အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စိုက်ပျိုးစီးပွားဆိုတာ အပိုင်း (၂)

စိုက်ပျိုးစီးပွားဆိုတာ အပိုင်း (၂)

Htunn Winn Kyaw
Htunn Winn Kyaw • Greenovator • 21/05/2019

ရောင်းလိုအားနဲ့ ကုန်ကျစရိတ်တွေအကြောင်း

အရင်တစ်ခေါက်က ဝယ်လိုအားအကြောင်းကို ပြောပြီးပြီဆိုတော့ ခုတစ်ခေါက်က ရောင်းလိုအား (Supply) အကြောင်းကို ထပ်ပြောကြတာပေါ့။ သေချာပါတယ် ရောင်းလိုအားကတော့ အပြည့်ရှိမယ်ဆိုတာတော့။ သူက ဘာကိုကိုယ်စားပြုတာလဲဆိုတော့ ဘယ်ဈေးမှာဆိုရင်တော့ ဘယ်လောက်ရောင်းချင်စိတ်ရှိတာ ဖော်ပြပါတယ်။ စိုက်ပျိုးထုတ်ကုန်တွေမှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် ရောင်းလိုအားကတော့ ဈေးကြီးလေလေ၊ များများရောင်း ထွက်ချင်လေဖြစ်မှာပါပဲ။ အဲ့တော့ အားလုံးအတွက် တူတူပါပဲ။

ရောင်းချင်တဲ့သူဖက်ကလည်း ရောင်းလိုအားတွေက တက်နေပြီ၊ ဝယ်သူတွေဖက်ကလည်း ဝယ်လို အားတွေရှိ နေပြီ အဲ့လိုဆို ဘယ်ချိန်မှာ ရောင်းရမှာလဲဆိုတော့ ရောင်းသူနဲ့ ဝယ်တဲ့သူ တွေ့တဲ့အချိန်ကျရင် ရောင်းရတာပေါ့။ ပုံမှာဆက်ကြည့်ပါဦး။ မျဉ်း (၂) ကြောင်း ဆုံတဲ့နေရာမှာ စပြီးတော့ ရောင်းရပါတယ်။ 

အခြေအနေ (၃) မျိုးရှိပါတယ်။ အရောင်းအဝယ်တည့်တာက တစ်မျိုး၊ ဝယ်ချင်တာကများနေပြီး ရောင်းနိုင်တာက နည်းနေတာမျိုးလည်း ဖြစ်နိုင်တယ်။ အဲ့အခြေအနေမှာဆိုရင် ဈေးကတက်ပြီ။ နောက်တစ်ချက်က ရောင်းချင်တာကများနေပြီး ဝယ်ချင်တာက နည်းနေတာမျိုးပေါ့။ ဒီအခြေအနေကျတော့ ဈေးက နည်းနည်းပဲရတော့မှာပါ။ အမြဲတမ်းဖြစ်တဲ့ သဘော (၃)ခုပါ။ 

ပုံ (၁)ကတော့ ရောင်းလိုအားနဲ့ ဝယ်လိုအား ကွက်တိကျတဲ့နေရာကို ပြထားပေးပါတယ်။ 

ပုံ(၂) ကတေ့ာ ဈေးတက်သွားတဲ့အခါ ဖြစ်တတ်တဲ့ပုံစံကို ပြထားပေးပါတယ်။ ဈေးပဲတက်သွားတာနဲ့ တက်တဲ့ဈေးအပေါ်မှာ မူတည်ပြီးတော့ ဝယ်တဲ့အရေအတွက်က ပြောင်းလဲသွားပါတယ်။

ပုံ (၃) တကယ်လို့များ ဈေးကကျသွားတယ်ဆိုရင် ပုံလေးဆွဲကြည့်ထားပါတယ်။ ဝယ်တဲ့အရေအ တွက်က များလာမှာပေါ့။ 

ကဲ ရောင်းလိုအားနဲ့ ဝယ်လိုအားတွေအကြောင်းကို နားလည်ထားဖို့လိုပါတယ်နော်။ ဇယားတွေဆိုတာ နားလည်လွယ်အောင် ပြထားတာဖြစ်ပြီးတော့ လက်တွေ့ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ယှဉ်လိုက်ရင်တော့ ငါ့မှာ ရောင်းဖို့ စပါးတင်း (၁၀၀) ရှိတယ်ဆိုတာက ရောင်းလိုအား၊ ကိုကျော်ညွှန့်က စပါး (၅၀) ပဲ ဝယ်မယ်ဆိုတာက ဝယ်လိုအားဖြစ်ပါတယ်။ အဲ့တော့ စပါး (၁၀၀) လုံးဝယ်ဖို့ ကိုယ့်ဖက်က စပါးဈေးကို တင်းမာနေလို့မ ဖြစ်ဘူးဆိုတာကိုတော့ နားလည်ရမှာပေါ့။ 

