သားစပ်ရန်အကောင်းဆုံးအချိန်ကို သားစပ်ချိန်ပြပေတံအသုံးပြု၍ တွက်ချက််ခြင်း
နို့စားနွားခြံတစ်ခြံ၏ ကောင်းမွန်စွာထုတ်လုပ်မှုနှင့်အကျိုးအမြတ်သည် ယင်းခြံအတွင်းရှိ နွားမများ၏ သားပေါက်နိုင်စွမ်းပေါ် များစွာမူတည်လျက်ရှိပါသည်။ မျိုးပွားမှုဆိုင်ရာ စနစ် တကျစီမံခန့်ခွဲမှုသည် နို့စားနွားမွေးမြူထုတ်လုပ်မှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပေသည်။ နွားမများကို သားစပ်ရန်အကောင်းဆုံး အချိန်ကိုသိရှိမှသာ မျိုးပွားမှုတိုးတက် ကောင်းမွန်လာစေရန် စနစ်တကျစီမံခန့်ခွဲနိုင်မည်ဖြစ်ပါသည်။
ပုံမှန်အားဖြင့် ဇီးမရှိသော နွားမတစ်ကောင်၏ ပုံမှန်မြိုင်သံသရာသည် ပျှမ်းမျှ ၂၁ ရက် (၁၈-၂၄ရက်) ဖြစ်ပါသည်။ မေထုန်မဲ့သားစပ်ရာတွင် မမျိုးဥနှင့် အထီးသုတ်ပိုးတို့၏ မျိုးအောင် နိုင်သောအချိန် (fertile period)ကို မဖြစ်မနေထည့်သွင်းစဉ်းစားရပါမည်။ နွားမတစ်ကောင်သည် ကြာရှည်စွာမတ်တပ်ရပ်နေပြီး အခြားနွားမတစ်ကောင်က မတ်တပ်ရပ် နွားမ၏ ကျောပေါ် တက်ခြင်းကို လက်ခံလျင် ထိုလက်ခံသော နွားမကို မြိုင်တက်ကာလ (Standing Heat) ဟု ယူဆရပါမည်။ မြိုင်တက်ကာလမှာ ၁၀ နာရီအောက် (များသော အားဖြင့် ၈ နာရီခန့်) ကြာမြင့် ပါသည်။ မြိုင်တက်ကာလစတင်ပြီး ၂၄-၃၂ နာရီအကြာ (များသောအားဖြင့် နာရီ ၃၀ အကြာ) တွင် မမျိုးဥကြွေလေ့ရှိပါသည်။ မျိုးဥကြွေသည့်အချိန်မှ စတင်ရေတွက်လျင် ၆-၁၂ နာရီ အထိသည် မျိုးဥ၏ မျိုးအောင်နိုင်သောအချိန် ဖြစ်ပါသည်။ မျိုးအောင်နိုင်သော အချိန် ၁၂ နာရီ အနက်မှ ပထမ ၂ နာရီ တစ်နည်းအားဖြင့် မျိုးဥကြွေပြီး ၂ နာရီအတွင်းသည် မမျိုးဥ၏ မျိုးအောင်နှုန်းအမြင့်မားဆုံးအချိန်ဟု သတ်မှတ်နိုင်ပါသည်။
အမမျိုးပွားလမ်းကြောင်းထဲတွင် အထီးသုတ်ပိုးများ၏ ရှင်သန်နိုင်သော သက်တမ်းမှာ ၂၄-၃၄ နာရီဟု ခန့်မှန်းရပါသည်။ အထီး၏သုတ်ပိုးများသည် အမမျိုးပွား လမ်းကြောင်းထဲသို့ ရောက်ရှိပြီးနောက် ၁၀ နာရီကြာမှသာ မျိုးအောင်နိုင်သည့် စွမ်းရည် ကို ရရှိနိုင်မည်ဖြစ်ပါသည်။ ၎င်းစွမ်းရည်မှာ ၁၄ နာရီ အထိကြာမြင့်နိုင်ပြီး ထိုအချိန်ကို အထီးသုတ်ပိုး များ၏မျိုးအောင် နိုင်သောအချိန်ဟု သတ်မှတ်နိုင်ပါသည်။ ထို့ကြောင့် သားစပ်ရန် အကောင်းဆုံးအချိန်သည် အထီးသုတ်ပိုးများ၏ မျိုးအောင်နိုင်သောအချိန်နှင့် အမမျိုးဥ၏ မျိုးအောင်နိုင်သောအချိန်တို့ တထပ်တည်းကျရမည့်အချိန်ဖြစ်သောကြောင့် ၎င်းအချိန်ကို တွက်ချက်နိုင်ရန်အတွက် နည်းလမ်းကောင်းများ လိုအပ်လျက်ရှိပါသည်။
သားစပ်ရန်အကောင်းဆုံးအချိန်ကို ခန့်မှန်းနိုင်သည့် သားစပ်ချိန်ပြပေတံကို ဒေသ တွင်းရှိ သစ်သား/ဝါးစသည်တို့ကိုအသုံးပြု၍ အောက်ပါအတိုင်း လွယ်ကူစွာပြုလုပ် နိုင်ပါသည်။
လိုအပ်သောပစ္စည်းများ
သားစပ်ချိန်ပြပေတံပြုလုပ်ရန်အတွက် အောက်ပါပစ္စည်းများ လိုအပ်ပါသည်−
