အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြစ်ဝကျွန်းပေါ်ကို အထွက်တိုးစေမည့် စပါးမျိုးကောင်းမျိုးသန့်

မြစ်ဝကျွန်းပေါ်ကို အထွက်တိုးစေမည့် စပါးမျိုးကောင်းမျိုးသန့်

Green Way
Green Way • Greenovator • 29/05/2018

အရည်အသွေးမြင့်မျိုးစပါးအလုပ်ဖြစ်ပုံကို လယ်သမားအများအပြား သဘောပေါက်လာကြသည်

ဘိုကလေး — ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မှ မော်လမြိုင်ကျွန်းမြို့သို့ သွားရာ လမ်းဘေး ဝဲယာတစ်လျှောက် စပါးခင်းများကို မျက်စိတစ်ဆုံး တွေ့မြင်နေရသည်။ ဘိုကလေး၊ ဂျပ်ချောင်းကျေးရွာသား ဦးဝင်းဌေးက ရိတ်သိမ်းချိန် နီးကပ်နေပြီဖြစ်သည့် သူ၏ စပါးခင်းကိုကြည့်ရင်း ပြုံးရွှင်နေသည်။ 

အပြောင်းအလဲတစ်ခု ပြုလုပ်ထားသော သူ၏လယ်ကွင်းက စပါးအထွက်နှုန်း တိုးလာသဖြင့် ထိုသို့ ပျော်ရွှင်နေခြင်း ဖြစ်သည်။

 “စပါးအရည်အသွေးက အပြတ်အသတ်သာတယ်။ ရောင်းတဲ့အခါမှာလည်း မျက်နှာပန်းလှပြီး ဈေးလည်းပိုရတယ်” ဟု ဦးဝင်းဌေးက ပြောသည်။

၂ဝ၁၂ နောက်ပိုင်းမှစ၍ ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူအကျိုးပြုအဖွဲ့အစည်းများက မျိုးကောင်းမျိုးသန့် ပိုမိုတွင်ကျယ်စွာ အသုံးပြုလာကြရေးအတွက် ကြိုးပမ်းခဲ့ရာ လိုက်ပါပြောင်းလဲကြသည့် ဦးဝင်းဌေးနှင့် လယ်သမား အများအပြား လက်တွေ့ အကျိုးခံစားနေကြရပြီဖြစ်သည်။

ဒေသမျိုးစပါးများထက် သာလွန်ကောင်းမွန်သည့် အရည်အသွေးများကြောင့် ရေရှည်စိုက်ပျိုးသွားရန် ဆုံးဖြတ်ထားကြောင်း ဦးဝင်းဌေးက ဆိုသည်။ 

မျိုးကောင်းမျိုးသန့်

တောင်သူအကျိုးပြုလုပ်ငန်းများကို လုပ်ကိုင်သည့် ပြည်တွင်းပြည်ပအဖွဲ့တချို့က ၂ဝ၁၂ မှ စတင်ကာ အရည်အသွေးမြင့် မျိုးစပါးများကို ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ခဲ့သည်။ ထိုအဖွဲ့များထဲတွင် ဘိုကလေးအခြေစိုက်   ရတနာဧရာ အဖွဲ့လည်း ပါဝင်သည်။

ရတနာဧရာသည် အသက်မွေးဝမ်းကြောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့(LIFT) ၏ထောက်ပံံံ့မှုဖြင့် မျိုးကောင်းမျိုးသန့် မျိုးစပါး ထုတ်လုပ်သည့် အစီအစဉ်တစ်ခုကို   ၂ဝ၁၆ နှစ်လယ်ပိုင်းက ဘိုကလေး၊ မော်လမြိုင်ကျွန်းမြို့နယ်များတွင် စတင် အကောင်အထည်ဖော်သည်။ 

စိုက်ပျိုးရေးဦးစီးဌာနအပါအဝင် မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်သည့် အဆိုပါ စီမံကိန်းအတွက် ကျေးရွာပေါင်း ၆ဝ မှ တောင်သူ ၂ဝဝ ကို ရွေးချယ်ကာ မျိုးစပါးထုတ်လုပ်ရန် စီစဉ်ပေးထားသည်။  ထုတ်လုပ်ပေးသည့် မျိုးစပါးတွင် ပေါ်ဆန်းယဉ်၊ ဆင်းသွယ်လတ်၊ ရတနာတိုး၊ သီးထပ်ယဉ်၊ ရက်၉ဝ(၁)၊  ရက်၉ဝ(၂) စသည်တို့ ပါဝင်ကြောင်း  သိရသည်။

