တိုင်းရင်းကြက်မွေးမြူရေးရုံ ပြင်ဆင်ခြင်း
- ကြက်များ အရွယ်တူမွေးမြူခြင်းနှင့် ကြက်အုပ်လိုက် ခြံသွင်း၊ ခြံထုတ်စနစ် “All in All out” သည် ရောဂါ ထိန်းချုပ်မှုအတွက် အကောင်းဆုံးဖြစ်သည်။
- ကြက်ရုံမှ အသုံးအဆောင်ပစ္စည်းများကို ဖော်မလင် (၁ : ၂၀ ) အချိုးဖြင့်ဖျန်းပြီး တစ်ရက်ထားပါ။
- ရွှေ့ပြောင်း၍ ရနိုင်သောပစ္စည်းများကို ကြက်ရုံထဲမှ ရွှေ့ပြောင်းပါ။
- မြက်များကို ကြက်ရုံမှ (၂) မီတာအကွာအထိ ခုတ်ထွင်ရှင်းလင်းပြီး ပတ်ဝန်းကျင်အား ပိုးသတ်ဆေးသုံးပါ။
- ကြက်ရုံနှင့် အသုံးအဆောင်ပစ္စည်းများကို ရေနှင့် ဆပ်ပြာမှုန့်ရောစပ်ပြီး သန့်ရှင်းသည်အထိ ဆေးကြောပါ။ ကြက်ရုံဆေးသော ကိရိယာသည် အနည်းဆုံး (၁) စတုရန်းလက်မတွင် ပေါင် (၅၀၀) ဖိအားရှိရမည်။
- ကြက်သန်ကောင်ပြဿနာရှိခဲ့ဖူးလျှင် သန်ဥများကို ဖျက်ဆီးရန် ကော့စတစ်ဆိုဒါ ပြင်းအား (၂ %) ဖြင့် အခင်းနှင့် ပတ်ဝန်းကျင်အနှံ့ဖျန်းရန်၊ ဖျန်းပြီးနောက် အားလုံးကုန်စင်အထိ ရေသုံးပြီးဆေးရမည်။
- သံဇကာနှင့် ခြံထောင့်များတွင် ကပ်ငြိနေသော ကြက်မွှေးများကို သုတ်သင်ပစ်ရန် မီးမှုတ်သွင်းပါ။
- ပိုးသတ်ဆေးဖျန်းပြီးသော ခြံသုံးပစ္စည်းများကို ကြက်ရုံအတွင်း ပြန်ထည့်သွင်းပါ။
- အားလုံးသန့်စင်ပြီးသည့်အခါ ကြက်ရုံအား အဝင်အထွက်မရှိစေရန် ပိတ်လိုက်ပါ။
- (၁၄) ရက်ကြာပိတ်ထားပြီး ကြက်များ ထည့်သွင်းမွေးမြူနိုင်မည်ဖြစ်သည်။
အဆောက်အဦ
ကြက်ရုံအဆောက်အဦဆောက်လုပ်ခြင်းသည် တိုင်းရင်းကြက်ထုတ်လုပ်ခြင်းတွင် အရေးပါသောအချက်ဖြစ်သည်။ အဆောက်အဦသည် ကြက်များ၏လုံခြုံရေး၊ သက်တောင့်သက်သာနေနိုင်ရေးအတွက် စီစဉ်ပေးရမည်။ အဆောက်အဦအရွယ်အစားသည် ကြက်အရွယ်အစားအလိုက် ဆောက်လုပ်ပေးသင့်သည်။ ကြက်ရုံနှင့် ခြံစည်းရိုးဆောက်လုပ်ခြင်းဖြင့် ကောင်းမွန်သည့်အချက်များ-
• ကြက်များအား မိုးဒဏ်၊ လေဒဏ်၊ ပူပြင်းသော နေရောင်ခြည်ကို ကာကွယ်ပေးခြင်း၊
• ပြင်ပတိရစ္ဆာန်၊ သူခိုးများအန္တရာယ်မှ ကာကွယ်ပေးခြင်း၊
• ကြက်များအား အစာရေစာ လွယ်ကူစွာဖြည့်ဆည်းပေးနိုင်ခြင်း၊
• ရောဂါစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း၊ ရောဂါကာကွယ်ပေးနိုင်ခြင်း၊
• ပြင်ပမှ ကူးစက်ရောဂါများအား ဝင်ရောက်မှုမရှိစေရန် ထိန်းချုပ်နိုင်ခြင်းတို့ဖြစ်သည်။
