ထုတ်လုပ်မှုလုပ်ငန်းတိုင်း ဒါတွေကြုံရတယ်
ထုတ်လုပ်မှုလုပ်ငန်းတိုင်း ဒါတွေကြုံရတယ်။
စိုက်ပျိုးရေးလုပ်ငန်းဆိုတာ သီးနှံတွေကိုထုတ်လုပ်နေတဲ့လုပ်ငန်းပါပဲ။ စိုက်ပျိုးခံပြီး ထုတ်လုပ်ပေးနေတဲ့မြေကြီးဟာ ထုတ်လုပ်တဲ့စက်ရုံကြီးပါပဲ။ အဲ့တော့ ထုတ်လုပ်နေတဲ့ ကိုယ်တွေလုပ်ငန်းကြီးက ဘာတွေကိုဖြတ်သန်းရမလဲဆိုတာကို ကြည့်လိုက်ရအောင်။
အဲ့ဒါကတော့ Law of diminishing return ပါပဲ။
ဘာကိုဆိုလိုတာလဲဆိုတော့ ထုတ်လုပ်မှုအတွက်လိုအပ်တဲ့ သွင်းအားစုတွေထဲက တစ်ခုကို တိုးပြီးတော့ ထည့်လိုက်၊ တစ်ခြား သွင်းအားစုတွေကိုကျတော့ ဒီတိုင်းပဲထားပြီးတော့ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်ကို သွားကြည့်ကြတဲ့အခါမှာ ဒီဥပဒေသကိုတွေ့ရမှာဖြစ်ပါတယ်။ စစချင်းတော့ အထွက်တွေတိုးလာလိမ့်မယ်။ နောက်တော့လည်း တိုးလာလည်းလျော့သွားတာကိုပဲ တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒါကို Law of Diminishing Return လို့ခေါ်ပါတယ်။ အောက်မှာ အဲ့ပုံကို ဂရပ်လေးဆွဲထားတာကိုမြင်တွေ့ရမှာပါ။

TPPရယ် APP နဲ့ MPP ဆိုပြီးရေးထားတဲ့ လိုင်းလေးတွေကို တွေ့ရမှာဖြစ်ပါတယ်။
အဲ့ TPP ဆိုတာဘာလဲ လို့ဆိုလိုက်ရင်တော့ စုစုပေါင်း လက်ရှိထုတ်ကုန်ပါ။ ထုတ်လိုက်လို့ ရလာတဲ့ ထုတ်ကုန် အထွက်ကိုဆိုလိုတာဖြစ်ပါတယ်။
APP ဆိုတာကတော့ ပျှမ်းမျှထုတ်ကုန်ဖြစ်ပါတယ်။ အစက်လိုင်းလေးတွေနဲ့ ကိုယ်စားပြုပါတယ်။
MPP ကတော့ အစွန်းထွက်ထုတ်ကုန်ဖြစ်ပါတယ်။ သူ့ကလည်း အောက်ဆုံးအကြောင်းက အစက်လိုင်းလေးနဲ့ ဆွဲထားတာဖြစ်ပါတယ်။
ပုံလေးကိုသေချာကြည့်လိုက်ရင်တော့ အစက်လိုင်းလေးတွနဲ့ ဆွဲထားပြီးတော့ ရောမသင်္ကေတနဲ့ နံပါတ်စဉ်လေးတွေကို တပ်ထားတာ မြင်ရမှာပါ။ တွေ့တဲ့အတိုင်း (၃)မျိုးရှိပါတယ်။
အဆင့် (၁) က MPPဆိုတဲ့ အစွန်းထွက်ထုတ်ကုန်က APPဆိုတဲ့ ပျှမ်းမျှထုတ်ကုန်ထက် ကြီးနေတဲ့အချိန်ကနေ စဖြစ်ပါတယ်။ ပြီးတော့ အဲ့အဆင့်မှာ ပျှမ်းမျှထုတ်ကုန်တန်ဖိုးက မြှင့်တက်နေပါတယ်။ ဆိုလိုတဲ့ သဘောကတော့ ဒီအချိန်မှာ ကိုယ်ထည့်လိုက်တဲ့ သွင်းအားစုကနေ ကောင်းသောပြောင်းလဲခြင်းတွေကို လုပ်ဆောင်ပေးနေတယ်ပေါ့။ အဲ့လိုအဆင့်က ပျှမ်းမျှထုတ်ကုန် အမြင့်ဆုံးရောက်တဲ့အချိန်မှာ အဆုံးသတ်သွားပါတယ်။ ဆိုတော့ ကိုယ်ပြောင်းလဲလိုက်တဲ့ သွင်းအားစုကြောင့် နည်းနည်းလေးတိုးတက်လာတဲ့ လက္ခဏာကိုပြတဲ့ အဆင့်ဖြစ်ပါတယ်။
