ဓာတ်မြေသြဇာစရိတ် သက်သာစေမည့် အိန္ဒိယနိုင်ငံကျော် "ဂျီဗာမရုသမ်" (Jeevamrutham) ပြုလုပ်အသုံးပြုနည်း

08/01/2026 11:00 AM တွင် Thein Soe Min Thein Soe Min မှ ရေးသား

ယနေ့ခေတ်ကာလတွင် ဓာတ်မြေသြဇာဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ် လျှော့ချနိုင်မည့် နည်းလမ်းကောင်းများကို ရှာဖွေလာကြပါတယ်။ ထိုနည်းလမ်းများထဲတွင် အိန္ဒိယနိုင်ငံ၌ အလွန်အောင်မြင်နေပြီး မြန်မာ့ရေမြေနှင့် ကိုက်ညီမှုရှိသော "ဂျီဗာမရုသမ်" (Jeevamrutham) သဘာဝမြေသြဇာကို တောင်သူတွေ အကြိုက်တွေ့နှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒီဆောင်းပါးမှာတော့ ဂျီဗာမရုသမ်၏ အကျိုးအာနိသင်များ၊ ပြုလုပ်နည်းအဆင့်ဆင့်နှင့် မတ်ပဲအပါအဝင် သီးနှံများတွင် ထိရောက်စွာ အသုံးပြုနည်းများကို ဖော်ပြပေးလိုက်ပါသည်။

တစ်ဧကစာ ပြုလုပ်နည်း (ဆေးစပ်နည်း)

ပါဝင်ပစ္စည်းများကို ရေလုံသော ပလပ်စတစ် ပေပါပုံး (၂၀၀ လီတာဆံ့) ထဲတွင် အောက်ပါအချိုးအစားအတိုင်း ရောစပ်ရပါမည်။

1. ရေ = ၂၀၀ လီတာ (ပေပါတစ်လုံး)

2. နွားချေး = ၁၀ ပိဿာ (၁၀ ကီလိုခန့် - လတ်ဆတ်လျှင် ပိုကောင်းသည်)

3. နွားသေး = ၁၀ လီတာ (ရေသန့်ဘူးကြီး ၁၀ ဘူးခန့် - အဟောင်းက ပိုကောင်းသည်)

4. ထန်းလျက် (သို့) တင်လဲရည် = ၁ ပိဿာခွဲ (၂ ကီလိုခန့် - အဏုဇီဝပိုးစာ)

5. ပဲမှုန့် (ပဲမှုန့်ဈေးကြီးရင် ပဲဖတ်ထည့်နိုင်) = ၁ ပိဿာခွဲ (၂ ကီလိုခန့် - အသားဓာတ်အတွက်)

6. သဘာဝမြေဆွေး = လက်တစ်ဆုပ်စာ (မိမိစိုက်ခင်းမှ မြေဆီလွှာ/ မြေဆွေး)

ပြုလုပ်ပုံ - အထက်ပါပစ္စည်းများကို ရေနှင့် သမအောင်ရောမွှေပါ။ အရိပ်အောက်တွင် ထားရှိပြီး ဂုန်နီအိတ်ပါးပါးဖြင့် ဖုံးအုပ်ထားပါ။ တစ်နေ့လျှင် (၂) ကြိမ်ခန့် တုတ်ချောင်းဖြင့် မွှေပေးပါ။ (၄၈) နာရီ (၂ ရက်) ကြာလျှင် အချဉ်နံ့ထွက်လာပြီး သုံးစွဲရန် အသင့်ဖြစ်ပါပြီ။ (အများဆုံး ၇ ရက်အတွင်း ကုန်အောင် သုံးသင့်ပါတယ်)။

ဂျီဗာမရုသမ် (Jeevamrutham) ဆိုတာ ဘာလဲ? ဘာကြောင့် ကောင်းတာလဲ?

ဂျီဗာမရုသမ်ဆိုတာ အပင်ကို တိုက်ရိုက်ကျွေးသော အစာသက်သက်မကဘဲ "မြေဆီလွှာ အဏုဇီဝပိုး မွေးမြူရေး" အတွက်လည်းဖြစ်ပါတယ်။ ၎င်းကို မြေကြီးထဲသို့ ထည့်လိုက်သောအခါ

  • မြေဆီလွှာ အသက်ဝင်လာခြင်း - မြေကြီးထဲတွင် ရှိပြီးသား အာဟာရဓာတ်များကို အပင်က လွယ်ကူစွာ စုပ်ယူနိုင်စေရန် အကျိုးပြုပိုးများက ဖြိုခွဲပေးပါတယ်။
  • မြေသားပွလာခြင်း - တီကောင်များကို ပြန်လည်ပေါက်ပွားစေပြီး မြေသားကို နူးညံ့ပွရွစေပါတယ်။
  • အမြစ်ဖွံ့ဖြိုးခြင်း - မတ်ပဲ၊ ပဲတီစိမ်းကဲ့သို့သော ပဲမျိုးရင်းဝင်အပင်များတွင် အမြစ်ဖုများ ပိုမိုဖြစ်ထွန်းစေပြီး အပင်ကြီးထွားမှုကို အားပေးပါတယ်။

အသုံးပြုနည်း (မြေပေါ် နှင့် ရွက်ဖျန်း)

