သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
တောင်သူရဲ့ ဝင်ငွေဟာ သူ သီးနှံပမာဏ ဘယ်လောက်ရောင်းချသလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ဒါပေမယ့် ပိုပြီး အရေးကြီးတဲ့အချက်က သီးနှံပေါက်ဈေး ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်အချက်တွေဟာ သီးနှံပေါက်ဈေးအပေါ် အဆုံးအဖြတ်ပေးကြောင်း တောင်သူတွေ နားလည်ထားဖို့ အရေးကြီးပါတယ်။
သီးနှံတစ်မျိုးရဲ့ ပေါက်ဈေးကို ရောင်းလိုအားနဲ့ ဝယ်လိုအားက ဆုံးဖြတ်ပါတယ်။ သီးနှံတစ်မျိုးအပေါ် ဝယ်မယ့်သူအားလုံးရဲ့ ဝယ်ယူလိုမှုစုစုပေါင်းကို အဲဒီသီးနှံအတွက် ဝယ်လိုအားလို့ ခေါ်ပါတယ်။ တောင်သူများအားလုံးရဲ့ သီးနှံတစ်မျိုး ရောင်းချလိုမှု စုစုပေါင်းပမာဏကိုတော့ အဲဒီသီးနှံရဲ့ ရောင်းလိုအားလို့ ခေါ်ပါတယ်။
သီးနှံတစ်မျိုး ဝယ်ယူလိုသူများ (ဝယ်လိုအားများ) ပြီး ရောင်းချလိုသူနည်း (ရောင်းလိုအား နည်း) နေရင် ဝယ်လက်တွေက အဲဒီသီးနှံအတွက် ဈေး ပိုပေးလာကြပါမယ်။
အဲဒီအခြေအနေမှာ သီးနှံဈေးတက်လာဖို့ ရှိတာကြောင့် တောင်သူတွေအတွက် ကောင်းပါတယ်။
သီးနှံတစ်မျိုး ရောင်းချင်သူများ (ရောင်းလိုအားများ) နေပြီး ဝယ်ယူချင်သူနည်း (ဝယ်လိုအား နည်း) နေရင် တောင်သူတွေဟာ အဲဒီသီးနှံကို ဈေးလျှော့ ရောင်းလာကြတော့မယ်။
အဲဒီအခြေအနေမှာ သီးနှံဈေးကျလာဖို့ ရှိတာကြောင့် တောင်သူတွေအတွက် မကောင်းပါဘူး။
ဆိုတော့ သီးနှံတစ်မျိုးရဲ့ ပေါက်ဈေးကို အဲဒီသီးနှံအပေါ် ဝယ်ယူလိုအားနဲ့ ရောင်းချလိုမှုပမာဏက အဆုံးအဖြတ်ပေးတယ်လို့ မှတ်ရပါမယ်။
သီးနှံတစ်မျိုးအပေါ် ဝယ်ယူလိုအား ကောင်း၊ မကောင်းကို အချက်များစွာက လွှမ်းမိုးပါတယ်။
တောင်သူတွေဟာ အဲဒီအချက်တွေကို ကောင်းကောင်း သိထားမှသာ သီးနှံဈေး အတက်အကျ သဘောသဘာဝကို နားလည်နိုင်မှာ ဖြစ်ပါတယ်။

(၁) ကြွယ်ဝမှု
သီးနှံဝယ်လိုအားဟာ ဒေသတစ်ခုအတွင်း နေထိုင်သူတွေရဲ့ ငွေကြေးသုံးစွဲနိုင်မှုအပေါ် များစွာ မူတည်ပါတယ်။ ငွေကြေးချို့တဲ့သူတွေက အခြေခံအစားအစာနဲ့ မရှိမဖြစ်ပစ္စည်းတွေအတွက်သာ ငွေသုံးနိုင်မှာဖြစ်ပါတယ်။ ကြွယ်ဝသူတွေကတော့ ဇိမ်ခံပစ္စည်းများ၊ ဇိမ်ခံစာတွေကိုပါ ဝယ်ယူလိုကြပါတယ်။ အဲဒါတွေအတွက် ငွေသုံးဖို့ ဝန်မလေးတတ်ကြပါဘူး။ ဒါကြောင့် ကြွယ်ဝတဲ့ဒေသအတွင်းရှိ တောင်သူတွေဟာ ချို့တဲ့တဲ့ဒေသတွေမှာထက် ငွေဝင်လမ်းဖြောင့်နိုင်ခြေ ပိုများပါတယ်။
