အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆန်စပါးအထွက်နှုန်းမြင့်မားရေးအတွက် လမ်းညွှန်ချက်များ

ဆန်စပါးအထွက်နှုန်းမြင့်မားရေးအတွက် လမ်းညွှန်ချက်များ

Green Way
Green Way • 08/12/2017

ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှုဟာဆိုရင် ကျွန်တော်တို့နိုင်ငံမှာတင် သိပ်ကို ကွဲပြားခြားနားတဲ့မြေအနေ အထားတွေ အများကြီးရှိတယ်။ အထက်မြန်မာပြည်နဲ့အောက်မြန်မာပြည် ရာသီဥတုကလည်း မတူညီပါဘူး။ ဒါကြောင့် တောင်သူတွေအနေနဲ့ ပတ်ဝန်းကျင် ရာသီဥတု အခြေအနေပေါ် သီးနှံအထွက်နှုန်းကောင်းဖို့အတွက် ကြိုးစားလုပ်ဆောင်ကြရပါတယ်။
စိုက်ပျိုးရေး ပညာရှင်တွေထောက်ခံထားတဲ့ စိုက်ပျိုးမှူနည်းစနစ် (Cultural Practices) များတွေပာာ အကြောင်းအကျိုးညီညွတ်ပေမဲ့လည်း၊ အခြေခံအားဖြင့် လက်ခံထိုက်ကြောင်း သိနေပေမဲ့လည်း တကယ့်လက်တွေ့မှာကျတော့ ပြဿာနာတွေ အခက်အခဲတွေ အများကြီး ရှိနေပါသေးတယ်။

အောက်ဖော်ပြပါအကြံပြုချက်လေးတွေကတော့ တောင်သူတွေအတွက် စိတ်ကျေနပ်ဖွယ်ကောင်းတဲ့ အဖြေကိုတော့ ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။

၁။ လယ်ကိုရေသွင်းရေထုတ် လွယ်ကူစေရန် ရေသွင်းမြောင်း၊ ရေထုတ်မြောင်းများကောင်းမွန်စွာ ထားရှိ ရပါမယ်။ မြေဆီသြဇာ ထက်သန်စေရန်အတွက် ခြံတွင်းအမှိုက်သရိုက်ဆွေးများ၊ နွားချေးဆွေး၊ သဘာဝမြေသြဇာများကို လယ်တွင်းသို့ ထည့်သွင်းနိုင်ရန်အတွက် ပြင်ဆင်ထားပေးရပါမယ်။

၂။ လယ်ကို ထယ်ထိုးထွန်မွှေသည်မှ စတင်၍ မြေယာပြုပြင်မှုကိုသေချာစွာ ဂရုတစိုက် ပြုလုပ်ပေးရပါမယ်။ အနည်းဆုံး (၉) လက်မ အထိ ထယ်နက်နက် ထိုးပေးပါ။ လက်တွန်းထွန်စက်သုံးလျှင် ဒလိမ့်တုံးနဲ့ချည်းပဲ မထွန်နဲ့နော်။ ဖြစ်နိုင်ရင် ထယ်သွားနဲ့ထွန်ပေးပါ။ ရေကောင်းမွန်စွာ သွင်းထားပေးခြင်းဖြင့်လည်း လယ်မြေကို အက်ဆစ်ဓာတ်မဖြစ်ပေါ်စေအောင် အချိန်မီ ပြုလုပ်ထားပေးရပါမယ်။ ”ယာမှာအသုတ်၊လယ်မှာအပုပ်’’ ဆိုသည့်အတိုင်း အချိန်ကြာမှ ထွက်လာတဲ့ အက်ဆစ်တွေကိုပျောက်ပျက်နိုင်မှာ ဖြစ်ပါတယ်။

၃။ အင်းဆက်ပိုးမွှားများနဲ့ ရောဂါဒဏ်ခံနိုင်ရည်ရှိပြီးတော့ အထွက်နှုန်းကောင်းမွန်တဲ့ မျိုးကောင်းမျိုးသန့် မျိုးစေ့များကိုရွေးချယ်ဝယ်ယူ အသုံးပြုပါ။

