တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
စက်တင်ဘာ ၄ ရက် နေ့လည် ၁၂ နာရီ အချိန်ရရှိသည့် Meteoblue (ICON Model) ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ ထုတ်ပြန်သော နေ့စဉ်မိုးရေချိန်ပြမြေပုံများ၊ ထိုင်းမိုးလေဝသဌာန (TMD Weather Advisory No. 4) ၏ သတိပေးချက်များနှင့် မြေပြင်မိုးလေဝသ Chart နှင့် ဂြိုဟ်တုဓာတ်ပုံများအရ စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်နေ့အထိ (၇ ရက်အတွင်း) မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ခန့်မှန်းမိုးရေချိန် ဇယား (mm)၊ မိုးလေဝသ ဆန်းစစ်ချက်နှင့် သဘာဝဘေးအန္တရာယ် သုံးသပ်ချက် ဖြစ်ပါသည်။
မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm)
(၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန် အများဆုံး ရရှိနိုင်သည့် ဒေသမှ အနည်းဆုံး ဒေသအလိုက် High to Low Sorted ပြုလုပ်ထားပါသည်)

မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသ အခြေအနေ ဆန်းစစ်ချက် (Synoptic Analysis)
အပူပိုင်းမုန်တိုင်း SAUDEL အားလျော့သွားခြင်းနှင့် မုတ်သုံမြောင်တန်း - ထိုင်းမိုးလေဝသဌာန (TMD Weather Advisory No. 4) ၏ သတိပေးချက်အရ အပူပိုင်းမုန်တိုင်း SAUDEL သည် တရုတ်နိုင်ငံ တောင်ပိုင်း (Guangdong) သို့ ဝင်ရောက်ကုန်းတွင်းပိုင်း ရောက်ရှိခဲ့ပြီး တဖြည်းဖြည်း အားလျော့သွားခဲ့ပြီ ဖြစ်ပါသည်။ မုန်တိုင်း SAUDEL သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားခြင်း မရှိပါ။ သို့သော် မုတ်သုံမြောင်တန်းသည် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ အထက်ပိုင်းတို့၌ အားအသင့်အတင့်ဖြင့် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါသည်။
မိုးရွာသွန်းမှု အရှိန်အဟုန် အပြောင်းအလဲ ခန့်မှန်းချက် (Rainfall Trend)
စက်တင်ဘာ ၄ - ၆ ရက် (မိုးအသင့်အတင့် ပုံမှန်ရှိချိန်) - ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ တိုးဝင်လာသော မုတ်သုံလေ၏ အဟုန်ကြောင့် မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင်နှင့် စစ်ကိုင်းအထက်ပိုင်းတို့တွင် ပုံမှန်မုတ်သုံမိုးအဖြစ် ရွာသွန်းနိုင်ပါသည်။
စက်တင်ဘာ ၇ - ၁၀ ရက် (မိုးအား သိသိသာသာ လျော့ကျချိန်) - ကုန်းတွင်းပိုင်း လေဖိအားနည်းစနစ်များ ကင်းစင်သွားမည်ဖြစ်၍ အနောက်တောင်မုတ်သုံလေ အားလျော့လာမည် ဖြစ်ရာ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီမြစ်ဝှမ်းအလယ်ပိုင်းဒေသများ၌ မိုးရွာသွန်းမှု ပမာဏနှင့် မိုးရွာသည့် အကြိမ်ရေ သိသိသာသာ နည်းပါးသွားမည် ဖြစ်ပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
ဧရာဝတီတိုင်းဒေသကြီး (ငဝန်မြစ်ဝှမ်းနှင့် ရေကြီးမှု အခြေအနေ) - ဧရာဝတီတိုင်းအတွင်း ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 42mm မှ 85mm ခန့်သာ ရှိတော့မည်ဖြစ်၍ ဒေသတွင်း မိုးရွာသွန်းမှု နည်းပါးသွားမည် ဖြစ်သည်။ သို့သော် မြစ်ဖျားပိုင်းမှ စီးဆင်းလာသော အထက်မြစ်ရေစီးဆင်းမှုများကြောင့် ငဝန်မြစ်နှင့် ဧရာဝတီမြစ်ရေသည် ဆက်လက်မြင့်နေဦးမည် ဖြစ်ရာ လေးမျက်နှာမြို့နယ် အပါအဝင် ရေဝင်ရောက်ပြီးဧရိယများတွင် ရေကျဆင်းမှုနှေးကွေးနေမည် ဖြစ်ပါသည်။
မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း - မုတ်သုံလေ အားအသင့်အတင့် တိုက်ခတ်မှုကြောင့် ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 102mm မှ 205mm ခန့် ရရှိနိုင်ပါသည်။ တောင်ခြေဒေသများနှင့် တောင်ကြားလမ်းများ၌ ချောင်းရေ ရုတ်တရက်ကျဆင်းခြင်းနှင့် ကုန်းစောင်း မြေပြိုမှု အန္တရာယ် များကို ဆက်လက် သတိပြုရန် လိုအပ်ပါသည်။
ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး - စက်တင်ဘာ ၆ ရက်နောက်ပိုင်း မိုးအားလျော့နည်းသွားနိုင်မည်ဖြစ်သဖြင့် ပဲခူးမြစ်၊ စစ်တောင်းမြစ်နှင့် ငမိုးရိပ်ဆည် ရေဝေဧရိယာများအတွင်း မိုးရေစီးဝင်မှု နည်းပါးသွားမည်ဖြစ်ရာ မြို့ပြနှင့်မြေနိမ့်ပိုင်း ရေကြီးရေလွှမ်းမိုးမှု အခြေအနေများ လျော့ကျသက်သာလာနိုင်မည် ဖြစ်ပါသည်။
မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်သည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မိုးလေဝသ
ဦးစိုးထက်လင်း
လွန်ခဲ့သော ၁ လ ကမန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်ရဲ့မိုးလေဝသကို နေ့စဉ်သိလိုပါတယ်ဗျ
ဦးစိုးထက်လင်း
လွန်ခဲ့သော ၁ လ ကမန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်
MYO WIN
လွန်ခဲ့သော ၁ လ ကကျေးဇူးပါခင်ဗျာ
ကိုဇင်မင်းမြတ်
လွန်ခဲ့သော ၁ လ ကထားဝယ်မြို့
ဆက်စပ်ဆောင်းပါးများ
အောက်တိုဘာ ၂၂ မှ ၂၄ ရက်တို့တွင် မိုးစပါးနှင့် ဆီထွက်သီးနှံများကို အမြန်ဆုံးအပြီး ရိတ်သိမ်းခြွေလှေ့ထားသင့်
အောက်တိုဘာ ၂၀ -၂၂ ရက်နေ့အတွင်း တိုင်းဒေသကြီး/ပြည်နယ် အများစု၌ မိုးခေတ္တ ပါးမည်
အောက်တိုဘာ ၁၆ မှ ၂၂ ရက်နေ့အထိ တိုင်းဒေသကြီးအလိုက် အပူချိန်ခန့်မှန်းချက်
ဆက်စပ်မေးခွန်းများ
မက်ပဲပင်၂၀ရက်သားမှာရွှေနဂါးအပင်အားဆေးနဲ့တွဲဖျန်းလို့ရမယ့်မှိုဆေးကိုပြောပြပေးပါ
Aung Lin Oo • ဖြေကြားချက် 1 ခု
ဖော်ကျွန်းဖော်ဝမ်းကိုမတ်ပဲဘယ်နှစ်ရက်သားမှာဖျန်းသင့်လဲ အညွှန်းထဲမှာဆေးဖျန်းရက်မတူကြဘူး
Sawsamson • ဖြေကြားချက် 3 ခု
မြင်းကျားမှထုတ်လုပ်တဲ့ နှမ်းရွေးရှယ်ဟာဘီရှင်း30စီစီ+မက်ဂါမန်းနီး20ဂရမ်ကိုရေ4ဂာလံဝင်ဆေးပုံးစက်ဖြင့်ဖျန်းပတ်လိုက်တာအခုလိုဖြစ်သွားအပုံထဲကအတိုင်းပဲတစ်ခင်းလုံးပဲအကြယ်ဝန်းကတော့2ဧကရှိပါတယ်ဖြေဆေးသို့မဟုတ်ပြုပြင်ရန်နည်းလမ်းများညွှန်ကြားပေးပါအုံး
ငုဝါ • ဖြေကြားချက် 2 ခု
ပဲ 15ရက်သား မှာQuizalofop-P-ethyl ပေါင်းဆေး ဖြန်းထားပါတယ် ခုက 1.Humic acid 2.ငါးအမိုင်နို 3.LAB 4.တမာ ပိုးသတ်ဆေး တို့ကို ဘယ်အမျိုးအစားကရောဖြန်းလို့ရပြီး ဘယ်အမျိုးအစားက ဘယ်လောက်ရက်ခြား ဖြန်းရမလဲ ဘယ်ဟာ အရင်ဖြန်းသင့်လဲ သိချင်ပါတယ် ခင်မျ
Thiha • ဖြေကြားချက် 1 ခု
အပင်သည်အရွက်သည်အဖျားချစ်ပြီးအားနည်းသည်
Kyaw Htoo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (19-23.10.2026)
23/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026
အောက်တိုဘာ ၂၂ မှ ၂၄ ရက်တို့တွင် မိုးစပါးနှင့် ဆီထွက်သီးနှံများကို အမြန်ဆုံးအပြီး ရိတ်သိမ်းခြွေလှေ့ထားသင့်
22/10/2026
အစိုပုပ်ရောဂါ၏ လက္ခဏာများနှင့် သတိပြုဖွယ်ရာများ
22/10/2026
စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ယခုနှစ် ကြံစိုက်ဧကများ လျော့နည်း
22/10/2026
More from ဦးဝင်းနိုင်
အားလုံး
အောက်တိုဘာ ၂၂ မှ ၂၄ ရက်တို့တွင် မိုးစပါးနှင့် ဆီထွက်သီးနှံများကို အမြန်ဆုံးအပြီး ရိတ်သိမ်းခြွေလှေ့ထားသင့်
22/10/2026
အောက်တိုဘာ ၂၀ -၂၂ ရက်နေ့အတွင်း တိုင်းဒေသကြီး/ပြည်နယ် အများစု၌ မိုးခေတ္တ ပါးမည်
19/10/2026
အောက်တိုဘာ ၁၆ မှ ၂၂ ရက်နေ့အထိ တိုင်းဒေသကြီးအလိုက် အပူချိန်ခန့်မှန်းချက်
16/10/2026
အောက်တိုဘာ ၁၄ မှ ၁၇ ရက်နေ့များအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့် ဒေသများ
12/10/2026
၂၀၂၆-၂၇ အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ဟာ အပူချိန် အမြင့်မားဆုံး ကြုံတွေ့ရမည့် ဒေသများ ဖြစ်
05/10/2026