အဆင့် (၂) သူကတော့ MPP ဆိုတဲ့ အစွန်းထွက်ထုတ်ကုန်တန်ဖိုးဟာ ပျှမ်းမျှထုတ်ကုန်တန်ဖိုးအောက်ငယ်ပြီးတော့ သုညထက်တော့ ကြီးနေတဲ့အချိန်မှာ ဒီအဆင့် စဖြစ်ပါတယ်။ ပစ္စည်းထွက်နေမှု အထွက်ရတဲ့အပေါ်မှာကြည့်ရင် ဒီအခြေအနေဟာ အကောင်းဆုံးအခြေအနေမှာ ရှိပါတယ်။ အထွက်အများဆုံးရတဲ့အချိန်ပေါ့။ အများဆုံးထွက်တဲ့နေရာလို့ ပြောလိုက်ရင် ဒီအဆင့် (၂)နောက်ဆုံးပိုင်းမှာဖြစ်ပါတယ်။ ဆိုလိုတဲ့သဘောက အဆင့်(၂)လိုနေရာမျိုးအတွက်ပဲ သွင်းအားစုတွေကိုများများထည့်ပေးရမယ်ဆိုတဲ့သဘောပါ။ အထွက်က အများဆုံးဖြစ်နေတာကိုး။
အဆင့် (၃) ဒီအဆင့်ကတော့ အစွန်းထွက်ထုတ်ကုန်က အနုတ်လက္ခဏာပြနေတဲ့အဆင့်ပါ။ ထပ်ထည့်လို့ ထပ်ထွက်လာမဲ့အထဲက အစွန်းထွက်ထုတ်ကုန်က ဆုံးမှာသေချာနေပါတယ်။ ဒီလိုအဆင့်က ဘယ်လိုအချိန်မှာဖြစ်လဲဆိုရင် မြေတစ်ဧကတည်းမှာ မျိုးစေ့ (၁၀)တင်းလောက်ချလိုက်တာမျိုးနဲ့ တူပါတယ်။ သွင်းအားစုကို အရမ်းများများထည့်လိုက်တော့ အထွက်က ရသင့်သလောက်မရပဲ ရမဲ့ငေွကလည်း ဆုံးသွားတဲ့ အဆင့်ပါ။
အဲ့တော့ အဆင့် (၃)ဆင့်ကိုပြန်ရောပါမယ်၊
မောင်ဖြူက စပါးစိုက်ပါတယ်။ သွင်းအားစုတစ်ခုကို သူပြောင်းလဲပြီးတော့ ထုတ်လုပ်မှုကိုလုပ်ချင်တယ်။ အဲ့တော့ သူက ပုလဲကိုပြောင်းလိုက်ပါတယ်။ ပုလဲကို စထည့်ကြည့်ပါတယ်။ အထွက်က တိုးမဲ့ ပုံစံပြပါတယ်။ တစ်ပြည်ပို့ထည့်ရင် သူက နည်းနည်းပိုတက်လာပါတယ်။ ဒါက အဆင့် (၁)ကိုဖြတ်သန်းနေတာပါ။ သူတစ်အိတ်ထည့်ကြည့်ပါတယ်။ သူစမ်းခဲ့တာတွေထဲမှာ တစ်အိတ်ထည့်တာက အထွက်အများဆုံးဖြစ်တယ်လို့ သူမှတ်ထားလိုက်ပါတယ်၊ နောက်ထပ် သူ တစ်ပြည့် ထပ်ကျွေးကြည့်ပါတယ်၊ အထွက်က တိုးမလာပါဘူး။ နောက်ထပ် သူတစ်ပြည်ထပ်ထည့်ကြည့်ပါတယ်။ မြေသြဇာများလို့ အပင်က ဟုန်သွားပါတယ်။ အဲ့ဒါက အဆင့် (၃)ကို ရောက်သွားတာပါ။ အထွက်အများဆုံးထွက်တဲ့ တစ်အိတ်နေရာကတော့ အဆင့် (၂)ရဲ့ နောက်ဆုံးနေရာပဲဖြစ်ပါတယ်။
