ဧရာဝတီတိုင်းမှ လယ်သမားများ ခရုပြသနာနှင့် ရင်ဆိုင်နေရ
အစိမ်းရောင်လမ်းအဖွဲ့ဝင်တစ်ယောက် ဒေးဒရဲမြို့ (ဧရာဝတီတိုင်း) ကို သွားရောက်ရာတွင် လယ်သမားများနှင့် တွေ့ဆုံပြီး ၎င်းတို့၏ အခက်အခဲများ၊ ပြသနာများကို သိရှိခွင့်ရခဲ့ပါတယ်။ ထိုအထဲမှ ခရုပြသနာသည် ယခုချိန်ထိ ဖြေရှင်းလို့မရသော ပြသနာကြီးတစ်ခုဖြစ်ပါတယ်။ ဒေသအခေါ် ထိုင်ဝမ်ခရု (မြန်မာတို့ရဲ့ ထုံးစံအရ ပုံမှန်အရွယ်ထက် ကြီးသော အသီး၊ အပင် စသည်တို့ကို ထိုင်ဝမ်လို့လည်း ခေါ်တတ်ကြပါသေးတယ်) လို့ အမည်ရတဲ့ ခရုပြသနာကို လွန်ခဲ့တဲ့ ၂ နှစ်ခန့်မှ စပြီး တွေ့ကြုံခဲ့ကြပါတယ်။ ဒီခရုပြသနာက တစ်နှစ်ထက်တစ်နှစ် မြစ်၊ ချောင်း အထက်ပိုင်းသို့ တက်လာတယ်လို့ ဆိုပါတယ်။

ကောလဟာလတစ်ခုရ ထိုင်းမှာ အလုပ်သွားလုပ်တဲ့ သူတစ်ယောက်က ဒီခရုကို သဘောကျလို့ ပြန်လာတဲ့အချိန်မှာ ၄-၅ လုံးလောက် သယ်လာပြီး မွေးထားရာမှ ပြန့်ပွားသွားတယ်လို့ ဆိုပါတယ်။
ဒီပြသနာကို ဖြေရှင်းဖို့ရာအတွက် အစိမ်းရောင်လမ်းအနေနဲ့ အားလုံးကို ပူးပေါင်းပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။ အခုဆို လယ်သမားတွေ ၎င်းတို့ စပါးခင်းတွေ ဆုံးရှုံးနေရပြီး အခက်အခဲများစွာကို ရင်ဆိုင်နေရပါတယ်။
ခရုနှင့် ပတ်သတ်သော အချက်အလက်များ
အခုနှင့် ပတ်သတ်တဲ့ ဓာတ်ပုံတွေကို ဝက်ဆိုဒ်ပေါ်မှာ တင်ထားပေးပါတယ်။ အရွယ်အစားက သာမာန်ခရုထက် ၅ ဆမှ ၁၀ ဆ ခန့်ကြီးပါတယ်။ လယ်သမားတွေအဆိုအရ ဒီခရုတွေကို နှစ်ပတ်လည်လုံး မျိုးပွားပါတယ်။ နှစ်စဉ်ကျနေကြ ခရုတွေကတော့ သူရာသီချိန်ရောက်မှ ဥတဲ့အတွက် စိုက်ချိန်ကို ထိုခရုပွားများချိန်နဲ့ မကိုက်အေင် ချိန်ဆပြီး
စိုက်ရင်လွတ်နိုင်ပါသေးတယ်။ ထိုင်ဝမ်ခရုတွေကတော့ အစုလိုက် ဥတတ်ပြီး တစ်မြုံလျှင် ခန့်မှန်း ဥအရေအတွက် ၁၀၀၀ ခန့်ရှိပါတယ်။ ခရုရဲ့ အဖျားအနားတွေက အလွန်ရှနေတတ်ပြီး ကွင်းထဲဆင်းတဲ့ လယ်သမားတွေလည်း ခဏခဏ ထိခိုက်ဒဏ်ရာ ဖြစ်နေရပါတယ်။ အချို့ဆို ကွင်းထဲဆင်းရမှာကို ကြောက်နေရပါတယ်။ ဒီရေကျပြီး နေပူနေချိန်ဆို ဒီခရုတွေက ရေအောက်ခြေကို သွားပြီး ပုန်းနေတတ်ကြပါတယ်။
လယ်သမားတို့ရဲ့ အခက်အခဲများ
ပိုးသတ်ဆေးနှင့် ဓာတုဆေးများ အသုံးပြုခြင်း
လယ်သမားတွေအနေနဲ့ နည်းလမ်းအသွယ်သွယ်နဲ့ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြပေမယ့် အခုထိ မထိန်းချုပ်နိုင်သေးပါဘူး။ ဓာတုဆေးသုံးဖို့ရာကလည်း မလွယ်လှပါဘူး။ ဒီရေတက်ချိန်မှာ စိုက်ခင်းတစ်ခုလုံးရေပြည့်နေတတ်တဲ့အတွက်ကြောင့် ဆေးအာနိသင်က မထိရောက်တော့ပါဘူး။ စိုက်ခင်းတွေကလည်း ရေကို လိုသလိုထိန်းချုပ်လို့ရတဲ့ အနေအထားမှာ မရှိပါဘူး။
ဇီဝနည်းဖြင့် ထိန်းချုပ်ခြင်း
ဘဲများကို စိုက်ခင်းထဲထည့်ပြီး စားခိုင်းတာလည်း အဆင်မပြေပါဘူး။ ဒေသရှိ ခရုများကို ဘဲများစားပေမယ့် အခု ခရုတွေက အရွယ်အစားကြီးများလွန်းနေတဲ့အတွက်ကြောင့် ဘဲမစားပါဘူး။
ကောက်ယူဖယ်ရှားခြင်း
အစပိုင်းမှာတော့ လယ်သမားတွေက ခရုတွေကို ကောက်ယူပြီး ကြက်ခြံတွေကို ပို့ပေးကြပါတယ်။ ကြက်ခြံပိုင်ရှင်တွေက ထိုခရုများကို ကြိတ်ချေပြီး ကြက်စာနဲ့ ရောကျွေးကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကြက်တွေလည်း မစားတော့ပါဘူး။ ဒါကြောင့် လယ်သမားတွေလည်း ကောက်မနိုင်တော့ဘူး လက်လျော့လိုက်ကြပါတယ်။
မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိလှသော ဆွေးနွေးချက်တွေကို အောက်ပါ ကွန်မန့်ဘောက်မှ တစ်ဆင့် ပေးနိုင်သလို info@greenwaymyanmar.org သို့လည်း ပေးပို့နိုင်ပါတယ်။
Aung Thein Win
လွန်ခဲ့သော ၅ နှစ် ကပန်းပင်တွေမှာ(မောနင်းဖလားဝါး)ကျတတ်တဲ့ခရုလေးများကိုမည်သည့်ပိုးသတ်ဆေးအသုံးပြုရမလဲခင်ဗျာ!
ဆက်စပ်မေးခွန်းများ
ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ
အိသူဇာချို • ဖြေကြားချက် 1 ခု
TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား
Sawsamson • ဖြေကြားချက် 1 ခု
မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်
Sawsamson • ဖြေကြားချက် 1 ခု
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026