စိုက်ပျိုးစီးပွားအတွက် လိုအပ်ချက်
Subcategory:
ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ
ဦးလေးကြီးတို့ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကြတယ်ဆိုတာက အိမ်စားဖို့ပဲဖြစ်ဖြစ်၊ ပြန်ရောင်း ဖို့ပဲဖြစ်ဖြစ် လုပ်ကြစိုက်ကြပျိုးကြတာ အမှန်ပါပဲ။ ဒါပေမဲ့ ဦးလေးကြီးရဲ့ တောင်သူ လယ်သမား ဦးကြီးတွေ၊ အကိုအမတွေက ငါတို့ဟာ စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ဆောင် နေကြတယ်ဆိုတာကို မေ့နေတတ်ကြတယ်။ ဦးလေးကြီး ကျောက်ဆည်မှာ အမေရိကန် တက္ကဆက်က ဒေါက်တာ Richard Edward လာပြီးပို့ချတဲ့ သင်တန်းကို တကူးတက သွားတက်ပါတယ်။ သူဖွင့်တာက ကျောက်ဆည်မှာ၊ ကိုယ်နေတာက နောင်ချိုမှာ။
သူ ဘာတွေသင်သွားတာလဲဆိုတော့ စိုက်ပျိုးရေးလုပ်ငန်းကို လုပ်နေကြတဲ့ တောင်သူတွေ အတွက် မှတ်တမ်းမှတ်ရာထားနည်းနဲ့ ကိုယ်လုပ်နေတဲ့ လုပ်ငန်းတစ်ခုကို ခြုံငုံပြီး ကြည့် တတ်ဖို့ သင်သွားပေးတာဖြစ်ပါတယ်။
စိတ္ထား
ကဲ စိတ်တွေကို ပြင်လိုက်ပါတော့။ လယ်တစ်ဧကပဲ ပိုင်ပိုင်၊ ခြံထဲမှာ တစ်နေရာ စာလေးပဲ စိုက်စိုက်ပါ။ ငါဟာ စိုက်ပျိုးရေးကို လုပ်နေတဲ့ လုပ်ငန်းရှင် တစ်ယောက်လို့ ကိုယ့်ကိုကိုယ် သတ်မှတ်လိုက်ပါ။ တူ၊ တူမတို့က စိုက်ပျိုးရေး လုပ်ကြတယ်ဆိုရင် တခြားလုပ်ငန်း လုပ်နေကြတဲ့ သူတွေ (ဇီးထုပ်ထုပ်တဲ့ အိမ်တွေ၊ အိမ်ဆိုင်လေးဖွင့်ထားတဲ့သူတွေ) လောက်ကို အထင်မကြီးကြတာကို ပြောင်းလိုက်ပါတော့။ အိမ်ထဲက ခြံဝိုင်းလေးမှာ စိုက်ထားတဲ့ မုန်ညှင်း ၄ပင် ၅ ပင်ကလည်း တစ်နိုင်တစ်ပိုင် စီးပွားရေးပါပဲ။ ကြီးကြီးလုပ်လေ ပိုပြီးတော့ ဂုဏ် ယူရလေပါပဲ။ ကုမ္ပဏီထောင်မှ လုပ်ငန်းမဟုတ်ပါဘူး။ ကိုယ်လုပ်နေတာ အမြတ် ရရ ရှုံးရှုံး စီးပွားရေးအတွက် လုပ်နေကြတယ်ဆိုရင်၊ ကိုယ်စားဖို့ ရနေရင်ပဲ လုပ်ငန်းတစ်ခုပါပဲ။
ကဲ…….စလိုက်တော့၊ ဖုန်းတစ်လုံးကို ကောင်းကောင်းသုံးပါ။ ကိုယ်ကိုင်နေတာ ကိုယ့်လုပ်ငန်းသုံးဖုန်းပဲပေါ့။ ပေးလိုက်စမ်း နာမည်လှလှလေးနဲ့ ဦးစိန်သောင်း ခရမ်း သီးခြံ၊ ဘာခြံညာခြံ၊ ပြီးတော့ ဒေါ်မိသန်း စိုက်ပျိုးရေးလုပ်ငန်း ဖုန်း ဘယ်လောက်…ဘယ်လောက် ဆိုပြီးတော့ လုပ်ထားလိုက်ကြတော့ဗျာ။ ကိုယ်လုပ်နေတာ စိုက်ပျိုးရေးလုပ်ငန်း၊ ကိုယ်က စိုက်ပျိုးရေးလုပ်ငန်းရှင်။
