အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
သိပ္ပံအမည် - Orthaga exvinacea
ပိုးကျရောက်သော လက္ခဏာ
ခေါင်ညွန့်စားပိုးဟာ သရက်ပင်မှာသာမက သီဟိုဠ်ပင်မှာပါ ကျရောက်တတ်တဲ့ အဖျက်ပိုးတစ်မျိုးဖြစ်ပါတယ်။ တချို့ကျတော့လည်း သရက်ရွက်အိမ်ဖွဲ့ပိုး ဆိုပီးတော့ ခေါ်ဆိုကြပါသေးတယ်။ ပထမဦးစွာ ပိုးလောက်ကောင်လေးများ (larva) ဟာ သရက်ရွက်များနဲ့ ထိပ်အညွှန့်များကို အမျှင်များဖြင့်ကပ်ပြီး အိမ်ဖွဲ့ကာ စုစည်းနေထိုင်ကြတာ ဖြစ်ပါတယ်။ ပိုးစတင်ကျရောက်ချိန်မှာတော့ အမျှင်ဖွဲ့ထားသော အရွက်အုပ်တစ်ခုအတွင်းမှာပဲ ပိုးလောက်ကောင် အများအပြား စုပေါင်းနေထိုင်လေ့ ရှိကြပါတယ်။ ၎င်း ပိုးလောက်ကောင်တွေဟာ ငယ်စဉ်အချိန်မှာ အုပ်စုလိုက်စုပေါင်းပြီး အရွက်ရဲ့ အစိမ်းရောင် မျက်နှာပြင်များကို ခြစ်စားကြပါတယ်။ ပိုးလောက်ကောင်တွေ ကြီးရင့်လာချိန်မှာတော့ တစ်ကောင်ချင်းစီ ခွဲထွက်သွားပြီး ရိုးတံမှလွဲကာ အရွက်တစ်ပြင်လုံးကို စားသောက်ဖျက်ဆီးပစ်ကြတာ ဖြစ်ပါတယ်။ အဖျက်ပိုးကျရောက်မှု ပြင်းထန်ပါက အမျှင်ဖွဲ့ထားသော အရွက်အုပ်တွေဟာ ခြောက်သွေ့လာပြီး အညိုရောင် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ပိုးကျရောက်ဖျက်ဆီးမှု ပိုမိုဆိုးရွားလာပါက သရက်အညွှန့်များပါ ခြောက်သွေ့သွားမှာဖြစ်ပြီး အပင်ရဲ့ အစာချက်လုပ်နိုင်စွမ်း (Photosynthesis) ကို ပြင်းထန်စွာ ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် ခေါင်ညွန့်စားပိုး ကျရောက်နေသော သရက်ပင်များဟာဆိုရင် မကျန်းမာတဲ့ပုံစံ ဖြစ်ပေါ်လာပြီး အညိုရောင် ခြောက်သွေ့နေသော အရွက်အုပ်များကို ခပ်ဝေးဝေးကပင် ထင်းရှားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဘဝစက်ဝန်း
ခေါင်ညွန့်စားပိုးရဲ့ ပိုးဖလံအမများဟာ သရက်ရွက်များပေါ်မှာ အဝါရောင်သန်းနေသော အစိမ်းရင့်ရောင် ဥများကို ဥချလေ့ရှိပြီး ပုံမှန်အားဖြင့် တစ်ပတ်အတွင်း ဥကနေ ပေါက်ဖွားလာကြပါတယ်။ ရာသီဥတု အခြေအနေပေါ်မူတည်ပြီး ပိုးလောက်ကောင်များရဲ့ သက်တမ်းဟာ ၁၅ - ၃၀ ရက်အထိ ကြာမြင့်နိုင်ပြီး ပိုးလောက်ကောင် အဆင့် (၅) ဆင့်အထိ ပြောင်းလဲလေ့ရှိပါတယ်။ နောက်ဆုံးအဆင့် ပိုးလောက်ကောင်များဟာ အိမ်ဖွဲ့ထားသော အမျှင်များထဲမှာ ပိုးရုပ်ဖုံး (pupae) အဖြစ် ပြောင်းလဲကြပြီး