ယခင်စီမံကိန်းများနှင့် ကွဲပြားသည့် အချက်မှာ မျိုးထုတ်လုပ်ရန် စိတ်ဝင်စားသည့် တောင်သူတို့ကို ရွေးချယ်ပြီး မျိုးသန့်ဈေးကွက် ဖြစ်ပေါ်လာရေး၊  တောင်သူများအကြား ပြန့်နှံ့ရောက်ရှိရေး စသဖြင့် ဦးတည်ထားခြင်းဖြစ်သည်ဟု  ရတနာဧရာမှ အကြီးတန်း အရာရှိ ကိုသက်နောင်စိုးက  ပြောသည်။

“အဓိကက တောင်သူတွေအကြား မျိုးကောင်းမျိုးသန့်တွေကို ပိုမိုသုံးစွဲလာဖို့နဲ့ ရေရှည် ဆက်လက် စိုက်ပျိုးသွားနိုင်ဖို့ပဲ။ အခုဆို တောင်သူတွေလည်း မျိုးသန့်ကို အသုံးချရကောင်းမှန်း သိလာကြပြီ ” ဟု စိုက်ပျိုးရေးအရာရှိ ကိုသက်နောင်စိုးက ပြောသည်။

ဤအတောအတွင်း စီမံကိန်းအစီအစဉ်တို့ကို စိတ်ဝင်စားလာကြပြီး မျိုးစေ့ ဝယ်ယူသူ များပြားလာသည်။

မျိုးစပါးအရောင်းပွဲတော်ကို ယမန်နှစ်က ဘိုကလေးတွင်  ပြုလုပ်ရာ  ပုသိမ်၊ ကျောင်းကုန်း၊  မြောင်းမြ၊ ဖျာပုံ၊ ဒေးဒရဲ စသည့် ဒေသတွင်း မြို့နယ်တချို့၊ ပဲခူးတိုင်းဒေသကြီး မြို့နယ်တချို့မှ လယ်သမားတို့ လာရောက်ဝ ယ်ယူခဲ့သည်ဟု ရတနာဧရာ နှင့် ဘိုကလေး စိုက်ပျိုးရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။  အဆိုပါဈေးပွဲတော်မျိုးကို အနာဂတ်တွင် ဆက်လက် ပြုလုပ်သွားမည်ဟု ဆိုသည်။

ဤအတောအတွင်း အဖွဲ့အစည်း၊ ဌာနဆိုင်ရာတို့နှင့် ချိတ်ဆက်ဝယ်ယူသူ၊  နီးစပ်ရာတောင်သူတို့ထံတွင် ဝယ်ယူသူများလည်း ရှိနေသည်။  

ပိုမိုစိတ်ဝင်စားလာ

ဘိုကလေးတွင် လယ်သမား စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းခန့်သာ မျိုးသန့်စပါးကို စိုက်ပျိုးခဲ့သော်လည်း ယခုအခါ ၆ဝ ရာခိုင်နှုန်းခန့် အထိ တိုးတက်လာသည်ဟု    မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက ခန့်မှန်းထားသည်။

မျိုးသန့် အားထားလာသူများထဲတွင်  အောက်မကျည်းကျောင်းမှ ကိုမင်းနောင်လည်း ပါဝင်သည်။ ကျေးရွာ တောင်သူအစုအဖွဲ့ အတွင်းရေးမှူး ကိုမင်းနောင်က အခြားသူများကိုလည်း မျိုးသန့်သုံးရန် စည်းရုံးနေသည်။

ရတနာဧရာ၏ အစီအစဉ်တွင် ပါဝင်နေသည့် ကိုမင်းနောင်သည် ၎င်းပိုင် လယ်ဧက ၂ဝ ထဲမှ ၆ ဧကကို မျိုးစပါးထုတ်ရေးအတွက် သုံးသည်၊ ထွက်သည့် မျိုးစပါးကိုလည်း  ဖြန့်ဝေရောင်းချပေးနေသည်။ သူ၏ကြိုးပမ်းမှုကြောင့် တစ်ရွာတည်းသား ကိုဇေယျာမင်းလည်း ယခုနှစ်မှ စတင်ကာ    မျိုးသန့်စပါးသုံးသူ ဖြစ်လာသည်။