အဲ့….စိုက်ပျိုးရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်သွားရင်တော့ သိထားသင့်တာ တွေအတွက် ဦးလေးကြီးက ဆက်ပြီးတော့ ပြောပြပေးမှာ။
Farm Record လယ်ယာလုပ်ငန်းမှတ်တမ်း
ဟုတ်ပါပြီ။ စီးပွားရေးလုပ်ငန်းရှင် ဖြစ်သွားပြီးတဲ့နောက်မှာတော့ စာတစ်အုပ်နဲ့ ဘောပင် တစ်ချောင်းလောက်တော့ ဝယ်လိုက်ပါ။ မှတ်ပါတော့ တစ်နေ့ တစ်နေ့ ဘာတွေလုပ်တယ်၊ လူက ဘယ်နှစ်ယောက်လောက်သုံးနေလဲ။ ပြီးတော့ ဘယ် လောက်များ ပြီးသလဲ ဆိုတာကို အကုန်မှတ်ပါ။ ဥပမာဆိုရင် ‘၂၀.၂.၂၀၁၇ (တနင်္လာ) ကြက်သွန်ခင်းပေါင်းနုတ်၊ နေ့စား (၃)ယောက်၊ အိမ်က အငယ် ကောင် ဘောင် ၂၀ ပြီး၊ ၉၀၀၀ ကုန်’ အဲ့လိုမျိုး သေသေချာချာသာမှတ်ထား။ နေ့တိုင်းသာရေး၊ ရွာထဲက ဖြတ်ရင် သူများမေးရင် ကိုယ်တွေ က ဘာလုပ်နေတာဆိုပြီး အသံကောင်းဟစ်လို့ရတာပါ့
ပြီးတော့ စာအုပ်ထဲ ခွဲထား။ ကြက်သွန်အတွက် စာရွက် (၁၀) ရွက်၊ ခရမ်းသီး အတွက် ၅ ရွက်၊ အဲ့လို ခွဲပြီးမှတ်ထား။ ပြီးသွားတော့လည်း ပြန်ကြည့်လို့ ရတာပါ့။ ဘယ်နေ့ ဘယ်ရက် ကများ ဘာလုပ်ထားတာလဲ ဆိုတာကို။ အိမ်က ဟာတွေနဲ့ ရန်မဖြစ်ရတော့ဘူးပေါ့၊ ပြိုင်မငြင်းရတော့ဘူးလေ။ ပြီးတော့ အပင်အရေအတွက် မမှတ်နိုင်တောင်မှ ဘောင်က ဘယ် လောက်စိုက်ထားတာ၊ ဧက က ဘယ်လောက်ဆိုတာကိုလည်း အရင်ဆုံး မှတ်ထားပေး ရမယ်။
နောက်တစ်ခု ထည့်ရမှာက နောက်ဆုံးကျတော့မှ ဘယ်လောက်ထွက်တယ်၊ ဈေးက ဘယ် လောက်ဆိုတာနဲ့ကိုပါ မှတ်ရမှာ။ ဦးလေးကြီး အောက်မှာ ဥပမာ ပေးထားတယ်နော်
မှတ်တမ်း ပြုစုပြီးရင်တော့ တွက်စရာရှိတာတွေကို တွက်ရမယ်၊ ပြီးတော့ တွက် ချက်ပြီးရင် ကိုယ့်အတွက် ဘာတွေကျန်ပြီး ဘာတွေမြတ်လဲဆိုတာကို တွေ့ရ ပြီးတဲ့နောက်မှာတော့ ပီတီတွေဖြာပေါ့လေ။ ဈေးကောင်းမရလို့ စိတ်ဆင်းရဲရတဲ့ နှစ် ဖြစ်တော့လည်း ကိုယ်လုပ်ခဲ့တဲ့ မှတ်တမ်းကို ကြည့်ပြီးတော့ ကျေနပ်ရမှာ ပေါ့။
အတွက်အချက်များ
Enterprise Budget