အဆောက်အဦဆောက်လုပ်ရာတွင် မွေးမြူမည့်စနစ်အလိုက် ဆောက်လုပ်ပေးရမည်ဖြစ်သည်။
တစ်ဝက်လွှတ်ကြောင်းမွေးမြူခြင်း
• မြေနေရာ ရွေးချယ်ခြင်း
• လိုအပ်သော အကျယ်အဝန်း
• ကြက်ခြံအဆောက်အဦ ဆောက်လုပ်မည့် အစီအစဉ်
• လွှတ်ကွင်းတွင် စိုက်ပျိုးပေးမည့် မြက်ခင်းအမျိုးအစားများ
• နေ့ခင်းအနားယူရန် ပြုလုပ်ပေးရမည့်ပုံစံ
• လေဝင်လေထွက်ကောင်းမွန်ရမည်။
ခြံတွင်းမွေးမြူခြင်း
• မွေးမြူမည့်ကောင်ရေအလိုက် ဆောက်လုပ်မည့် အဆောက်အဦအကျယ်အဝန်း
• အသက်အရွယ်ဦ အမျိုးအစားအလိုက် ဆောက်လုပ်ပေးရမည့် အဆောင်အဦပုံစံ
• ကြက်ခြံအတွင်း ထည့်သွင်းရမည့် ခြံသုံးပစ္စည်းများ (အစာခွက်၊ ရေခွက်၊ အိပ်တန်း၊ ဥတင်း၊ ဝပ်ကျင်း) စသည့်အချက်များ ထည့်သွင်းစဉ်းစားရမည်။
အဆောင်အဦဆောက်လုပ်ရာတွင် ဒေသထွက်ပစ္စည်းများနှင့် ဆောက်လုပ်ပြီး ကြက်ကြီးတစ်ကောင်လျှင် (၃) စတုရန်းပေ၊ ကြက်လတ်တစ်ကောင်လျှင် (၂) စတုရန်းပေ အကျယ်အဝန်းလိုအပ်သည်။
minmin
လွန်ခဲ့သော ၁ နှစ် ကထူးထူးဆန်းဆန်းမွေထားတဲ့ကြက်မလေးကသာအိမ်ကျွန်ထွက်လာလို့မည်သို့ကုရမလဲမသိဖြစ်နေလို့အကြံညဏ်နည်းလမ်းလေးများမိန့်ဆိုကြပါအုံဆရာသမားတို့ရေးသေားကဖြစ်နေလို့ပါ
Soe Tun Lwin
လွန်ခဲ့သော ၂ နှစ် ကတိုင်းရင်းကြက်တစ်ကောင်တစ်ရက်ကိုအစာနှုန်းဘယ်လောက်စားလဲဗျ
Chit Min Naing
လွန်ခဲ့သော ၄ နှစ် ကဒေသကြက်မွေးမြူချင်လိုပါဆရာ ဘယ်ကနေစပြီးဘယ်လို့လုပ်ရမာလည်းဆိုတာသင် ပြပေးပါလားဆရာ
Ye Min Thu
လွန်ခဲ့သော ၅ နှစ် ကကြက်စမွေးချင်လို့ပါ။အစားကိုဘယ်လိုရှာရမယ်ဆိုတာမသိလို့ပါ
Content provider
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
၁၉၇၂ ခုနှစ် မတ်လ (၁၅) ရက်မှစ၍ တိရစ္ဆာန်ဆေးကုသရေးဌာနခွဲနှင့် မြေယာ ကျေးလက်ကြီးပွား တိုးတက်ရေးကော်ပိုရေးရှင်း လက်အောက်ရှိ မွေးမြူရေးဌာနခွဲတို့ ပူးပေါင်း၍ တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်သည်။ ဖွဲ့စည်းပုံအရ စုစုပေါင်းဝန်ထမ်း (၁၈၅၀) နေရာဖြစ်သည်။ မွေးမြူရေး လုပ်ငန်းကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၆ ခုနှစ်၊ ဧပြီလတွင် တိရစ္ဆာန် ဆေးကုသရေးနှင့် မွေးမြူရေး ဦးစီးဌာနမှခွဲထွက် ၍ မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်း (မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း) ကို သီးခြားဖွဲ့စည်းခဲ့သည်။ (၁၅-၃-၁၉၈၃) ရက်တွင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာနမှခွဲထွက်၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည့်ရက်မှ စတင်ပြီး ဤဦးစီးဌာနကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟု အမည်ပြင်ဆင်သတ်မှတ်ခဲ့ပါ သည်။ (၂၈-၆-၂၀၀၇)ရက်တွင် ကျင်းပသောနိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၀၇) မှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်တွင် ပျားလုပ်ငန်းဌာနကို သွတ်သွင်း ဖွဲ့စည်းရန် သဘောတူ ခွင့်ပြုချက်အရ ပျားလုပ်ငန်းဌာနမှ အရာထမ်း (၈၂) ဦး၊ အမှုထမ်း (၃၄၁) ဦး စုစုပေါင်း (၄၂၃) ဦးနေရာသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၄၉၀) ဦး၊ အမှုထမ်း (၃၂၂၅) ဦး စုစုပေါင်း (၃၇၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ဆက်စပ်မေးခွန်းများ
အသားတိုး ၀က် ၁၀ ကောင်အတွက် ၀က်ခြံဘယ်လိုဆောက်ရမလဲ။
Marip • ဖြေကြားချက် 0 ခု
ဘဲခြံ ဗွက်ထနေလို့ အဲ့ဒါ စက်ဖွဲပြာ ခင်းလို့ရလား
Nay Lin • ဖြေကြားချက် 1 ခု
ကော်မတီများအား Livestock input အနေနဲ့ ဘယ်လိုသွင်းအားတွေ ပံ့ပိုးသင့်ပါသလဲ။ လက်ရှိတွင် ခြံထူထောင်းခြင်း၊ဝက်များနှင့်ညအစားအစာလှည်ပတ်မှုများအတွက်ပံ့ပိုးမှုများ ပေးပြီးဖြစ်ပါသည်။
ကျော်လင်းအောင် • ဖြေကြားချက် 1 ခု
နေ့စဉ်ခြံကောက်ဘဲဥဈေးကို ဘယ်မှာ ရှာကြည့်ရမှာလဲ ဒီနေ့ 20 kg ကို 310 ပဲဖွင့်နေလို့
ကိုမင်း • ဖြေကြားချက် 2 ခု
Summer Heat Stress & It's Management in Poultry
Dr. မောင်စိုးမိုး • ဖြေကြားချက် 23 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
More from မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
အားလုံး
ခိုင်းနွားမွေးမြူရေး
23/09/2020
ကြက်ငှက်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
13/07/2020
မြန်မာဆိတ်မျိုးများနှင့် သိကောင်းစရာ
05/06/2020
သားစပ်ရန်အကောင်းဆုံးအချိန်ကို သားစပ်ချိန်ပြပေတံအသုံးပြု၍ တွက်ချက််ခြင်း
05/06/2020
တိရစ္ဆာန်၊ တိရစ္ဆန်ထွက်ပစ္စည်းများကို တင်သွင်းရာ၌ ပြုလုပ်ရမည့်လုပ်ငန်းစဉ်များ
19/05/2020