၄။ ကောက်စိုက်ချိန်၊ ပျိုးသက်ရက် မှန်ကန်တိကျစေရေးအတွက့်ပျိုးခင်းပြုပြင်မှုလုပ်ငန်းတွေကိုအချိန်မီ ပြီးစီးအောင် ပြုလုပ်ဆောင်ရွက်ပြီးတော့ ကျန်းမာ သန်စွမ်းသော ပျိုးပင်များ ရှိစေရန်အတွက် ပျိုးခင်းကို ဂရုတစိုက်ပြုစုပေးဖို့ လိုအပ်ပါတယ်။

၅။ မတော်တဆ ပျိုးပင် အသက်ရက်ပိုကြီးသွားလို့ ပျိုးသက်ရက်ရင့်သွားရင် စိုက်ပျိုးမည့် ပင်ကြားတန်းကြား အကွာအဝေးကို ပိုစိပ်စိပ် စိုက်ပျိုးရန် လိုအပ်ပါတယ်။ (ပျိုးသက်ရက် အလွန်ကြီးသွားတဲ့ ပျိုးပင်တွေဟာဆိုရင် စပါးပင်ရဲ့ ပင်ပွားများ ထွက်ရှိမှုကို လျော့နည်းစေပါတယ်)။

၆။ အခြေအနေများအရ စပါးကောက်ပင်တွေကို ခပ်နက်နက်စိုက်မိတယ်ဆိုရင်လည်း အပင်ရဲ့ ပင်ကြားတန်းကြား အကွာအဝေးကို စိပ်စိပ်လိုက်ပျိုးလိုက်ပါ။ (ကောက်ပင်ကို ခပ်နက်နက်စိုက်ပျိုးမိရင်လည်း ပင်ပွားထွက်ရှိမှု နည်းစေနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်)။

၇။ လယ်ထဲမှာ ပင်ပွားထွက်ရှိမှု အရင်ကတည်းက နည်းတဲ့ အနေအထား ရှိမယ် ဆိုရင်တော့ အခြေခံ အနေနဲ့ နိုက်ထရိုဂျင်(N)ကို ပိုထည့်ပေးဖို့ လိုအပ်ပါတယ်။ ထို့အတူပဲ လယ်ထဲမှာ ဖောစဖရပ်(P) ပြည့်စုံကြွယ်ဝမှုကိုလည်း စစ်ဆေးပေးရန် လိုအပ်ပါသေးတယ်။

၈။ စိုက်ပျိုးတဲ့ စပါးမျိုးက စောစောရိတ်သိမ်းရတဲ့ စပါးမျိုးဆိုရင်တော့ အခြေခံအနေနဲ့ နိုက်ထရိုဂျင်(N)ကို ပိုထည့်ပေးရပါမယ်။ နိုက်ထရိုဂျင်(N)ကို အခြေခံအနေနဲ့ ထည့်သွင်းပေးတဲ့အချိန်မှာ ဖော့စဖရပ်(P) နဲ့ ပိုတက်ဆီယမ်(K) အချို့ကို မြေလွှာရဲ့ ခပ်နက်နက်ထဲကိုပျ ံ့နှံ့ သွားအောင်ထည့်ပေးဖို့လိုအပ်ပါတယ်။

၉။ စိုက်ပျိုးထားတဲ့ စပါးပင်ရဲ့ အ စောပိုင်းကြီးထွားမှုမှာ အောက်အရွက်ဝါနေတာ သတိထားမိရင် နိုက်ထရိုဂျင်(N)ချို့တဲ့ ပုံစံမျိုးဖြစ်တာကြောင့် နိုက်ထရိုဂျင် (N) ကို ထပ်မံပြီး ဖြည့်ပေးရပါမယ်။

၁၀။ အကယ်၍ ယခင် စိုက်ထားတဲ့ အတွေ့အကြုံအရ ပင်ပွားထွက်တာက အချိန်တော်ကြာကြာအထိ ဆက်ထွက်နေမယ်ဆိုရင် အနှံပါတဲ့ ပင်ပွားရရှိနိုင်မှု အခွင့်အရေးနည်းသွားနိုင်လို့ ပင်ပွားအများဆုံး ထွက်တဲ့အချိန်လောက်မှာ ပိုတက်ဆီယမ်(K)ကို ဖြည့်ပေးလိုက်ရပါမယ်။