ဘက်ဂျက်ဆိုရင် တော်တော်များများက သဘောပေါက်လောက်ပါပြီ။ ကိုယ် က လုပ်ငန်းရှင် ကြီးတစ်ယောက်ပဲဖြစ်နေပြီပဲလေ။ ငွေရေးကြေးရေးက ကိုယ့်လုပ် ငန်းမှာ ဘယ်လို လည်ပတ် နေတာလဲဆိုတာကို သိရမှာပေါ့။ ဘယ်နေရာမှာ ဘယ် လောက်ကုန်သွားတယ် ဆိုတာကို သိရင်ပဲ ကိုယ့်အတွက် အကျိုးကရှိနေပြီးသား လေ၊ ကဲ့….ဒါတွေကို သိဖို့ဆိုရင် ခုဏက ပြောတဲ့ မှတ်တမ်းထဲက ပြန်ပြီး အသေးစိတ် ကြည့်ဖို့ပဲဖြစ်ပါတယ်၊ ဦးလေးကြီး သံပုရာကို တွက်ထားတဲ့ Enterprise Budget တစ်ခုကို ဥပမာတင်ပြပေးပါမယ်။
သံပုရာခြံ တစ်ဧက စိုက်ထားတဲ့ သူတစ်ယောက်ဆီကို မေးထားတာ ဖြစ်ပါတယ်၊ လက်ရှိ လည်း သူကတကယ်စိုက်နေပြီးတော့မှ ရောင်းနေတယ်၊။ သူစိုက်တာက အစေ့လွတ် နိုင်ငံ ခြားက သံပုရာမျိုးတွေလို့ပြောပါတယ်၊ ဦးလေးကြီးလည်း သူ့ခြံနား သွားလည်မယ် ဆိုပြီးမှ မရောက်ဖြစ်သေးတာ ခုထိပါပဲ။ ခြံထဲအထိကို လာဝယ်တယ် ပြောပါတယ်၊ အစပိုင်း မို့လည်း ဖြစ်ချင်ဖြစ်နိုင်ပါသေးတယ်။ နောက်ပိုင်း စိုက်တဲ့သူများလာရင်တော့ ဈေးကွက်က ဈေးကျနိုင်ပါသေးတယ်။ ဦးလေးကြီး အရင်က ရေးတဲ့စာအုပ်တွေထဲမှာ လုပ်ငန်းစတင် လုပ်ဆောင်မှုကို မူတည်ပြီးတော့ လုပ်ငန်းရှင်တွေကို ဘယ်လိုမျိုး အမျိုးအစားခွဲလို့ ရတယ်ဆို တာကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ အောက်က ဥပမာ လေးကို ကြည့်ကြည့်ပါဦး။ ရက်စွဲ အတိ အကျမသေချာတာကြောင့်လနဲ့ပဲထည့်ပေးလိုက်ပါတယ်နော်။
ဦးလေးကြီး ပြောသွားတဲ့ ဇယားကွက်ထဲမှာတော့ သံပုရာသီးတင်မက သံပုရာ ပင်ကိုပါ ကိုင်းကူးပြီးတော့ ရောင်းတာတွေကိုလည်း ထည့်တွက်ထားတာ ဖြစ်ပါ တယ်။ အုပ်ချုပ်မှု ကုန်ကျစရိတ်ဆိုပြီးတော့ ထည့်ထားတာကလည်း ကိုယ်မဟုတ်ရင်တောင် ကိုယ့်မိသားစု ထဲ က လူတစ်ယောက်ယောက်ကပဲဖြစ်ဖြစ် ဝင်ပြီးကူညီတယ်ဆိုရင် သူ့အတွက် ထိုက်သင့်တဲ့ အဖိုးအခ ပေးရမှာဖြစ်ပါတယ်။ အလုပ်သမားကို ဖုန်းခေါ်တာက အစ အဆုံးကို ကုန်ကျ စရိတ်ထဲမှာထည့်ထားမှ ကိုယ့်အတွက် တကယ်ကျန်တဲ့ စရိတ်ကို ရမှာဖြစ်တာကြောင့် ထည့်တွက် ပေးရတာ ဖြစ်ပါတယ်နော့။
ကဲ မမမန်နေဂျာ၊ ကိုကို မန်နေဂျာတို့ရေ ခုချိန်ကနေ စပြီးတော့ အသေးစိတ်သာ မှတ်ထား ကြစေ......