ဂျီဗာမရုသမ်ကို နည်းလမ်း (၂) မျိုးဖြင့် အသုံးပြုနိုင်သော်လည်း မြေဆီလွှာထဲသို့ တိုက်ရိုက်ထည့်ခြင်းက အထိရောက်ဆုံး ဖြစ်ပါသည်။

(က) မြေပေါ်လောင်း/သွင်းရေနဲ့ထည့် (Soil Application)

နှုန်းထား - တစ်ဧကလျှင် စပ်ထားသော ဆေးရည် ပေပါတစ်လုံး (လီတာ ၂၀၀) ကုန်အောင် သုံးရပါမယ်။

သုံးစွဲပုံ - ရေသွင်းစိုက်ပျိုးသော စိုက်ခင်းများတွင် ရေသွင်းမြောင်းခေါင်းမှ ဖွင့်ချပေးနိုင်တယ်။ မိုးကောင်းသောက်ဖြစ်ပါက မြေကြီးစိုနေချိန်တွင် အပင်ခြေရင်း၌ လောင်းထည့်ပေးနိုင်ပါတယ်။

အကျိုးကျေးဇူး - မြေကြီးအတွင်း အကျိုးပြုပိုးများ ပွားများလာပြီး အမြစ်ပုပ်ရောဂါများကို ကာကွယ်ပေးပါတယ်။

(ခ) ရွက်ဖျန်း (Foliar Spray)

သတိပြုရန် - ဆေးဖျန်းပုံး နော်ဇယ်ခေါင်း မပိတ်စေရန် ပိတ်စပါးပါးဖြင့် သေချာစွာ စစ်ပြီးမှ ထည့်ပါ။

နှုန်းထား (ဆေးဖျန်းပုံးအတွက်) - ရေ (၁၀) ဆလျှင် ဆေး (၁) ဆ ရောစပ်ရပါမည်။

၄ ဂါလံ ဆေးဖျန်းပုံး (၁၆ - ၂၀ လီတာ) တစ်ပုံးလျှင် = ဂျီဗာမရုသမ် ဆေးရည် (၁) လီတာခွဲ မှ (၂) လီတာ (ရေသန့်ဘူးကြီး တစ်ဘူးခွဲ/နှစ်ဘူးခန့်) ထည့်ပါ။ ကျန်သောပမာဏကို ရေအပြည့်ဖြည့်ပါ။

တစ်ဧကနှုန်းထား - တစ်ဧကလုံး နှံ့အောင်ဖျန်းမည်ဆိုပါက ဆေးဖျန်းပုံး (၁၀) ပုံးခန့် ကုန်ကျနိုင်ပြီး ဂျီဗာမရုသမ် ဆေးရည် (၁၅ မှ ၂၀) လီတာခန့် လိုအပ်မည်ဖြစ်တယ်။

အကြိမ်အရေအတွက်နှင့် အချိန်

အနည်းဆုံး (၂) ပတ် (၁၄ ရက်) တစ်ကြိမ် သို့မဟုတ် တစ်လ (၁) ကြိမ် သုံးစွဲနိုင်ပါတယ်။

ဓာတုဆေးမဟုတ်သည့်အတွက် မကြာခဏ သုံးလေ ကောင်းလေဖြစ်ပါတယ်။

မတ်ပဲ/ပဲခင်းများအတွက် အကြံပြုချက် 

  • အပင်ပေါက်စုံချိန် (ပထမအကြိမ်)
  • ပန်းပွင့်ခါနီးအချိန် (ဒုတိယအကြိမ်)
  • သီးကင်းဝင်ချိန် (တတိယအကြိမ်) - ဤအချိန်များတွင် သုံးပေးပါက အထွက်နှုန်း သိသိသာသာ ကောင်းမွန်စေပါသည်။

သတိပြုရန်အချက်များ

အစိမ်းစားရသော အရွက်များ (ဥပမာ-ဆလပ်၊ နံနံ) ပေါ်သို့ တိုက်ရိုက်မဖျန်းဘဲ အပင်ခြေရင်းကိုသာ လောင်းပေးပါ။ (နွားချေးပါဝင်တွင် Ecoli လို ဝမ်းပျက်စေသည့် ဘက်တီးရီးယားများ ပါနိုင်ခြေရှိတဲ့အတွက် အစိမ်းစားသီးရွက်များပေါ် တိုက်ရိုက်ဖျန်းခြင်းကို တက်နိုင်သမျှရှောင်ရှားပေးပါ) ဟင်းသီးဟင်းရွက်စိုက်ဘောင်များပြင်ချိန်မှာလည်း မြေကြီးထဲသို့ တစ်ခါတည်း ရောထည့်ပေးနိုင်ပါတယ်။ 

ဒီနည်းလမ်းက ငွေကုန်ကြေးကျ အလွန်သက်သာပြီး ရေရှည်တွင် မြေဆီလွှာပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သဖြင့် စိုက်ပျိုးသူတောင်သူများ စမ်းသပ်လုပ်ဆောင်ကြည့်သင့်သော နည်းလမ်းကောင်းတစ်ခု ဖြစ်ကြောင့် အကြံပြုတိုက်တွန်းလိုပါတယ်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်