ခု စိုက်ပျိုးရေးလောကမှာဆိုရင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ ပန်းမာန် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း စတဲ့ အသင်းအဖွဲ့တွေပေါ်ပေါက်လာတယ်ဆိုတာက အလကားတော့မဟုတ်ပဲနဲ့ တစ်ခြားဖက်က ဝယ်လိုအားဘယ်လောက်ရှိတယ်။ ငါတို့အသင်းက ဘယ်လောက်အထိ ရောင်းလိုအား ဘယ်လောက်ထိ ထောက်ပံ့ပေးနိုင်တယ်ဆိုပြီးတော့ လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။

ကဲ စိုက်ပျိုးထုတ်ကုန်တွေကို ဘယ်လိုရောင်းချနေရတယ်ဆိုတာကို သိသွားရင် နောက်တစ်ခုအကြောင်းကို ဆက်ပြီးတော့ သွားကြပါမယ်။ 

Cost ကုန်ကျစရိတ်

လုပ်ငန်းတစ်ခုလုပ်ပြီဆိုရင် ကုန်ကျစရိတ်ကတော့ ရှိစမြဲပဲဖြစ်ပါတယ်။ စုစုပေါင်းကုန်ကျစရိတ်ကိုလိုချင်ရင် ကုန် ပစ္စည်းတစ်ခုရဲ့  ပျှမ်းမျှ ကုန်ကျစရိတ်နဲ့ ထွက်လာတဲ့ ပစ္စည်းအရေအတွက်ကို မြှောက်လိုက်ရင် စုစုပေါင်းကုန်ကျစရိတ်ကို ရပါတယ်။ 

အစွန်းထွက်ကုန်ကျစရိတ် ဆိုတာကလည်း ရှိပါသေးတယ်။ စစချင်းက အခု (၁၀၀) ထွက်နေတာကို နောက်ထပ်တစ်ခု ထပ်ပြီး ထုတ်လုပ်မယ်ဆိုရင် ဘယ်လောက်ကုန်ကျစရိတ် တက်သွားမလဲဆိုတာကို တွက်ချက်တာပါ။ 

ပုံလေးကို တစ်ချက်ကြည့်လိုက်ပါဦး၊ ပျှမ်းမျှကုန်ကျစရိတ်နဲ့ အစွန်းထွက်ကုန်ကျစရိတ်ဆိုတာက မတူဘူး၊ ကွာတယ်ဆိုတာကို မြင်နိုင်ပါတယ်။ ပုံမှာပြထားတာကတော့ စီးပွားရေးလုပ်ငန်းတွေအတွက် ပုံစံနမူနာပဲဖြစ်ပါတယ်နော်။ ပုံမှန်ဈေးနဲ့ ပုံမှန်ရောင်းနေရတယ်လို့ သဘောထားလိုက်ရင်တော့ များများထုတ်နိုင်လေလေ ပျှမ်းမျှကုန်ကျစရိတ်ကနည်းလေလေပဲ။

စက်ရုံ (က) နဲ့ (ခ)မှာ ငှားခကတူတူပဲ (၂၀၀၀၀) ကျပ် ဖြစ်ပြီး စက်ရုံ (က) က အထည် ၁၀၀ ထွက်ပြီး စက်ရုံ (ခ) က အထည် (၂၀၀) ထွက်တယ်ဆိုရင် ကုန်ကျစရိတ်ကို တွက်ကြည့်ကြမယ်။ စက်ရုံ (က) အတွက် တစ်ထည်ကို (၂၀၀) ကျပ် ကျပြီးတော့ စက်ရုံ (ခ) အတွက်ဆိုရင်တော့ (၁၀၀) ကျပ်ပဲကျသင့်မှာဖြစ်ပါတယ်။ အဲ့တော့ များများထုတ်နိုင်လေလေ၊ ပျှမ်းမျှကုန်ကျစရိတ်က နည်းလေလေဖြစ်ပါတယ်။