(၂) နေရာဒေသ
သီးနှံတစ်မျိုးအပေါ် ဝယ်လိုအားဟာ နေရာဒေသလိုက်ပြီးလည်း ကွာနိုင်ပါတယ်။ ဥပမာ- မြို့ပေါ်မှာ အခြေခံကောက်ပဲသီးနှံတွေအတွက် ဝယ်လိုအား ကောင်းနိုင်ပါတယ်။ ကျေးလက်မှာတော့ အများစုက ကိုယ့်ဘာသာ စိုက်ပျိုးကြပါတယ်။ ဒါကြောင့် ကုန်စိမ်းစိုက်ပျိုးတဲ့ တောင်သူတစ်ဦးဟာ ကျေးလက်ဈေးထက် မြို့ပေါ်ဈေးမှာ ရောင်းစွံနိုင်ခြေ ပိုများပါတယ်။
အချို့သီးနှံတွေအတွက် ဝယ်လိုအားဟာ ပြည်တွင်းဈေးကွက်တင်မက ပြည်ပဈေးကွက်တွေကလည်း လာနိုင်ပါတယ်။ အဲလိုသီးနှံတွေအတွက် ပို့ကုန်ဈေးကွက် ရှိပါတယ်။ ပို့ကုန်လုပ်ငန်းရှင်တွေဟာ တောင်သူဆီက သီးနှံတွေကို ဝယ်ပြီး တစ်ဖက်နိုင်ငံ ကုန်သည်တွေဆီ တစ်ဆင့် ပြန်ရောင်းကြပါတယ်။ အဲဒီလိုသီးနှံ စိုက်ပျိုးတဲ့ တောင်သူတွေဟာ ပို့ကုန်ဈေးကွက်ကို ပိုအာရုံစိုက်သင့်ပါတယ်။ ဒါပေမယ့်လည်း ပြည်ပကို တင်ပို့မယ်ဆိုရင် သီးနှံအရည်အသွေး အလွန်ကောင်းနေဖို့ လိုအပ်မှာဖြစ်ပြီး ဒါဟာ တောင်သူအတွက် စိန်ခေါ်မှုတစ်ခုပါ။ နောက်ပြီး ပို့ကုန်ဈေးကွက် သီးနှံပေါက်ဈေးဟာ ပြည်တွင်းပေါက်ဈေးထက် အလွန် မြင့်မားနေနိုင်သလို မြင့်ရာကနေ အဆမတန် ကျဆင်းသွားတတ်တာကိုလည်း မမေ့သင့်ပါဘူး။ ဒါကြောင့် ပို့ကုန်ဈေးကွက်တစ်ခုတည်း အားကိုးနေတဲ့တောင်သူတွေဟာ ပုံမှန်ထက် အရဲစွန့်ရမှု ပိုများတယ်လို့ မှတ်ယူနိုင်ပါတယ်။
(၃) အချိန်အခါ
သီးနှံအချို့အတွက် ဝယ်လိုအားဟာ ရာသီအလိုက် ဖြစ်ပေါ်တတ်ပါတယ်။ ဥပမာ နွေရာသီထက် ပိုပြီး မိုးရာသီမှာ ထီးဝယ်လိုသူ ပိုများသလိုပါပဲ။ ပွဲလမ်းသဘင်နဲ့ အခါကြီးရက်ကြီးတွေကြောင့် အချို့သောသီးနှံတွေ ဝယ်အား တက်သွားတာမျိုး ရှိပါတယ်။ တောင်သူအနေနဲ့ သီးနှံတစ်မျိုးအတွက် ဝယ်လိုအားများတတ်တဲ့ ရာသီချိန်ခါကို သိအောင်လုပ်ထားရပါမယ်။ အဲဒီအချိန်အခါကို အခွင့်ကောင်းယူပြီး သီးနှံကို ဈေးကွက်တင် ရောင်းချနိုင်ရမှာဖြစ်ပါတယ်။
(၄) လူ့အကြိုက်