၄ ဧကခန့်သာ စမ်းသပ်စိုက်ပျိုးသော်လည်း များမကြာမီ သူ့လယ် ၁၈ ဧကလုံးတွင် မျိုးသန့်စပါးသာ အသုံးပြုရန် ကိုဇေယျာမင်းက ပြင်ဆင်ထားသည်။ 

“အစကတော့ စိုက်ဖို့မရဲဘူး။ အခုပြောင်းစိုက်တော့မယ်။ အထွက်နှုန်းလည်း ကွာတယ်။ လုပ်ရကိုင်ရတာလည်း ကောင်းတယ်။ ပျိုးပင်ညီညာပြီးတော့ ကြည့်ရတာကိုက စိတ်ချမ်းသာတယ်” ဟု ကိုဇေယျာမင်းက ဆိုသည်။

ယခင်က တင်း ၁ဝဝ အောက်သာ ထွက်သော်လည်း မျိုးသန့် အသုံးပြုပြီးနောက် တင်း ၁၃ဝ ဝန်းကျင် ထွက်ရှိသည်ဟု ၎င်းက ပြောသည်။

တောင်သူတို့ မျိုးသန့် ပိုမို အသုံးပြုလာရန် ဝိုင်းဝန်းကူညီနေသူများထဲတွင် ဘိုကလေး၊ မနောမယိဒ္ဓီ ဆန်စက်ပိုင်ရှင် ဦးမောင်မောင်တာလည်း ပါဝင်သည်။  

“မျိုးသန့်တွေက ကြိတ်ခွဲရတာကအစ အဆင်ပြေတယ်။ ဆန်ကွဲထွက်နှုန်းလည်း နည်းလာတယ်။ အရည်အသွေးကောင်းတော့ ဈေးကွက်လည်း ပိုရတယ်” ဟု ဆန်စက်ပိုင်ရှင်က ပြောသည်။  

၎င်းပိုင်ဆန်စက်တွင် ယခုနှစ်တွင် မျိုုးသန့်စပါး တင်း ငါးသောင်းခန့် ကြိတ်ရသည်ဟု ဆိုသည်။

အဟန့်အတားများ

မျိုးကောင်းမျိုးသန့် ပိုမိုစိုက်ပျိုးလာရေး ကြိုးပမ်းချက်တွင် အခက်အခဲတချို့လည်းရှိနေသည်။  

ရတနာဧရာက  နှစ်စဉ် မျိုးသန့်စပါး တင်း ၇,ဝဝဝ မှ ၈,ဝဝဝ ကြား ထုတ်လုပ်သည်။ စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ စုပေါင်းထုတ်လုပ်မှုမှာ  တင်း ၁၇,၅ဝဝ ခန့်သာ ရှိနေသည်။  ဒေသမျိုးများထက် တစ်တင်းလျှင် ကျပ် ၁,ဝဝဝ မှ ၃,ဝဝဝ ခန့်အထိ ဈေးပိုများနေသေးသည်။ အထွက်နှုန်းနှင့် ရောင်းချသည့်အခါ ရရှိသည့် ဈေးပိုရသည် ဟူသော အချက်ကို တောင်သူတချို့က မယုံကြည်ကြသေးကြောင်း ရတနာဧရာမှ ကိုသက်နောင်စိုးက ပြောသည်။

“ဈေးနှုန်းကလည်း နှောင့်နှေးမှု ဖြစ်စေတဲ့ အချက်တစ်ချက်ထဲမှာ ပါနေတုန်းပဲ” ဟု ၎င်းက ပြောသည်။

မျိုးသစ်သုံး စိုက်ပျိုးသည့်အခါတွင်လည်း စနစ်တကျ ဆောင်ရွက်ရန်လိုသည်။ သို့သော်လည်း  တောင်သူတချို့က ပင်ခြားတန်းခြား စိုက်ပျိုးရမည်ဟူသော အချက်ကို မလိုက်နာနိုင်သေးပေ။ နည်းလမ်းဟောင်းအတိုင်း ပက်ကြဲပြီးစိုက်နေကြသူတို့၏ အကြောင်းပြချက်မှာ လယ်ယာလုပ်သား ရှားပါးသည် ဟူသော အချက် ဖြစ်သည်။