မြေကြီးပေါ်သို့ကျကာ မြေဆီလွှာအတွင်း ဆက်လက် ကြီးထွားကြပါတယ်။ ပိုးရုပ်ဖုံးအဆင့် သက်တမ်းမှာ အပူချိန်ပေါ်မူတည်ပြီး ၅ - ၁၅ ရက်အထိ ကြာမြင့်နိုင်ပါတယ်။ ပတ်ဝန်းကျင်ရှိ စိုထိုင်းဆမြင့်မားခြင်းဟာလည်း သရက်ခေါင်ညွှန့်စားပိုး အကောင်ရေ တိုးပွားလာခြင်းနဲ့ တိုက်ရိုက် ဆက်စပ်လျက်ရှိပါတယ်။

ကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများ
(၁) စိုက်ခင်းစီမံခန့်ခွဲမှုဖြင့် ကာကွယ်ထိန်းချုပ်ခြင်း
သရက်ခြံများကို တစ်လလျှင် အနည်းဆုံးတစ်ကြိမ်ခန့် ပိုးမျှင်ဖွဲ့နေသော အရွက်များနဲ့ အညွှန့်များ ရှိ/မရှိကို ပုံမှန် စစ်ဆေးပေးသင့်ပါတယ်။ ပိုးကျရောက်နေသော အရွက်အုပ်စုများကို တွေ့ရှိရပါက အရွက်များနဲ့ အကိုင်းအခက်များကို စနစ်တကျဖယ်ရှား ရှင်းလင်းပြီး မီးရှို့ဖျက်ဆီးသင့်ပါတယ်။ ပိုးကျရောက်နေသော အပင်မှ မြေကြီးပေါ်သို့ ကြွေကျနေသော ပိုးမျှင်ဖွဲ့အရွက်များကိုလည်း ကောက်ယူဖျက်ဆီးသင့်ပါတယ်။ အကြောင်းကတော့ ၎င်းတို့ထဲမှာ ကြီးထွားပြီးသား ပိုးလောက်ကောင်များ (သို့မဟုတ်) ပိုးရုပ်ဖုံးများ ခိုအောင်းနေတတ်တာကြောင့် ဖြစ်ပါတယ်။ ဆောင်းရာသီလို ကာလများမှာတော့ အပင်အောက်ရှိ မြေကြီးများကို ထွန်ယက်တူးဆွပေးခြင်းဖြင့် ဆောင်းခိုနေတတ်သော ပိုးလောက်ကောင်များကို မြေပေါ်ထွက်ရှိလာစေပြီး နေရောင်ခြည် တိုက်ရိုက်ထိတွေ့စေခြင်းဖြင့် အပူရှိန်ကြောင့် သေဆုံးသွားစေနိုင်သလို ငှက်ကဲ့သို့သော သဘာဝရန်သူများရဲ့ အစာဖြစ်သွားစေရန်လည်း ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ သက်တမ်းရင့်ပြီး အပင်အုံ့ဆိုင်း ထူထပ်နေသော သရက်ခြံများမှာတော့ ဘေးအကိုင်းအခက်အချို့ကို ခုတ်ထွင်ရှင်းလင်းပေးပြီး လေဝင်လေထွက်နဲ့ နေရောင်ခြည် ထိုးဖောက်ဝင်ရောက်နိုင်အောင် ပြုလုပ်ပေးခြင်းဖြင့် ပိုးမွှားခိုအောင်းမှုကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
(၂) ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း
