တောင်သူများ၏ အခက်အခဲများနှင့်ပတ်သက်၍ တောင်သူပညာပေး စိုက်ပျိုးရေးပညာရှင်တစ်ဦး၏ အမြင်
Green Way တွင် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် နည်းပညာ၊ ဗဟုသုတများ ရေးသားမျှဝေပေးနေသလို တောင်သူများထံလည်း အရောက်သွားကွင်းဆင်းကာ ပညာပေးမှုများပြုလုပ် နေသည့် စာရေးဆရာ စိုက်ပျိုးရေးပညာရှင် ဒို့ဦးလေး ၏ မင်းဘူးနယ်တွင် အမျိုးသမီး တောင်သူများနှင့်တွေ့ဆုံစဉ် သူတို့ဘက်က ပြောပြလာသည့် အခက်အခဲများနှင့်ပတ်သက်၍ သူ၏ အမြင်ကို ပြန်လည်ပြောပြထားခြင်းဖြစ်ပါသည်။
“ သူတို့မှာ နံပါတ်တစ်က နည်းပညာအခက်အခဲရှိတယ်ပေါ့။ ပိုးသတ်ဆေး၊ မှိုသတ်ဆေးတွေ နှစ်တိုင်းနှစ်တိုင်း ဖျန်းနေရတာတော့ မလွဲဘူးပေါ့။ ဒါပေမဲ့ နားလည်လို့ဖျန်းတာမဟုတ်ဘူး။ ပိုးတွေအကြောင်း၊ ဆေးတွေအကြောင်း နားမလည်ဘူးပေါ့နော်။ စုပ်စားပိုး၊ ကိုက်စားပိုးတွေအတွက် ဘာအတွက် ဘာဆေးဖျန်းရမယ်ဆိုတာကို သိတာမျိုးမဟုတ်ဘူး။"

“ နောက်အခက်အခဲက မှတ်တမ်းမှတ်ရာမရှိတာပဲ။ ဒီနှစ်အတွက် ပိုးသတ်ဆေးဖိုး ဘယ်လောက်ကျလဲဆိုတာကိုမေးတော့ ဘာမှမှတ်တမ်းမရှိဘူးတဲ့။ ခန့်မှန်းခြေတော့ ၄၊ ၅ သိန်းတော့ ကုန်မှာပေါ့တဲ့။ မှတ်တမ်းမရှိဘူး။ အဲ့ဒီအချက်က တော်တော်ဆိုးတယ်။ နောက် ဘယ်ရက်မှာစိုက်တယ်ဆိုတာကအစ မျိုးဖိုးဘယ်လောက်ကုန်တယ် ထယ်ထိုးထွန်မွှေခ အဲ့ဒါမျိုးတွေ မမှတ်ဘူးတဲ့။ ခန့်မှန်းခြေလောက်ပဲ။ ပိုးသတ်ဆေးဆိုလည်း ဆိုင်က ဘောက်ချာလေးတော့ သိမ်းထားတယ်ပေါ့လေ။ ဒီပေါ်မှာမှ အရှုံးအမြတ် မှန်းကြရုံသက်သက်ပဲ"
“ နောက်ထပ်တစ်ခုကတော့ သွင်းအားစုအတွက် အရင်းအနှီးမရှိဘူး။ အကြွေးတွေနဲ့ယူတယ်။ သီးနှံမှာ တစ်ခုခုဖောက်ပြန်လို့ သီးနှံမထွက်တော့ရင် အကြွေးကထပ်သွားရော။ ဆိုတော့ မှတ်တမ်းမှတ်ရာလည်းမရှိတော့ အကြွေးကို ဘယ်လိုမြတ်ရင် ဘယ်လိုဆပ်မယ်။ ဘယ်လို ဖြေရှင်းမယ်ဆိုတာမျိုးတွေ မရှိတော့ဘူးပေါ့။ ဆိုတော့ ဒီတောင်သူဘဝနဲ့ သက်သက်ချည်း ဆက်လက်ရပ်တည်လို့ဖြစ်မဖြစ်ဆိုတာတွေ တွက်တာမရှိတော့ဘူးပေါ့”