အစွန်းထွက်ကုန်ကျစရိတ်ကတော့ သီအိုရီနည်းနည်းဆန်ပါတယ်။ ခုဏက စက်ရုံ (ခ)ကိုပဲ ငှားလိုက်ပြီ။ တစ်လလုံးကို အထည် (၂၀၀) ထုတ်နေပြီ။ ဒါပေမဲ့ (၂၀၁) ထည်လိုချင်တယ်ဆိုရင် (၁) ထည်အတွက်စက်ရုံက ကောင်မလေးကို ပေးချုပ်မလား။ စက်ရုံကြီးနောက်တစ်ခုငှားမလား။ အပ်ချုပ်စက်လေးတစ်လုံးထပ်ထည့်မလား ဆိုတာမျိုးတွေးလိုက်တဲ့အခါ ကုန်ကျစရိတ်က တက်နေပါပြီ။ 

စိုက်ပျိုးရေးနဲ့ ပြန်ချိတ်ပြီးတော့ တွေးကြည့်ပါ။ အဲ့တော့ ပုံလေးကိုကြည့်လိုက်ရင် နားလည်လောက်ပါပြီနော်။

ကဲ နောက်တစ်ပိုင်းမှာ အမြတ်အများဆုံးဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ဆက်ပြီးတော့ ဆွေးနွေးကြတာပေါ့ဗျာ။

ထွန်းဝင်းကျော်

 

Ko Phyo

Ko Phyo

လွန်ခဲ့သော ၃ နှစ် က

Thanks

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ

U Yan • ဖြေကြားချက် 3 ခု

စဉ်းသုခစပါး စက်ရိတ်အစိုကိုဘယ်ဈေးရှိလဲဗျ ဧရာဝတီကျောင်းကုန်းပါ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

စပါးခင်းတွေပိုးကျသက်သာအာင်မြေကိုစိုစွတ်နေတဲ့အတိုင်ရေစိုစွတ်ယုံလောက်ထားမယ်စပါးထွက်စပြုစပါးနှံနိုရေမထည့်ခင်လေး ‌မြေအဲ့လိုထားပြီးစပါးအနှံအောင်တဲ့အချိန်မှဲ့တဲ့ထိထားမယ် အစင်ပြေနိုင်လာ

KO Thiha lin • ဖြေကြားချက် 2 ခု

ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ

KO Thiha lin • ဖြေကြားချက် 7 ခု

ဆရာခင်ဗျ ခရမ်းချဥ်ခင်းအတွက်ပါ ခရမ်းချဥ်ကတော့အသီးကတော့ အဆုတ်လိုက်တွေ သီးတာဗျ ဒါပေမဲ့ အပင်တက်ကျ နှေးနေလားလို့ဆရာ ဒီကြားထဲ ဆျာ ပီဖိုလန်ကို ရပ်ခိုင်းပီး ထွက်တိုးသုံးခိုင်းတာ နှစ်ကတ်တော့ဖျန်းပီးပီ နည်းနည်းတော့တက်လာတယ်ဆရာ အခုပထမပုံထဲက ရှယ်ပီကေ ကိုလဲ ဆျာပြောတဲ့ ပိုတက် အချိုးများလို့ အဲ့ဆေးလဲ ဖျန်းချင်တယ် အပင်ထိုင်သွားမှာလဲစိုးရတယ် အတာကို ဘယ်လိုဖျန်းသင့်လဲဆရာ ပီးတော့လေ ဝိစာရက ကပ်စီပလပ်နဲ့ မင်းမဟော်က မင်းသားက အာနိတင်တူလားဆရာ အဲ့ကယ်စီယမ်ပါတဲ့ဆေးတွေက ဘယ်နှစ်ရက်ကို ဘယ်နှစ်ကြိမ်လောက် ဖျန်းသင့်လဲဆရာ ကျွန်တော်ကတော့ ဘိုရွန်ပါတဲ့ ကပ်စီပလပ်ကိုကြိုက်မိနေလို့ ဆျာ အခုညနေက ဂရမ်း မှိုဆေးနဲ့ မင်းသား အားဆေးနှစ်မျိုးဖျန်းမှာပါဆရာ အတာပီးရင် ရှယ်ပီကေဝင်ချင်တာ အပင်ထိုင်သွားမှာစိုးလို့မဝင်ရဲဘူး အတာဆျာဘာဆေးတွေဝင်ရမလဲ အကြံပေးပါနော်ဆျာ မင်းသားနဲ့ ကယ်ီပလပ် ဘယ်ဟာနဲ့ရောတွဲရမလဲ နော်

U Yan • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။