အစိမ်းရောင်လမ်း
ခိုင်းနွားမွေးမြူရေး

ခိုင်းနွားမွေးမြူရေး

မွေးမြူရေးလုပ်ငန်းအောင်မြင်ရန်

     - မျိုးကောင်း၊ မျိုးသန့်များ ရွေးချယ်မွေးမြူပါ။

     - အာဟာရညီညွတ်မျှတစွာ ပါဝင်သော အစားအစာကို လုံလောက်စွာ ကျွေးမွေးပါ။

     - စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပါ။

     - ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများ စနစ်တကျစောင့်ရှောက်ပါ။

     - ခိုင်မာသော ဈေးကွက်ရှိပါစေ။

မွေးမြူနည်းစနစ်များ

     () လွှတ်ကျောင်းစနစ်

     () ခြံလှောင်စနစ်

     () လွှတ်ကျောင်းနှင့် ခြံလှောင်ပူးတွဲစနစ်

မြေနေရာရွေးချယ်ခြင်း

     - ရေဝပ်ရေကြီးခြင်းမရှိသောနေရာ

     - မိုးရေနှင့် အညစ်အကြေးစီးဆင်းမှုလွယ်ကူစေရန် ကုန်းမြင့်သောနေရာ။

     - လူနေအိမ်နှင့် သီးခြားဖြစ်သောနေရာ။

အဆောက်အဦးလိုအပ်ချက်

     - မည်သည့်စနစ်ကို ကျင့်သုံး၍ မွေးသည်ဖြစ်စေ၊ ခြံအဆောက်အဦးကို ဆောက်လုပ်ပေးပါ။

      - နွားတစ်ကောင်အတွက် အလျား()ပေ၊ အနံ()ပေ၊ အမြင့်()ပေအကျယ်အဝန်း ထားရှိပါ။

     - နွားကောင်ရေများပါက မျက်နှာချင်းဆိုင်(သို့)ဖင်ချင်းဆိုင်၍ အလယ်မှ လူသွားရန်အတွက် ၃ပေခန့်အကျယ် လမ်းထားရှိပါ။

    - နံနက်ခင်း နေရောင်ရရိနိုင်ရန်နှင့် မွန်းလွဲနေမကျစေရန် ဆောင်ရွက်ပါ။

    - အပူဒဏ်ခံနိုင်ရန် အမိုးကို ဓနိ/ သက်ကယ်မိုးပါ။

     - နွားတင်းကုပ် လေဝင်လေထွက်ကောင်းပါစေ။

- ကြမ်းပြင်သည်ချောမနေရ၊ သန့်ရှင်းမှုပြုလုပ်ရန် လွယ်ကူသော ကြမ်းခင်းဖြစ်ပါစေ။

နွားထီးကျွေးမွေးစောင့်ရှောင်ခြင်း

     နှမ်းဖတ် - ၂၅ကျပ်သား

     မြက်ခြောက်ကောက်ရိုးပဲမှော် - ၄ပိဿာ

     ဆား - ၁ကျပ်သား

     ရောနှောကျွေးမွေးရန်။

ခိုင်းနွားအထီးတစ်ကောင်အတွက် တစ်နေ့အစာ

     ဆန်ဖွဲနု - ၅၅ကျပ်သား

     နှမ်းဖတ်(ဝါ)ပဲဖတ် - ၅၅ကျပ်သား

     ဆား - ၃ ၁/၂ကျပ်သား

     - အလုပ်များသောရာသီတွင် အစာကြမ်းအခြောက်()ပိဿာအထိ ကျွေးမွးရန်။

      - နွားစာအစိမ်းနှင့် နွားစာအစိုဖြစ်ပါက ()ဆမျှ ကျွေးရမည်ဖြစ်သဖြင့် [(၅ပိဿာအစား (၂၀)ပိဿာကျွေးရန်)]

      - အလုပ်ခိုင်းပြီး တစ်နေ့ ဖွဲနုတစ်ပြည်စီကျွေးပေးပါက ကိုယ်အလေးချိန်လျော့နည်းခြင်းမရှိပါ။

     - အလုပ်နည်းသော ရာသီတွင် လွှတ်ကျောင်းချိန်ရသဖြင့် မြေပဲဖတ်(ဝါ) နှမ်းဖတ်(၂၇.)ကျပ်သား၊ ကောက်ရိုး၊ ပြောင်းရိုးနှင့် နွားစားခြောက်(.)ပိဿာတို့ကို အစာလျှော့ကျွေးပါ။ ဖွဲနုကျွေးရန်မလိုပါ။