သရက်ခေါင်ညွှန့်စားပိုးရဲ့ ပိုးလောက်ကောင်များကို သဘာဝအလျောက် သေပျောက်စေနိုင်သော သဘာဝရန်သူ (အကျိုးပြုပိုးမွှား) တွေလည်းရှိကြပါတယ်။ ဥပမာအားဖြင့် သရက်ခေါင်ညွှန့်စားပိုးရဲ့ ဥများကို ဖျက်ဆီးပေးနိုင်သော ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီ (Trichogramma chilonis) သို့မဟုတ် (T. pretiosum) ကဲ့သို့သော ဥကပ်ပါးပိုးမွှားများကို စိုက်ခင်းအတွင်းသို့ လွှတ်ပေးခြင်းဖြင့် အဖျက်ပိုးဆိုးဆိုးရွားရွား မကျရောက်မီ ထိရောက်စွာ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၃) ဓာတုဗေဒနည်းဖြင့် ထိန်းချုပ်ခြင်း
ဖြစ်နိုင်ပါက ကာကွယ်ရေးနည်းလမ်းများကို စိုက်ပျိုးနည်း၊ ဇီဝနည်းလမ်းများနဲ့ ပေါင်းစပ်ကျင့်သုံးသော ဘက်စုံစနစ် (Integrated Approach) ကို အမြဲဦးစားပေး စဉ်းစားသင့်ပါတယ်။ ဓာတုဆေးများအနေဖြင့် လမ်ဘဒါ-ဆိုင်းဟေလိုသရင် - Lambda-cyhalothrin၊ ကလိုပိုင်ရီဖော့စ် - Chlorpyrifos သို့မဟုတ် အဆီဖိတ် - Acephate ပါဝင်သော ပိုးသတ်ဆေးများကို ရွေးချယ်ပက်ဖျန်းပေးနိုင်ပါတယ်။
ဇင်ထူးနိုင်
Ref:
https://plantwiseplusknowledgebank.org/doi/10.1079/pwkb.species.37933
https://plantix.net/en/library/plant-diseases/600297/mango-leaf-webber/
ဆက်စပ်မေးခွန်းများ
ဒီဆေးကပွင့်ထွေးနိုင်ရဲ့လားဗျ
ကိုလင်းထက်ကျော် • ဖြေကြားချက် 1 ခု
Trichoderma ဝယ်ချင်လို့ရောင်းသောနေရာသိချင်ပါတယ်
မျိုးလှိုင် • ဖြေကြားချက် 2 ခု
ဘာရောဂါလဲး ဘာကြောင့်ဖြစ်တာလဲး လိမ်မောိသီးအက်လိုမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲး
မောင်ယဉ်မောင် • ဖြေကြားချက် 1 ခု
ဆရာတို့ ခင်ဗျာ ဘာများ ဖြစ်တာလဲခင်ဗျာ အကြံဉာဏ်လေး ပေးပါအုန်းနော်
hhz • ဖြေကြားချက် 1 ခု
မတ်ပဲ၄၅ရက်သား မှာ အရွက်အဲ့လိုဝေးဝေးတစ်ပင်ဖြစ်ေနတယ် တစ်ပင်လုံးမဖြစ်ဘဲ အရွက်တစ်ကိုင်းကညိုးကျနေတယ် နောက်တစ်ကိုင်းကျအရွက်နားတွေကနေစပြီးခြောက်ပြီးမဲလာတယ်တစ်ဖြေးဖြေးတစ်ကိုင်းလုံးခြောက်ပြီးမဲသွားတယ် ကျန်နေတဲ့အကိုင်းတွေကျဘာမှမဖြစ်ဘူး မဖြစ်သေးတာလာ ဘာရောဂါလဲဘယ်လိုဆေးမျိုးဖျန်းသင့်လဲဗျ
Saw Samson • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
နိုဝင်ဘာ ၉၊ ၁၀ ရက်များတွင် မန္တလေးတိုင်းအတွင်း မိုးသည်းထန်နိုင်
05/11/2026
မြေဆီလွှာစစ်ဆေးမှု ရလဒ်မှန်ကန်ဖို့ မြေနမူနာကို ဘယ်လိုယူမလဲ?
05/11/2026
More from ဇင်ထူးနိုင်
အားလုံး
အစိုပုပ်ရောဂါ၏ လက္ခဏာများနှင့် သတိပြုဖွယ်ရာများ
22/10/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....