩဇာတစ်မျိုးမျိုးကိုထည့်သွင်းပေးပါခင်ဗျာ၊ အဟာရချို့တံလွန်းရင် နောက်ဆိုမှိုရောဂါကျရောက်ခြင်းပါခံရပါလိမ့်မယ်ခင်ဗျာ၊ အရင်ကဘာမြေဩဇာတွေကျွေးပေးပြီးပြီလဲ၊ နောက်ဆုံးမြေဩဇာကျွေးပြီးတာရောရက်ပေါင်းဘယ်လောက်ကြာပြီလဲခင်ဗျာ
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
ရက်20သားကို၊နွားသေး 2လီတာ/ဆေးတပုံး နုန်းဖျန်းရင်၊အပင်လောင်နိုင်ပါတယ်။ (ရာသီဥတု၊အပူချိန်မြင့်နေတဲ့ကာလ မို့၊ပိုဆိုးနိုင်ပါတယ်) ဆေးတပုံး ၅၀၀စီစီ ဖျန်းရင်သင့်တော်ပါတယ်။
မြေပဲသက်တမ်း ၂၀ ရက်သားတွင် နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝသော နွားကျင်ငယ်ရေကို သဘာဝအားဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ဆေးဖျန်းပုံးတစ်ပုံး (၁၆-၂၀ လီတာ) လျှင် နို့ဆီဘူး ၂ ဘူးမှ ၃ ဘူးခန့် (၂၅၀-၃၅၀ စီစီ) အချိုးအစားဖြင့် ရေနှင့်ရောစပ်၍ ဖျန်းပေးရပါမယ်။ နွားကျင်ငယ်ရေကို တိုက်ရိုက်မသုံးရဘဲ၊ လေလုံသောပုံးထဲတွင် အနည်းဆုံး ၇ ရက်မှ ၁၀ ရက်ခန့် အချဉ်ဖောက် သိုလှောင်ပြီးမှသာ အပေါ်အရည်ကြည်ကို စစ်ယူသုံးစွဲရပါမယ်။ နေပြင်းချိန်တွင် အရွက်လောင်တတ်သဖြင့် မနက်စောစော သို့မဟုတ် ညနေစောင်း နေအေးချိန်တွင်သာ ဖျန်းပေးရမှာပါ။ နှစ်လီတာထည့်ဖျန်းရင်အပင်လောင်မှာပါ။အနည်းဆုံးနို့ဆီဗူး၂ဗူးကစပြီး စမ်းသပ်ဖျန်းကြည့်ရမှာပါ
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
ခရမ်းချဉ်စေ့များသည် ပုံမှန်အားဖြင့် အပင်ပေါက်ရန် အပူချိန်နှင့် စိုထိုင်းဆပေါ်မူတည်၍ ၅ ရက်မှ ၁၀ ရက်အထိ (အခြေအနေမပေးပါက ၁၄ ရက်အထိ) ကြာမြင့်တတ်သဖြင့် လက်ရှိ ၅ ရက်ဆိုသည့်ကာလမှာ စိတ်ပူရန်မလိုသေးဘဲ နောက်ထပ်ရက်အနည်းငယ် ထပ်မံစောင့်ဆိုင်းပေးရပါမယ်။ အပင်ပေါက်နှုန်း ကောင်းမွန်စေရန်အတွက် ပျိုးမြေကို ခြောက်မသွားစေဘဲ အမြဲစိုစွတ်နေအောင် ဂရုစိုက်ပေးရမည်ဖြစ်ပြီး၊ အစေ့ကို အလွန်နက်ရှိုင်းစွာ မြှုပ်နှံမိပါကလည်း အပင်ပေါက်ရန် ကြာမြင့်တတ်သဖြင့် အစေ့အထက်တွင် မြေသား ၀.၅ စင်တီမီတာခန့်သာ ဖုံးအုပ်ထားသင့်ပါတယ်။
မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ
လစ်တမတ် စက္ကူကို အသုံးပြုတိုင်းနည်း။ မုန့်ဖုတ်ဆိုဒါ၊ဗီနီကာ များနှင့် တိုင်းနည်း။ ဂေါ်ဖီထုပ်အနီ ရောင် အရည်ဖြင့် တိုင်းတာ နည်းများ ရှိပါတယ်။
မြေဆီလွှာ၏ pH level (အချဉ်အငန်ဓာတ်) ကို တိုင်းတာရန် စက်မရှိပါက အိမ်သုံးပစ္စည်းများဖြစ်သော ဗာနီဂါရှာလကာရည် (Vinegar) နှင့် မုန့်ဖုတ်ဆိုဒါ (Baking Soda) တို့ကို အသုံးပြု၍ အကြမ်းဖျင်း စမ်းသပ်နိုင်ပါတယ်။ မြေနမူနာထဲသို့ ဗာနီဂါထည့်၍ အမြှုပ်ထလာပါက အယ်လ်ကာလီဓာတ်ကဲသောမြေ (Alkaline) မြေငံဖြစ်ပြီး၊ မုန့်ဖုတ်ဆိုဒါထည့်၍ အမြှုပ်ထလာပါက အချဉ်ဓာတ်ကဲသောမြေ (Acidic) မြေချဉ်ဖြစ်ကာ၊ တစ်ခုမှ အမြှုပ်ထမလာပါက သီးနှံအတွက် အကောင်းဆုံးဖြစ်သော ဓာတ်ပြယ်မြေ (Neutral) ဖြစ်ပါတယ်။
မေးခွန်း
ငွေတိုးစပါးသက်၂လကေျာ်ပီ လက်သဲစောင်းပေါင်းသတ်ဆေးဖျန်းလို့ရသလားခင်ဗျ ေဖြကြားပေးကြပါဦးဆရာများခင်ဗျာ။
စပါးသက်တမ်း ၂ လကျော် (ရက် ၆၀ ကျော်) ရှိချိန်တွင် လက်သဲစောင်း မြက်ကို ဆေးဖျန်းပါက ထိရောက်မှု မရှိနိုင်တော့သလို ဖျန်းရန်လည်း မသင့်တော်ပါဘူး။ ဤအချိန်တွင် ရှိနေသော ပေါင်းပင်များသည် အမြစ်ခိုင်ပြီး သက်တမ်းရင့်နေပြီဖြစ်၍ ဓာတုဆေးဖြင့် မသေနိုင်တော့သည့်အပြင် စပါးပင်သည်လည်း မှို့ကပ်ချိန်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ ပေါင်းသတ်ဆေးဖျန်းပါက စပါးနှံထွက်မှုကို ထိခိုက်ပြီး အထွက်နှုန်း သိသိသာသာ လျော့နည်းသွားနိုင်ပါလိမ့်မယ်။ အကယ်၍မိမိက ဆေးဖျန်းကြည့်ချင်တယ်ဆိုပါက မြက်အုပ်ပေါင်းပင်ငယ်များ နှိမ်နင်းနိုင်သည့် Fenoxaprop (ဖီနောက်ဆာပရော့ဖ်) သို့မဟုတ် Cyhalofop (ဆိုင်ဟာလိုဖော့ဖ်) တစ်မျိုးမျိုးဖျန်းပေးနိုင်ပါတယ်
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။