မော်လမြိုင်ကျွန်းမြို့နယ်မှ ကိုတင်မောင်ရွှေက  မျိုးကောင်းမျိုးသန့် အသုံးပြုရန် အဆင်သင့် မဖြစ်ရသေးသည့် အကြောင်းရင်းမှာ ဈေးနှုန်းမလိုက်နိုင်ခြင်း၊  ပြောင်းလဲရန် မစွန့်စားလိုခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောသည်။

“ကိုယ်စိုက်နေကျမျိုးက အထွက်သေချာတယ်လေ။ အဓိကက နောက်တစ်မျိုးပြောင်းစိုက်လိုက်လို့ အဆင်ပြေပါ့မလား၊  အထွက်နှုန်းနည်းသွားရင်ရော ဆိုတဲ့ စိတ်က ရှိနေတာ” ဟု ကိုတင်မောင်ရွှေက ပြောသည်။

မျိုးစပါးထုတ်လုပ်ရာတွင်ဖြတ်သန်းရမည့် အဆင့်ဆင့်သော အရည်အသွေး စစ်ဆေးမှု လုပ်ငန်းစဉ်များကို  ရတနာဧရာ အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ပေးနေကြောင်း ဘိုကလေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိန်သန်းက ဆိုသည်။ ၂ဝ၁၉ နောက်ပိုင်းတွင် အဆိုပါလုပ်ငန်းစဉ်များကို မျိုးထုတ်တောင်သူတို့ ဆက်လက် လုပ်ကိုင်နိုင်ရေးအတွက် ရေရှည်အစီအစဉ် ရေးဆွဲရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

မျိုးသန့် ရရှိရေး ပြဿနာကို နေရာအများအပြားတွင် တွေ့နိုင်သည်။ မြစ်ဝကျွန်းပေါ်ဒေသ၏ အိမ်နီးချင်း ရခိုင်ပြည်နယ်တွင် မျိုးကောင်းမျိုးသန့်စပါး လွန်စွာ နည်းပါးနေကြောင်း ယမန်နှစ်က Myanmar Now နှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်က ပြောကြားခဲ့ဖူးသည်။ 

ရခိုင်ဒေသနှင့် နှိုင်းယှဉ်ပါက  ဧရာဝတီက အခြေအနေကောင်းသည်။ နိုင်ငံ၏ စပါးကျီဟု တင်စားကြသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် မျိုးစေ့အခက်အခဲကို အထိုက်အလျောက် ကျော်လွှားနိုင်နေပြီဟု ဆိုရမည်။ 

အခက်အခဲတချို့ ရှိနေသော်လည်း ရေရှည် အကျိုးဖြစ်ထွန်းမည့် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ရေးမှာ လွန်စွာ အရေးကြီးသည်ဟု သဘောပေါက်ထားကြောင်း  လယ်ယာလုပ်သက်  ၂၅ နှစ်ခန့် ရှိနေပြီဖြစ်သည့် ဦးဝင်းဌေးက ပြောသည်။

“ဆုံးဖြတ်ပြီးပြီ၊  ရှေ့လျှောက်လည်း မျိုးသန့်ပဲ စိုက်တော့မယ်၊  တခြားတောင်သူတွေလည်း မျိုးုသန့်စိုက်ဖို့ တိုက်တွန်းမယ်” ဟု ဦးဝင်းဌေးက အားနှင့်မာန်နှင့် ပြောလိုက်သည်။ ။

အောင်ငြိမ်းချမ်း/Myanmar Now

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

မျိုးစပါး

မျိုးစပါး

အောင်သန်းထွန်း

အောင်သန်းထွန်း

လွန်ခဲ့သော ၄ နှစ် က

မျိးသန့်ကိုစိတ်ဝင်စားတယ်ရက်၉၀တစ်နဲ့နှစ်ကဘယ်လိုကွာလဲသေသေချာချောသိချင်ပါတယ်ရှင်းပြလိုရရင်ရှင်းပေးစေချင်ပါတယ်

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ

U Yan • ဖြေကြားချက် 3 ခု

စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး ‌မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ

KO Thiha lin • ဖြေကြားချက် 2 ခု

ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ

KO Thiha lin • ဖြေကြားချက် 7 ခု

ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်

U Yan • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။