၁။ (၆.၅" x ၂") ရှိ သစ်သား ၁ ပြား၊
၂။ (၆.၅" x ၀.၅") ရှိ သစ်သား ၃ ပြား၊
၃။ သစ်သားကပ်ကော်၊
၄။ ဆော့ပင် (အနီ၊ အနက်၊ အပြာ၊ အစိမ်း)။
ပြုလုပ်နည်း
အဆင့် (၁) ။(၁)။ လက်ခံသစ်သားပြားအတွက် (၆.၅" x ၂") ရှိ သစ်သားပြားပေါ်တွင် အောက်ပါအတိုင်းအမှတ်အသားပြုလုပ်ပါ−


အထက်ပါအတိုင်းနေရာချထားလျင် ညနေ ၆ နာရီတွင် သားစပ်ပါက အထီးနှင့် အမ၏မျိုးအောင်နိုင်သည့်အချိန်တစ်ထပ်တည်းဖြစ်မှုမှာ ၆ နာရီခန့်ရှိပါ သည်။ သို့ရာတွင် နောက်တစ်နေ့နံနက် ၆ နာရီတွင် သားစပ်ပါကလည်း တစ်ထပ်တည်း ဖြစ်ချိန်မှာ ၁၀ နာရီခန့်ရှိပါသည်။
ထို့အပြင် နံနက် ၆ နာရီတွင် မြိုင်ပြီးဆုံးသည်ဟုသိရှိရပါက အောက်ပါ အတိုင်း တွက်ချက်ပါက သားစပ်ရမည့်အချိန်မှာ ညနေ ၆ နာရီဖြစ်ပါသည်။

ဤနည်းကို အသုံးပြု၍ မျိုးအောင်နိုင်ခြေအများဆုံးသောအချိန်ကို တွက်ချက် နိုင်ပြီး သားစပ်ရန်သင့်လျော်သည့့််အချိန်ကို ဆုံးဖြတ်နိုင်ပါသည်။ ၁၉၄၈ ခုနှစ်တွင် Trimberger ၏ တွေ့ရှိချက်အရ မျိုးဥမကြွေမီ ၆-၂၄ နာရီအလိုတွင် သားစပ်ခြင်းသည် မျိုးအောင်မှု အမြင့် မားဆုံးဟုဆိုပါသည်။ ထို့တွေ့ရှိချက်မှသည် နံနက် ညနေ သားစပ် သောနည်းလမ်း (Ante meridiem/Post meridiem Method) ဖြစ်ပေါ်လာပါသည်။ ထိုနည်းလမ်းအရ နွားမမြိုင်ပေါ် ချိန်မှာနံနက်ပိုင်းဖြစ်ပါက ညနေပိုင်းတွင် သားစပ်လေ့ရှိပါသည်။ ညနေပိုင်းတွင် မြိုင်ပေါ်ပါက နောက်တစ်နေ့နံနက်တွင်သားစပ်လေ့ရှိပါသည်။ သို့ရာတွင် များစွာသော နွားမ များကို လေ့လာထားသောသုတေသနများအရ ၎င်းနည်းလမ်းသည် အကြမ်းဖျဉ်းအားဖြင့် မှန်ကန်သော်လည်း အမြင့်မားဆုံးသော ဇီးကပ်နှုန်းကို ရရှိနိုင်ခြင်း မရှိသည်ကို တွေ့ရှိရ ပါသည်။ ထို့ကြောင့် ယခုကဲ့သို့မေထုန်မဲ့ သားစပ်ချိန်ပြပေတံကို သုံး၍တွက်ချက်ခြင်းသည်တိကျသည့် မေထုန်မဲ့ သားစပ် သင့်သောအချိန်ကို ရရှိစေရုံမျှမက အမြင့်မားဆုံးသော ဇီးကပ်နှုန်း (conception rate) ကို ရရှိနိုင်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
ဒေါက်တာချစ်စံဝင်း
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
ကျမ်းကိုးစာရင်း
၁။ Heat detection and Timing of Artificial Insemination, http://www. selectsires. com/resources/fertilitydocs/heat_detection_timing.pdf?ver
၂။ MICHAEL L. O'CONNOR: Heat Detection and timing of insemination for cattle, https://extension.psu.edu/heat-detection-and-timing-of-insemination-for-cattle
၃။ Prof. Motozumi Matsui: lecture note of reproductive management, 2019 KCCP program on Cattle Management for Meat and Milk Production using regional resources, Obihiro University, Japan.
