အခြေခံစိုက်ပျိုးရေးသိပ္ပံပညာအပိုင်း (၁၂) နိုင်ငံတကာနဲ့မြန်မာ စိုက်ပျိုးရေးအဆင့် ဘာတွေကွာလဲ..
နယ်သာလန်နိုင်ငံသည် ဧရိယာအကျယ်အဝန်း (၃၃,၇၂၀) ဟက်တာမျှသာ ကျယ်ဝန်းသော်လည်း စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို နိုင်ငံတကာသို့ တင်ပို့နိုင်သည်မှာ အမေရိကန်နိုင်ငံပြီးလျှင် ဒုတိယ အများဆုံးဖြစ်ပါသည်။ အမေရိကန်နိုင်ငံသည် နယ်သာလန်ထက် မြေကြီးဧရိယာ (၂၇၁) ဆ ကျယ်ဝန်းပါသည်။
တရုတ်နိုင်ငံသည် ကမ္ဘာတွင် စိုက်ပျိုးမွေးမြူရေးထွက်ကုန် အများဆုံးထုတ်လုပ်သော်လည်း နိုင်ငံ၏လူဦးရေ များပြားမှုကြောင့် အမေရိကန်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးထုတ်ကုန် နိုင်ငံတကာသို့ တင်ပို့နိုင်မှုကို မမီပါ။
နယ်သာလန်နိုင်ငံ၏ အံ့ဩစရာအချက်တစ်ချက်မှာ စိုက်ပျိုးရေးမှ နိုင်ငံတကာသို့ တိုက်ရိုက် ပို့ကုန် အမေရိကန်ဒေါ်လာ (၆၁) ဘီလီယံ၊ စိုက်ပျိုးမွေးမြူရေးပစ္စည်းများ၊ မျိုးစေ့၊ နည်းပညာနှင့် ဝက်ဂန်နီဂန်တက္ကသိုလ် (Wageningen University and Research) သို့ လာရောက်ပညာသင်သည့် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းလခများအပါအဝင် (၉) ဘီလီယံ၊ မျိုးစေ့၊ ပန်းမန် စသည်တို့ကို ကုန်ကြမ်းဝယ်ယူ၍ ပြန်လည် ပြုပြင်ထုတ်ပိုး ရောင်းချသည့် (Re-export) က (၂၄) ဘီလီယံဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ (၉၄) ဘီလီယံ ရရှိသည်ကို အံ့မခန်းတွေ့ရှိရပါသည်။
ထိုနိုင်ငံနှစ်ခုနောက်တွင်မှ ဂျာမနီ၊ ဘရာဇီးလ်၊ ပြင်သစ်၊ တရုတ်၊ စပိန်၊ ကနေဒါ၊ ဘယ်လဂျီယံနှင့် အီတလီနိုင်ငံတို့က ကမ္ဘာ့စိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှုဖြင့် ဝင်ငွေအကောင်းဆုံး (၁၀) နိုင်ငံအနေဖြင့် ဦးဆောင်နေပါသည်။
ကျွန်တော်တို့ မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်ရငွေမှာ နယ်သာလန်နိုင်ငံ၏ နည်းပညာနှင့် ဗဟုသုတများ ရောင်းချရာမှ ရရှိသည့် ဝင်ငွေခန့်သာရှိနေပါသည်။
စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အလိုက် ရောင်းချနိုင်မှုများကို အောက်ပါဇယားတွင် တွေ့ရှိနိုင်ပါသည်။
ကျွန်တော်တို့အဖွဲ့ ၂၀၁၈-ခုနှစ်ခန့်က နယ်သာလန်နိုင်ငံ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် တက္ကသိုလ်များကို လေ့လာခဲ့ရပါသည်။