နွားမကြီးစာ

     နှမ်းဖတ် - ၂၅ %တစ်နေ့နို့()ပိဿာပေးနွားမအတွက်

     ဖွဲနု - ၂၅ %အစာ()ပိဿာနှုန်းကျွေးရန်။

     ဆန်ကွဲ - ၂၃ %စပ်စာတွင် ဆား ၀.၅ – ၁ %ထိ

     ပဲခွံ - ၁၇ %ထည့်ကျွေးရန်။

     ပဲဖွဲ(ပဲမှုန့်) - ၁၀ % အစာကြမ်းကို တစ်နေ့ ၁၁ – ၁၆ ပိဿာခန့်

                    ၁၀၀% ကျွေးပေးရန်၊ ရေအလုံအလောက်ထားပေးရန်။

မျိုးစပ်ခြင်း

     သဘာဝသားစပ်နည်းဖြင့်လည်းကောင်း၊ မေထုန်မဲ့သားစပ်နည်းဖြင့်လည်းကောင်း သားစပ်နိုင်ပါသည်။

   - နွားမဒန်းသားစပ်ရန်အကောင်းဆုံးအချိန် - ၁၅ - ၁၈ လ

   - နွားငယ်လေးများနို့ခွဲချိန် - အသက်()လမှ ()

   - နွားထီးသင်းကွပ်ခြင်း - အသက်()ပတ်မှ (၁၂)ပတ်

   - နွားမတစ်ကောင်၏ မြိုင်ကြားကာလ ၂၁ ရက်

   - နွားမတစ်ကောင်၏ မြိုင်ပေါ်ကာလ ၃ ရက်

   - နွားမတစ်ကောင်၏ ဇီးကာလ - ၂၈၀ – ၂၈၅ ရက်

    - နွားလေးမွေးပြီး နွားမကြီးအား သားစပ်ရန် အကောင်းဆုံးအချိန် မွေးပြီးရက် (၆၀)ခန့်

    - သားပေါက်ခါနီးရက်(၆၀)အလိုသို့ ရောက်ပါက နွားမအား နို့မညှစ်သင့်ပါ။

သွားမွေးစဥ်စောင့်ရှောက်ခြင်း

- သားမွေးရန် တစ်ပတ်အလိုခန့်မှစ၍ သန့်ရှင်းခြောက်သွေ့သောအခန်းတွင် သီးခြားထားပါ။ အစာနုလျှော့ကျွေးပါ။

မွေးဖွားခါနီး နွားမတွင် တွေ့ရသော လက္ခဏာများ

   - အစာစားလိုစိတ် နည်းသွားခြင်း။

   - လှဲလိုက်၊ ထလိုက် ဂဏာမငြိမ်ဖြစ်ခြင်း။

   - အမတန်ဆာ ကြီးထွားခြင်း/ အချွဲများကျခြင်း။

   - နို့အုံတွင် နို့များပြည့်လာခြင်း/ တင်းလာခြင်း။

   - မကြာခဏအော်ခြင်း/ ညှစ်ခြင်း။

မွေးဖွားလာသည့်နွားငယ်ကလေးပြုစုခြင်း

    - နွားငယ်လေး၏ ပါးစပ်၊ နှာခေါင်းတို့တွင်ရှိသော အချွဲများဖယ်ရှားပေးပါ။

    - အသက်မရှူနိုင်ပါက ပါးစပ်အတွင်းသို့ လေမှုတ်သွင်းပေးပါ။

    - ချက်ကြိုးအလွန်ရှည်ပါက အရက်ပျံစိမ်ထားသော ကြိုးဖြင့် ချက်ကြိုးအရင်းမှ ()လက်မခန့်ခွာ၍ ချည်ပြီး ဖြတ်ပေးပါ။

    တင်ချာအိုင်အိုဒင်းသုတ်ပေးပါ။

    - ရေမွှာပေါက်ပြီး သားမမွေးနိုင်လျှင် လည်းကောင်း၊ သားမွေးပြီး(၂၄)နာရီကျော်သည်အထိ အချင်းမကျသေးလျှင်လည်းကောင်း၊ တိရစ္ဆာန် ဆေးကုဆရာဝန်ထံ အကူအညီတောင်းခံပါ။

နွားငယ်မွေးမြူစောင့်ရှောက်ခြင်း

    - နွားလေးမွေးပြီး (၇၂)နာရီအတွင်း နို့ဦးရည်ကို သောက်စို့စေရန်။

    - နွားကလေး၏ ကိုယ်အလေးချိန်(၁၀)ပိဿာလျှင် နို့တစ်ပိဿာနှုန်းနှင့် မှန်း၍တိုက်ကျွေးရန်။