ခင်မောင်တင့်
လွန်ခဲ့သော ၅ နှစ် ကစမ်းသပ်ချက်များသဘောကျပါသဖြင့်ကျွန်တော်နွားမများသားစပ်ခြင်ပါသည် လေးစားအားထားလျှက်ပါ ရွှေဘိုမြို့နယ် ဂွေးပင်ကုန်း
Content provider
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
၁၉၇၂ ခုနှစ် မတ်လ (၁၅) ရက်မှစ၍ တိရစ္ဆာန်ဆေးကုသရေးဌာနခွဲနှင့် မြေယာ ကျေးလက်ကြီးပွား တိုးတက်ရေးကော်ပိုရေးရှင်း လက်အောက်ရှိ မွေးမြူရေးဌာနခွဲတို့ ပူးပေါင်း၍ တိရစ္ဆာန်ဆေးကုသရေးနှင့် မွေးမြူရေးဦးစီးဌာနအဖြစ် ဖွဲ့စည်းဆောင်ရွက်သည်။ ဖွဲ့စည်းပုံအရ စုစုပေါင်းဝန်ထမ်း (၁၈၅၀) နေရာဖြစ်သည်။ မွေးမြူရေး လုပ်ငန်းကို စီးပွားရေးဆန်ဆန်ဆောင်ရွက်နိုင်ရန်အတွက် ၁၉၇၆ ခုနှစ်၊ ဧပြီလတွင် တိရစ္ဆာန် ဆေးကုသရေးနှင့် မွေးမြူရေး ဦးစီးဌာနမှခွဲထွက် ၍ မွေးမြူရေးလုပ်ငန်း ကော်ပိုရေးရှင်း (မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်း) ကို သီးခြားဖွဲ့စည်းခဲ့သည်။ (၁၅-၃-၁၉၈၃) ရက်တွင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာနမှခွဲထွက်၍ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအဖြစ် သီးခြားဖွဲ့စည်းခဲ့သည့်ရက်မှ စတင်ပြီး ဤဦးစီးဌာနကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဟု အမည်ပြင်ဆင်သတ်မှတ်ခဲ့ပါ သည်။ (၂၈-၆-၂၀၀၇)ရက်တွင် ကျင်းပသောနိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၀၇) မှ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်အောက်တွင် ပျားလုပ်ငန်းဌာနကို သွတ်သွင်း ဖွဲ့စည်းရန် သဘောတူ ခွင့်ပြုချက်အရ ပျားလုပ်ငန်းဌာနမှ အရာထမ်း (၈၂) ဦး၊ အမှုထမ်း (၃၄၁) ဦး စုစုပေါင်း (၄၂၃) ဦးနေရာသွတ်သွင်း၍ ဦးစီးဌာနအား အရာထမ်း (၄၉၀) ဦး၊ အမှုထမ်း (၃၂၂၅) ဦး စုစုပေါင်း (၃၇၁၅) ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ဆက်စပ်မေးခွန်းများ
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 0 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
ရွှေဘိုပေါ်ဆန်းစပါးကို ယခုသြဂုတ်လထဲ ပျိုးထောင်ပြီး စိုက်လျှင် အစေ့အနှံ အောင်မြင်နိုင်ပါသလား၊ စပါးစိုက်ခင်းနဲ့ပျိုးခင်းတွေ ရေနစ်ပြီး ပျက်စီးမှုတွေကြောင့် အသစ်ပြန်လည်စိုက်ပျိုးဖို့ ပျိုးအပို ရှာရခက်နေကြလို့ မေးကြည့်တာပါ။
Ko Thu • ဖြေကြားချက် 1 ခု
စပါးစစိုက်ပျိုးပြီးပါပြီ ခုချိန်မှစပီး ပြုစုပျိုးထောင်ပုံအဆင့်ဆင့်ကို သင်ပြပေးပါဆရာတို့ဗျာ
Min Min Thant • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....