WUR သည် QS World University Rankings 2022 တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောပညာ (Agriculture and Forestry) ၌ ကမ္ဘာ့နံပါတ် (၁) ဖြစ်ပါသည်။ ပတ်ဝန်းကျင် သိပ္ပံပညာ (Environmental Science) မှာ ကမ္ဘာ့နံပါတ် (၈) ဖြစ်ပါသည်။ တက္ကသိုလ်မှာ မဟာဌာနကြီးငါးခုရှိရာ (က) စိုက်ပျိုးနည်းပညာ နှင့် အစားအသောက် သိပ္ပံ (Agro-Technology and Food Sciences) (ခ) မွေးမြူရေးသိပ္ပံ (Animal Sciences) (ဂ) ပတ်ဝန်းကျင်သိပ္ပံ (Environmental Sciences) (ဃ) သီးနှံနှင့်အပင်သိပ္ပံ (Plant Sciences) နှင့် (င) လူမှုရေးသိပ္ပံ (Social Sciences) ဌာနကြီးများတွင် ပါမောက္ခ ၁၇၀ ဦးက စိုက်ပျိုးမွေးမြူရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်နည်းပညာများကို သင်ကြား သုတေသနပြုလျက် ရှိပါသည်။ ကျွန်တော်တို့နိုင်ငံရှိ တက္ကသိုလ်များမှာ ဘာသာရပ် တစ်ခုချင်း အထူးပြု ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာလည်း နှစ်ထောင် သုံးထောင်လောက်သာ ရှိကြသော တက္ကသိုလ်ငယ်လေးများ ဖြစ်ကြပါသည်။ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များ စာရင်းဝင်လိုသည်ဆိုပါက ဘာသာရပ်ပေါင်းစုံ သင်ကြားပေးသော တက္ကသိုလ်စနစ် (Comprehensive University System) ဖြစ်သင့်ပြီး ကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာလည်း တစ်သောင်းအထက် ရှိသင့်ပါသည်။ သုတေသနအခြေခံ တက္ကသိုလ် ဖြစ်ရန်အတွက် စာသင်ကြားမှု အဓိကထားသည့် ပါမောက္ခများ ရှိရမည့်အပြင် သုတေသနကို အဓိကထားသည့် ဘွဲ့လွန် (မဟာ၊ပါရဂူ ကျောင်းသား၊ ကျောင်းသူ) များနှင့် တွဲဖက်ဆောင်ရွက်နေသော ပါမောက္ခ၊ တွဲဖက်ပါမောက္ခများလည်း များစွာရှိနေရန် လိုပါသည်။
နယ်သာလန်နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကလုပ်ကိုင်ပြီး ချမ်းသာနေသော၊ တစ်ကမ္ဘာလုံးကို စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ပို့ဆောင်ပေးနေသော ကမ္ဘာ့ပို့ကုန် နံပါတ် (၂) အဆင့်ရှိသည့် နိုင်ငံဖြစ်ပါသည်။ နေ့စဉ် နံနက် ၆ နာရီမှ ၈ နာရီအထိ ကမ္ဘာ့အကြီးဆုံး ပန်းစျေးကွက်၊ လေလံပွဲကြီးကို အန်စတာဒန်လေယာဉ်ကွင်းအနီး၌ ပြုလုပ်ပါသည်။ တစ်ကမ္ဘာလုံးမှ စိုက်ပျိုးသမျှ ပန်းများလာရောက် အရောင်းအဝယ်ပြုကြသည့် လေလံပွဲကြီး ဖြစ်ပါသည်။ နိုင်ငံအနှံ့ မြေအားလုံးနီးပါး မြေပြန့်ဖြစ်ပြီး ဥယျာဉ်ခြံ၊ သီးနှံ၊ ပန်းမာန်၊ နွားမွေး၊ ကြက်မွေး၊ ဝက်မွေးဖြင့် နိစ္စဒူဝ စိုက်ပျိုးမွေးမြူရေးဖြင့် လည်ပတ်လျက်ရှိသော နိုင်ငံဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်လည်း ကမ္ဘာစျေးကွက်ဝင် ပန်းများ စိုက်ပျိုးနိုင်ပြီး ကမ္ဘာ့အဓိကစျေးကွက် (World Agricultural Market) သို့ တိုက်ရိုက်အမြန်ဆုံး ရောက်နိုင်သော လေကြောင်း သယ်ယူပို့ဆောင်ရေးစနစ် (Air Transport System) အမြန်ဆုံး လိုနေပါသည်။ မျိုးကောင်းမျိုးသန့် ပန်းမျိုးစေ့ အထွက်ကောင်းနည်းပညာများမှာ သူတို့နိုင်ငံက ကူညီနိုင်သည်ဟု ပြောကြားပါသည်။