ပြန်ရချက်ကို တွက်ချက်ခြင်း
အဲ့မှာ သံပုရာပင် တစ်ဧကစိုက်တာ အပင် (၁၄၀) ဝင်ပါတယ်။ တစ်ပင်ကနေ အသီး (၃၀၀) ကတော့ အနည်းဆုံးထွက်ပြီးတော့ တစ်လုံးကို (၂၀၀) နဲ့ ရောင်း ရပါတယ်။ ဆိုတော့ကာ အကုန်လုံးရောင်းပြီးနောက် ပြန်ရတာရယ်။ ပျိုးပင်ကူး ပြီးတော့ ပြန်ရတာရယ်ကို ဇယားထဲမှာထည့်ပေးထားတာဖြစ်ပါတယ်။ ကိုယ်က ပြန်ရတာကို သပ်သပ်မှတ်ထားဖို့ ဖြစ်ပါ တယ်။
အမြတ်
ကုန်ကျထားတာတွေကလည်း ဇယားထဲရောက်နေပြီ။ ပြန်ရတာကလည်း ဇယား ထဲ ရောက်နေပြီ။ ကိုယ်ကုန်ထားတာကနေပြီး ကိုယ်ပြန်ရတာကို နုတ်လိုက်ရင် ကျန်တာက အမြတ်ပေါ့။ ကဲ…..အမြတ်ကို ကြည့်လိုက်ပါဦး သိန်း တစ်ရာ့ရှစ်ဆယ်တောင် မြတ်ပြီ။ အဲ့ဒါအမြတ်တွက်နည်းပါပဲ။
အရင်းကျေ အထွက်နှုန်းနဲ့ အရင်းကျေ ရောင်းဈေး
ကိုယ့်အခင်းထဲက အပင်ပေါင်း ဘယ်လောက်ရှိတယ် ဆိုတာကအစ မှတ်ထားရ မယ်လို့ ဦးလေးကြီးပြောပါတယ်။ အတိအကျ မဟုတ်တောင် အနီးစပ်ဆုံးတော့ သိထားရမှာပေါ့။ ဒါမှလည်း အထွက်ကို မှန်းလို့ရမှာပေါ့။
ခု သံပုရာစိုက်တာကို ကြည့်ကြည့်ရအောင်။ ဦးလေးကြီးတင်ပြထားတဲ့ အရင်း ကျေဈေးကို သိချင်ရင်တော့ ကိုယ့်ထဲမှာ ဘယ်လောက်ထွက်လဲဆိုတာကို သိရမှာ ဖြစ်ပါတယ်။ အလားတူပဲ အရင်းကျေအထွက်ကို သိချင်ရင်တော့ ဈေးကွက်ထဲ က ပေါက်ဈေးကို သိရမှာပဲဖြစ်ပါတယ်။
အရင်းကျေအထွက် ဆိုတာ ဘာလဲဆိုတော့ တောင်သူဦးကြီးတွေမှာ စိုက်ပြီး ပျိုးပြီး ထွက်လာတဲ့ ကုန်ပစ္စည်း (သီးနှံတွေ) ရှိနေပြီ။
တွက်နည်းကတော့ ကိုယ်ကုန်ကျထားတဲ့ အရင်းငွေကို ကိုယ်ရလာတဲ့ သီးနှံ အရေအတွက်နဲ့ စားလိုက်ဖို့ပဲဖြစ်ပါတယ်။
အရင်းကျေ အထွက်ဆိုတာကကျတော့ ဘယ်အချိန်မှာ အရေးကြီးလဲဆိုတော့ ကိုယ်သီးနှံ စစိုက်ချိန်ကတည်းကနေပြီး ကြားကာလတောက်လျှောက် နားစွင့် ထားဖို့လိုပါတယ်။ စျေးသိရင် ငါဘယ်လောက်ထွက်မှ အရင်းကျေမယ်ဆို တာကို တွက်ချက်တဲ့ အကြောင်းအရာ လေးပါပဲ။ သူက ရှင်းပါတယ်။
တွက်နည်းကတော ကိုယ်ကုန်ကျထားတဲ့ အရင်းအနှီးကုန်ကျစရိတ်ငွေကို ဈေးကွက်ထဲက ကိုယ်ကြားလာတဲ့ ပေါက်ဈေး နှုန်းနဲ့ စားလိုက်ရုံပါပဲ။ အောက်ဖက်မှာ ဦးလေးကြီး တင်ပြထားတဲ့ ဥပမာ သံပုရာခြံကို အရင်းကျေတွက်ထား တာကို တင်ပြထားပါတယ်။