အဆင့်(၁) နဲ့ အဆင့်(၂)ကတော့ ဒီတိုင်း သာမန်ဆို သိပ်ပြီးတော့ ကွဲပြားခြားနားနေလိမ့်မှာမဟုတ်ပဲနဲ့ သေသေချာချာတွက်ချက်ကြည့်တဲ့အခါမှာမှ ကွဲပြားပါလိမ့်မယ်။ သူတို့(၂)ဆင့်မှာ ပျှမ်းမျှထုတ်ကုန်နဲ့အစွန်းထွက်ထုတ်ကုန်ကို နှိုင်းယှဉ်ထားတာကြောင့်ပဲဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုစီတိုင်းမှာ အမြတ်အများဆုံးရတဲ့နေရာဆိုတာ သူ့နေရာနဲ့ သူ ထုတ်ကုန်စွမ်းအားနဲ့တွက်ချက်ကြည့်လိုက်လို့ရပါတယ်။ မောင်မဲ နဲ့ မောင်ဖြူကို သွင်းအားစုတွေထဲက ပုလဲမြေသြဇာကို ပြောင်းသုံးကြည့်ခိုင်းတယ်။ စပါး အထွက် (၁၀၀)အထိ ထွက်နိုင်တဲ့စပါးမျိုးကိုပေးထားတယ်။ မောင်မဲက ပုလဲ (၄)အိတ်တောင်သုံးတယ်။ တင်း (၁၀၀) ထွက်တယ်။ မောင်ဖြူက ပုလဲ (၂)အိတ်ပဲ သုံးတယ်။ ဒါပေမဲ့ စပါးကလည်း (၁၀၀)ပဲ ထွက်တယ်။ အဲ့လိုဆိုတော့ ဘယ်သူက ထုတ်ကုန်စွမ်းအားကောင်းသလဲ လို့မေးရင် မောင်ဖြူက ကောင်းတယ်ဆိုတာ သိသာတာပေါ့။ နောက်တစ်ယောက် မောင်နီ က တစ်အိတ်ခွဲနဲ့ပဲ တင်း(၁၀၀) ရနေတယ်ဆိုရင်ရော၊ မောင်ဖြူရော မောင်မဲရော သူတို့ စပါးခင်းထဲကို တစ်အိတ်ခွဲပဲထည့်တော့မှာပါ။
အဲ့လို ဖြစ်ရတဲ့အကြောင်းရင်းကတော့ တစ်အိတ်ခွဲက အဆင့် (၂)ထဲက အထွက်အများဆုံးရနိုင်တဲ့နေရာကို ရောက်နေလို့ပါ။ အဲ့တော့ ကိုယ့်စိုက်ပျိုးရေးလုပ်ငန်းကို ဝေဖန်သုံးသပ်ကြည့်ပါ။ အဆင့် (၂) ရဲ့ အထွက်အများဆုံးရနိုင်တဲ့နေရာကို ရှာဖွေကြည့်ပြီးတော့ ထုတ်ကုန်စွမ်းအားကို အမြှင့်ဆုံး တိုးတက်အောင် လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ထွန်းဝင်းကျော်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ
U Yan • ဖြေကြားချက် 3 ခု
စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ
KO Thiha lin • ဖြေကြားချက် 2 ခု
ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ
KO Thiha lin • ဖြေကြားချက် 7 ခု
ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်
U Yan • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....