လူ့အကြိုက်က တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တစ်ယောက်ကြိုက်တာကို နောက်တစ်ယောက်က မကြိုက်နိုင်ပါ။ တစ်ယောက်အတွက် စိတ်ဝင်စားစရာကောင်းတဲ့ဟာက နောက်လူအတွက် ပျင်းစရာကောင်းရင်ကောင်းနေလိမ့်မယ်။ သီးနှံတစ်မျိုးမှာလည်း ဒီနှစ်မှာ ခေတ်စားပြီး ဝယ်လိုသူ များပေမယ့် နောက်နှစ်ရောက်တော့ နောက်သီးနှံတစ်မျိုးက အစားဝင်ယူသွားတာမျိုး ရှိနိုင်တယ်။ လူ့အကြိုက်ဟာ ခန့်မှန်းရခက်ခဲပါတယ်။ တောင်သူတွေအတွက် နောင်တစ်ချိန်မှာ ဘယ်သီးနှံ ခေတ်စားလာမယ်ဆိုတာကို ခန့်မှန်းဖို့ မလွယ်ကူပါဘူး။ အဲဒီလို မလွယ်ပေမယ့် အနီးစပ်ဆုံး ခန့်မှန်းနိုင်အောင်တော့ ကြိုးစားရပါမယ်။ အမြဲပြောင်းလဲနေတဲ့ လူ့အကြိုက်ကို ခန့်မှန်းနိုင်တဲ့ တောင်သူဟာ အခြားတောင်သူထက် ဝင်ငွေကောင်း ပိုရှာနိုင်မှာ ဖြစ်ပါတယ်။
(၅) ဈေးနှုန်း
သီးနှံတစ်ခုအတွက် ဝယ်လိုအားဟာ ဈေးနှုန်းအပေါ်လည်း များစွာ မူတည်ပါတယ်။ ဈေးကြီးလွန်းတဲ့ သီးနှံကို လူချမ်းသာ အနည်းစုကသာ ဝယ်ယူစားသုံးနိုင်မှာပါ။ နဂါးမောက်၊ ဒူးရင်း စတဲ့ သူဌေးစာ သစ်သီးဝလံတွေကို လူနည်းစုကသာ ဝယ်ယူအားပေးနိုင်ပါတယ်။ ဒါကြောင့် သီးနှံတွေရဲ့ ကြီးမြင့်တဲ့ဈေးနှုန်းက အဆိုပါသီးနှံ ဝယ်လိုအားအပေါ် လွှမ်းမိုးလျက်ရှိပါတယ်။
နောက်အပိုင်းမှာ ဈေးကောင်းရဖို့အရေးကြီးတဲ့ ရောင်းလိုအားအကြောင်းကို ဖော်ပြပေးသွားပါ့မယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Daw moo ra
လွန်ခဲ့သော ၂ နှစ် ကအားနည်းချက်အားသာချက်ပြောပြပေးလို့ကျေးဇူးပါ
ULaDoi
လွန်ခဲ့သော ၂ နှစ် ကသီးနံပေါက်စျေးကအဒီသီးနံရဲ့ကုန်ကျစရိတ်ကိုမကာမိဘူးဆိုရင်ဘယ်လိုဆက်ရောင်းမလဲ
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 3 ခု
စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ
KO Thiha lin • ဖြေကြားချက် 2 ခု
ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ
KO Thiha lin • ဖြေကြားချက် 7 ခု
ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်
U Yan • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဝေယံဟိန်း (B.Ag)
အားလုံး
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023
တောင်သူတို့အတွက် မားကတ်တင်း
19/09/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....