၁၁။ အကယ်၍ စပါးခင်းက ဥပမာအနေနဲ့ ရွက်ညိုပျောက်ရောဂါ ပြဿနာလိုမျိုး မကြာခဏဖြစ်တတ်မယ် ပြီးတော့ အဖျင်းစေ့တွေ များများဖြစ်တတ်တာကို သတိပြုမိမယ်ဆိုရင် သင်ထည့်မည့် ပိုတက်ဆီယမ်(K)နှုန်းကို ပိုပြီး များများထည့်ခြင်းကို ပြုလုပ်ပေးရပါမယ်။

၁၂။ မှို့ကပ်ချိန်(သို့)မှို့ကပ်ချိန်(ဖုံးတုံးလုံးတုံး အဆင့်) မတိုင်ခင်လေးမှာ နိုက်ထရိုင်(N)နဲ့ပိုတက်ဆီယမ်(K)ကို ထပ်ပြီး ထည့်ပေးရပါမယ်။

၁၃။ စပါးစိုက်ခင်းနဲ့ စပါးခင်း ပတ်ပတ်လည်ကို ပေါင်းမြက်များကင်းရှင်းအောင် ဆောင်ရွက်ပေးထားရမယ်။

၁၄။ စိုက်ခင်းတွင် ရောဂါပိုးမွှားကျရောက်မှု ဟာဆိုရင် စီးပွားရေးထိခိုက်နိုင်မှု အခြေအနေရောက်မှသာ ပိုးမွှားရောဂါ သတ်ဆေးများကို အသုံးပြုစေလိုပါတယ်။

မွတ္မိထားရမွာကေတာ့

အစောပိုင်းတုန်းကဆွေးနွေးထားသလိုပဲနော်။

ပထမအဆင့်က − ထိရောက်တဲ့ အနှံပါပင်ပွားများများရဖို့ N နဲ့ P အရေးကြီးတယ်။

ဒုတိယအဆင့်က − အနှံတစ်နှံမှာ အနှံစေ့များများရဖို့ N နဲ့ K အရေးကြီးတယ်။

တတိယအဆင့်က −အနှံတစ်နှံမှာ အမြင့်မားဆုံးသောအောင်စေ့ရဖို့ N နည်းနည်း နဲ့ K များများအရေးကြီးတယ်။

စတုတ္ထအဆင့်က −အစေ့(၁၀ဝဝ)အလေးချိန်တိုးပြီး အစေ့ပြည့်ပြည့်ဝဝ ရဖို့ P နဲ့ K အ ရေးကီးတယ်။

ကဲဆန်စပါးစိုက်ပျိုးထုတ်လုပ်သော တေင်သူလယ်သမားကြီးရေ ဒီလောက်ဆိုရင် မိမိရဲ့ဆန်စပါးစိုက်ပျိုးမှု့ ဝါသနာနှင့် စိတ်ဝင်စားမှုကို ပြန်လည်နှိုးဆွပေးပြီးပြီမို့ မိမိကိုယ်ကိုယုံကြည်ချက်အပြည့်၊ အာမခံချက် အပြည့်နဲ့အောင်မြင်သော ဆန်စပါးစိုက်ပျိုးရေး လုပ်ငန်းကို ဖော်ဆောင်နိုင်ပါစေလို ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။

ကိုးကား-စပါးအခြေခံမြေသြဇာ၊ မြေကြီးသစ်ပင် ချစ်မြတ်နိုးသူများ

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်မေးခွန်းများ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

အိသူဇာချို • ဖြေကြားချက် 1 ခု

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ

U Yan • ဖြေကြားချက် 3 ခု

စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး ‌မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ

KO Thiha lin • ဖြေကြားချက် 2 ခု

ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ

KO Thiha lin • ဖြေကြားချက် 7 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။