နောက် အလုပ်သမားအခက်အခဲရှိတာပေါ့။ များသောအားဖြင့် ယောက်ျားလူငယ်လူရွယ် တွေက နိုင်ငံခြားထွက်အလုပ်လုပ်ကြ၊ တနယ်တွေမှာ သွားအလုပ်လုပ်ကြတော့ ကျန်ခဲ့တာ က အမျိုးသမီးတွေများတယ်။ ဆိုတော့ အမျိုးသမီးတွေက ယောက်ျားတွေနဲ့ ဒိုးတူဘောင် ဖက် အလုပ်လုပ်ကြရတာပေါ့။ ထယ်ထိုးထွန်မွှေကအစ ဆေးဖျန်းတာတွေအထိပဲ"
“ ဘယ်လိုကုစားလို့ရနိုင်လဲဆိုတော့ ကျွန်တော်တို့ စိုက်ပျိုးရေးဌာနမှာတုန်းကကတည်းက ပြောတော့ပြောလာတာပဲလေ။ တောင်သူကို နည်းပညာပေးဖို့၊ တောင်သူကလက်ခံလာဖို့ ဆိုတာ အချိန်တော်တော်ယူရတာကိုး။ ဆိုတော့ အများကြီးလိုက်နာလာဖို့ဆိုတာတော့ တော် တော်ခက်တယ်။ ဆိုတော့ နည်းပညာတစ်ခုကို ပေးချင်တယ် ပြောင်းချင်တယ်ဆိုရင် အဲ့ဒီရွာမှာ ဩဇာရှိတဲ့သူ၊ လေးစားရတဲ့သူ လွှမ်းမိုးမှုရှိတဲ့သူတစ်ယောက်ယောက်ကို စံပြလုပ်ပေးမှရတယ်။ အုပ်ချုပ် ရေးမှူးကဖြစ်ဖြစ်၊ တောင်သူကြီးတစ်ယောက်ကဖြစ်ဖြစ် သူလုပ်ရင် အားလုံးက ဝိုင်းလုပ်ကြ တယ်၊ သူပြောတာဆို ယုံကြတယ်ဆိုရင် အဲ့ဒီတောင်သူကို ဟောပြောပွဲမှာ ဒါကို ဒီလိုလုပ်ရ မယ်၊ ဒါမျိုးဆိုရင် ဘယ်လိုလုပ်ရမယ်ပေါ့။ အဲ့လိုလူပါလာမယ်ဆိုရင် ကျန်တဲ့သူ ၄၊ ၅ ဆယ်ယောက်ပါလာလိမ့်မယ်။ နည်းနည်းချင်း စပြောင်းရမှာပေါ့ဗျာ”
Photo Crd_Thar Thar Po Po FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒို့ဦးလေး
လွန်ခဲ့သော ၄ နှစ် ကနည်းပညာခေတ်မှာ ဘာဘဲလုပ်လုပ်၊ နည်းပညာနဲ့လုပ်မှ အဆင်ပြေပါတယ်။ ရမ်းသမ်းမှန်းသမ်းနဲ့ သွားလို့ မရတော့ပါဘူး။ နည်းပညာ ယူရကောင်းမှန်း သိလာတာက်ုဘဲ ကျေးဇူးတင်ဝမ်းမြောက်လှပါတယ်ခင်ဗျာ။
ခိုင်ခိုင်ဦး
လွန်ခဲ့သော ၄ နှစ် ကဆရာပြောတာမှန်ပါတယ် ကျွန်မတို.ရွာကတောင်သူတွေလဲ နည်းပညာမသိတော.မှတ်တမ်းမှတ်ရာ မရှိကြပါဘူး ဖြစ်နိုင်မယ်ဆိုရင်ကျွန်မတို. ရွာလေးကိုအသိပညာပေးဆွေးနွေးပွဲလေးလာရောက်လုပ်စေချင်ပါတယ်ရှင်.
ဒို့ဦးလေး
လွန်ခဲ့သော ၄ နှစ် ကcongratulations
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....