   - အသက်()လကျော်ပါက ဖွဲနု ၃၄% နှမ်းဖတ် ၊ပဲဖတ်မှုန့် ၃၀% ၊ဆန်ကွဲ(သို့)ပြောင်းမှုန့် ၃၀% ၊ဆား ၁၀%၊ ခရုမှုန့် ၅% အစာနု စပ်၍ နံနက်(၂၅)ကျပ်သား ၊ည (၂၅)ကျပ်သား ကျွေ့မွေးပေးရန်။

     မြက်စိမ်းကို တစ်နေ့လျှင့် (၂၅)ကျပ်သားခန့်ကျွေးရန်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

11
ရန်နိူင်စိုး

ရန်နိူင်စိုး

လွန်ခဲ့သော ၂ နှစ် က

မေထုန်မဲ့သားစပ်ဖို့ပျော်ဘွယ် ရမည်းသင်းအနားရှိရင်လမ်းညွန်ပေးပါအုံးဗျ

aung pyae phyo

aung pyae phyo

လွန်ခဲ့သော ၄ နှစ် က

ဘယ်လို့လုပ်ရမလဲဗျ

aung pyae phyo

aung pyae phyo

လွန်ခဲ့သော ၄ နှစ် က

ကျွန်တော်နွားလေးကအစားချိုနေတယ်

ကိုသန်းလိူင်

ကိုသန်းလိူင်

လွန်ခဲ့သော ၅ နှစ် က

လေးစားပါတယ် ဆရာ ဆရာမ. တို့

U Thura Zaw

U Thura Zaw

လွန်ခဲ့သော ၅ နှစ် က

နွားဟာအခိုင်းဒဏ်များ၍ကုန်ခမ်းနေလျှင်ဘယ်လိုမျိုးပြုစုပေးရမလဲပြောပေးပါအုံး

You

ဆက်စပ်ဆောင်းပါးများ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

Content provider

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

၁၉၇၂ ခုနှစ် မတ်လ (၁၅) ရက်မှစ၍ တိရစ္ဆာန်ဆေးကုသရေးဌာနခွဲနှင့် မြေယာ ကျေးလက်ကြီးပွား တိုးတက်ရေးကော်ပိုရေးရှင်း လက်အောက်ရှိ မွေးမြူရေးဌာနခွဲတို့ ပူးပေါင်း၍ တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်သည်။ ဖွဲ့စည်းပုံအရ စုစုပေါင်းဝန်ထမ်း (၁၈၅၀) နေရာဖြစ်သည်။ မွေးမြူရေး လုပ်ငန်းကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၆ ခုနှစ်၊ ဧပြီလတွင် တိရစ္ဆာန် ဆေးကုသရေးနှင့် မွေးမြူရေး ဦးစီးဌာနမှခွဲထွက် ၍  မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်း (မွေးမြူရေး၊  အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း) ကို သီးခြားဖွဲ့စည်းခဲ့သည်။ (၁၅-၃-၁၉၈၃) ရက်တွင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာနမှခွဲထွက်၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည့်ရက်မှ စတင်ပြီး ဤဦးစီးဌာနကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟု အမည်ပြင်ဆင်သတ်မှတ်ခဲ့ပါ သည်။ (၂၈-၆-၂၀၀၇)ရက်တွင် ကျင်းပသောနိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၀၇) မှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်တွင် ပျားလုပ်ငန်းဌာနကို သွတ်သွင်း ဖွဲ့စည်းရန် သဘောတူ ခွင့်ပြုချက်အရ ပျားလုပ်ငန်းဌာနမှ အရာထမ်း (၈၂) ဦး၊ အမှုထမ်း (၃၄၁) ဦး စုစုပေါင်း (၄၂၃) ဦးနေရာသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၄၉၀) ဦး၊ အမှုထမ်း (၃၂၂၅) ဦး စုစုပေါင်း (၃၇၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

ဆက်စပ်မေးခွန်းများ

ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ

Min Maung • ဖြေကြားချက် 0 ခု

ဘာမြေသြဇာ ကျွေးရမလည်းဗျ

ZawHtwe • ဖြေကြားချက် 0 ခု

နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။

Nova Nova • ဖြေကြားချက် 1 ခု

ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် ​အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။

Ko Thu • ဖြေကြားချက် 1 ခု

စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ

Min Min Thant • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....