ဦးလေးကြီးတင်ပြသွားတာက သံပုရာခြံ တစ်ဧက အပင်က ၁၄၀ ဝင်တယ်။ နောက်ပြီး တစ်ပင်ကို အလုံး (၃၀၀) ထွက်တယ်လို့ ခန့်မှန်းထားတာ။ ကဲ တွက်ကြည့်ရအောင် ထွက်နှုန်း (တစ်ပင် - ၃၀၀) ကို သိထားတော့ တစ်ခြံလုံးက အပင်(၁၄၀) ဆိုတော့ အားလုံးဆိုရင် (၄၂၀၀၀) အထွက်ကတော့ အနည်း ဆုံးပဲ ဖြစ်နေပြီ။ တွက်စမ်းပါ ကုန်ကျစရိတ်က ၇၂၂၀၀၀၀ ဆိုတော့ တည်ပြီး တော့ အထွက်နဲ့ စား
၇၂၂၀၀၀၀ ÷ ၄၂၀၀၀ = ၁၇၁.၉၀၄၇
ကဲ အဖြေကိုကြည့်ပါတော့ ၁၇၂ ကျပ်ပဲထားလိုက်ပါ။ ဒါဆိုရင် သိပြီ။ ဒီခြံက သံပုရာသီးတွေကု ၁၇၂ ကျပ်နဲ့ ရောင်းနိုင်ရင် အရင်းက ကျေပြီ။
နောက်ထပ် ထပ်တွက်ကြည့်ရအောင်..။ ဈေးကွက်ထဲက ပေါက်ဈေးကို စုံစမ်း လာကြည့်လိုက်တော့ (၂၀၀) ပေါက်တယ်ဆိုပဲ။ ဦးလေးကြီးတို့က သံပုရာသီးက မသီးသေးတဲ့အချိန်မှာ အဲ့ဒါကို တွက်နိုင်ရင် ပိုပြီးကောင်းတာပေါ့။ တွက်ရ အောင်.. ကုန်ကျစရိတ်ကိုတည် ပေါက်ဈေးနဲ့ စား
၇၂၂၀၀၀၀ ÷ ၂၀၀ = ၃၆၁၀၀
အဖြေက ၃၆၁၀၀ ဆိုတော့ အလုံးရေ အဲ့လောက်ထွက်ရင် အရင်းက ကျေ ပြီဆိုတာကို အသာလေးတွေ့နိုင်တာပေါ့။ တစ်ခုသတိထားရမှာက ဦးလေးကြီး တို့ စိုက်ပျိုးရေးဈေးကွက်ဆိုတာကလည်း ဈေးက အမျိုးမျိုးပြောင်းလဲနိုင်တာ ကြောင့် ဈေးနှုန်းကို ယူရင် အနည်းဆုံးပေါက်ဈေးကို ယူထားရင်တော့ ပြေး မလွတ်တဲ့ ငါးကို ကွန်ထဲထည့်ထားတဲ့ အတိုင်းပါပဲလို့ဆို...
တွက်နည်းတွေနဲ့ ပတ်သက်ပြီးတော့ မေးစရာတွေ ရှိရင် ဆက်သွယ်ပြီး မေးနိုင်ပါတယ် ဗျ။ သိသလောက် အကုန်လုံးကို ဖြေပေးပါမယ်။
ကဲ ဒါတွေ တွက်ပြီးချက်ပြီး လုပ်ရင်တော အရင်ထက် ပိုပြီးတော့ အကျိုး ရှိလာလိမ့်မယ်လို့ အာမခံပါတယ်လို့ ......
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်ကြပါစေလို့
ထွန်းဝင်းကျော်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 3 ခု
စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ
KO Thiha lin • ဖြေကြားချက် 2 ခု
ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ
KO Thiha lin • ဖြေကြားချက် 7 ခု
ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်
U Yan • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026