ဘွဲ့ကြိုနှင့် ဘွဲ့လွန် ကျောင်းသားအချိုးမှာ (၅၀%) တစ်ဝက်ခန့်စီ ရှိပါသည်။ သို့မှသာ Research-Based University ဖြစ်မြောက်ပါမည်။ ၂၀၁၅ ခုနှစ် စာရင်းဇယားအရ တက္ကသိုလ်တစ်နှစ်ဝင်ငွေ (€ 635 million) ယူရို ၆၃၅ သန်း ရရှိပါသည်။ တက္ကသိုလ်နှင့် သုတေသန ပူးပေါင်းလုပ်ဆောင်ထား၍ (Wageningen University and Research - WUR) သုတေသနဌာနမှ အစားအသောက်နှင့် ဇီဝအခြေခံ သုတေသန (Food and Bio-based Research)၊ တရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးသုတေသန (Livestock and Bio-Veterinary Research)၊ ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန (Environmental Research)၊ သီးနှံပင်ဆိုင်ရာ သုတေသန (Plant Research)၊ စီးပွားရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ တီထွင်မှုဌာန (Economic and Centre for Development Innovation) တို့က တက္ကသိုလ်သင်ကြားရေးနှင့် အချိုးညီညီ လုပ်ဆောင်လျက် ရှိနေပါသည်။ ကျွန်တော်တို့နိုင်ငံရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (YAU) နှင့် စိုက်ပျိုးရေး သုတေသနဌာန (DAR) တို့ ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် သူတို့နိုင်ငံစနစ် ဖြစ်သွားနိုင်ပါသည်။
နယ်သာလန်နိုင်ငံအတွင်းရှိ လယ်တောများသို့ လေ့လာရာတွင် ပျှမ်းမျှ စိုက်ကွင်းတစ်ခု နို့စားနွား အကောင် (၃၀၀) ခန့် မွေးမြူပြီး၊ နွားစားကျက် မြက်ခင်း ဟက်တာ (၁၀၀) ခန့် ရှိသလို နွားမွေးတောင်သူ မစ္စတာဘတ် (Mr. Bert) နှင့် တွေ့ဆုံခဲ့ရာမှာ - နွားနို့ညှစ်ပုံ၊ နွားအစာကျွေးပုံ၊ လွှတ်ကျောင်းပုံကို သူနှင့် ဝန်ထမ်း (အလုပ်သမား) တစ်ဦးသာ ကြီးကြပ်မွမ်းမံနေသည်မှာ အလွန်အတုယူစရာ ကောင်းလှပါသည်။ နယ်သာလန်လူမျိုးတွေ ကမ္ဘာမှာ အရပ်ရှည်ပြီး ကျန်းမာကြံ့ခိုင်နေသည်မှာ နေ့စဉ် နွားနို့သောက်နှုန်း များပြားလို့ဟူ၍ သူကပြောဆိုပါသည်။
တက္ကသိုလ်ဝန်း (University Campus) အတွင်းတွင်လည်း Friesland Campina ကုမ္ပဏီက သုတေသနပြု ဌာနကြီးတစ်ခု ဆောက်ပေးထားပြီး နွားနို့နှင့် ပတ်သက်၍ ထုတ်လုပ်ပုံ၊ ပြင်ဆင်ထုပ်ပိုးမှု၊ အာဟာရဓာတ်၊ နွားနို့မှ ပြုပြင်ထုတ်လုပ်ထားသော အစား အသောက် နို့ထွက်ပစ္စည်းများကို ဘွဲ့လွန်သုတေသနများ၌ ထောက်ပံ့ငွေပေး၍ သုတေသနလုပ် တီထွင်သွားသည်မှာ University–Industry Linkage တက္ကသိုလ်နှင့်ပုဂ္ဂလိကကုမ္ပဏီများ တွဲဖက်လုပ်ဆောင်မှု အလွန်ကောင်းမွန်ပါသည်။
နယ်သာလန်နိုင်ငံရှိ အသက်မွေးဝမ်းကြောင်းပညာရပ် သင်ကြားရေး ပြုလုပ်နေသော - Vocational Education School, AERES Hogeschool မှာ လေ့လာရာတွင် အလုပ်ရရှိမှု (Employability)၊ ရေရှည်တည်တံ့ခိုင်ခံ့မှု (Sustainability)၊ သင်ယူ တတ်မြောက်ထားသော ပညာဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု (Development-Oriented)၊ အသုံးချပညာကို တိုက်ရိုက်ပံ့ပိုးပေးနိုင်မှု ဦးတည်ချက်များ (Direct Applied-Oriented Approach) ကို အခြေခံသဖြင့် ထိုကဲ့သို့ သင်တန်းကျောင်းများ (Vocational Institutes) သို့ တက်ရောက်လိုသူ ကျောင်းသား/သူ များပြားလှပါသည်။ ထိုအဆင့်တွင် အင်္ဂလိပ်လို မသင်ကြားဘဲ သူတို့ဘာသာစကား (Dutch Language) ဖြင့်သင်ကြားပေးပါသည်။ အင်္ဂလိပ်စာဖြင့် သင်ယူပြီး ဘာသာရပ်အကြောင်း နားမလည်ဘဲ အလွတ်ကျက် ပြန်ဖြေရသော ပညာရေးစနစ် မဟုတ်ပါ။ အသက်မွေးဝမ်း ကျောင်းပညာ ဆိုသည်မှာ အလုပ်အကိုင် အခွင့်အလမ်း တိုက်ရိုက်ဖန်တီးပေးသည့် ပညာဖြစ်ပြီး အလုပ်ခွင်ထဲ တိုက်ရိုက်ဆွဲသွင်းသော ထိုပညာရေးစနစ်ကို ကျွန်တော်တို့နိုင်ငံတွင်လည်း ကျင့်သုံးနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။
ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါက်တာမျိုးကြွယ်
လွန်ခဲ့သော ၄ နှစ် ကဖုံးနံပါတ်နဲ့လိပ်စာလေး အစိမ်းရောင်လမ်းကို ပို့ပေးပါခင်ဗျာ၊ စာအုပ်လက်ဆောင်ပေးချင်လို့ပါ၊ ရွေရောင်လွင်ပြင် golden plains livelihood development services Facebook page မှလည်း အပတ်စဉ် စနေနေ့ည ၈-နာရီတိုင်း စိုက်ပျိုးမွေးမြူရေး၊ ပညာရေးဆိုင်ရာ ဆွေးနွေးပွဲတွေပြုလုပ်နေပါတယ်၊ မှတ်ပုံတင် registration ပြုလုပ်ပြီး zoom နဲ့ပါဝင်ဆွေးနွေး၊ မေးမြန်းနိုင်ပါတယ် ခင်ဗျာ။
ဒေါက်တာမျိုးကြွယ်
လွန်ခဲ့သော ၄ နှစ် ကနိုင်ငံတကာမှာ Agriculture ဆိုတာ စိုက်ပျိုးရေး၊ မွေမြူရေး၊ အင်ဂျင်နီယာ၊ သစ်တော၊ ပတ်ဝန်းကျင်ထိန်းသိန်းရေး စုပေါင်းလုပ်ကြတယ်၊ ဒီမှာကပညာရှင်တွေ သီးသန့်နေကြပြီး တယောက်အလုပ် တယောက်ကအထင်မကြီးကြပါ၊ ပူးပေါင်းလုပ်ရန်အလွန်ခက်ပါတယ် synergism effect မရပါ၊ အဲဒါကွာတာပါဘဲ
ဒေါက်တာမျိုးကြွယ်
လွန်ခဲ့သော ၄ နှစ် ကမကြာခင် Vocational Education ကိုပြန်ဦးစားပေးရမှာပါ
ကိုမင်းမင်း
လွန်ခဲ့သော ၄ နှစ် ကNLDအစိုးရလက်ထက်တွင် Vocational Education Shoolတွေကိုမြင်တွေ့လာရလို့ဝမ်းသာမိပြီး၊ကိုယ့်ဒေသကိုယ့်ရပ်ရွာတွေမှာဒေသနဲ့ကိုက်ညီတဲ့၊အသက်မွေးဝမ်းကျောင်းမှု့အတတ်ပညာသင်တန်းတွေကို၊ဦးစီးဌာနတွေနဲ့ချိတ်ဆက်ပြီးအကောင်အထည်ဖော်ဆောင်ခဲ့ကြပေမယ့်၊ယနေ့အချိန်မှာတော့အင်မတန်ဝမ်းနည်းစရာကောင်းအောင်တိုင်းပြည်ကြီးပျက်စီးဆုံးရှုံးသွားပြီ။
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဒေါက်တာမျိုးကြွယ်
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....