အက်ဆစ်မိုးတွေက စိုက်ပျိုးရေးမှာ ထိခိုက်မှုရှိသလား
အက်ဆစ်မိုး တွေက ဘယ်လိုဖြစ်လာသလဲ
လေထုထဲမှာရှိနေတဲ့ အောက်စီဂျင်၊ ရေ၊ ဆာလဖာ သော်လည်းကောင်း ဒါမှမဟုတ် နိုက်ထရိုဂျင်အောက်ဆိုဒ် နဲ့သော်လည်းကောင်း ဓာတုဓာတ်ပြုပြီးတော့ အက်ဆစ်မိုးတွေ ဖြစ်လာတာဖြစ်ပါတယ်။ ဆာလဖာဒိုင်အောက်ဆိုဒ် နဲ့ ဓာတ်ပြုမယ်ဆိုရင် ဆာလဖျူရစ် အက်ဆစ် ဖြစ်ပြီးတော့ နိုက်ထရိုဂျင်အောက်ဆိုဒ် နဲ့ ပေါင်းမိရင် နိုက်ထရစ်အက်ဆစ် ဖြစ်သွားပါတယ်။
အဲ့လို ပေါင်းမိပြီး ဖြစ်သွားတဲ့ ရေခိုးရေငွေ့လေးတွေက စုနေကြ၊ တိမ်ခိုးတွေဖြစ်ပြီး မိုးတွေရွာတဲ့ အခါ အက်ဆစ်မိုးတွေရွာချလာတာပေါ့။
ဘယ်သူတွေက တရားခံ
လေထုထဲကို အက်ဆစ်မိုးတွေဖြစ်စေနိုင်တဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်နဲ့ နိုင်ထရိုဂျင်အောက်ဆိုဒ်တွေရောက်နေရတဲ့ အကြောင်းရင်းက ဘာတွေဖြစ်မလဲ ဆိုတော့
• မီးတောင်တွေကနေဆို သဘာဝအတိုင်း ထွက်တာပါ။
• ကျောက်မီးသွေးလောင်စာတွေ လောင်ကျွမ်းတာ။ ဆာလဖာဒိုင်အောက်ဆိုဒ် ပမာဏကြီးကို ၃ပုံပုံလိုက်ရင် ၂ ပုံက အဲ့လို ကျောက်မီးသွေးလောင်စာတွေ လောင်ကျွမ်းပြီးတော့ ထွက်လာတာပါ။ လေထုထဲက ရှိသမျှ နိုက်ထရိုဂျင်အောက်ဆိုဒ်တွေရဲ့ လေးပုံပုံရင် တစ်ပုံကလည်း အဲ့လို ကျောက်မီးသွေးလောင်စာတွေ လောင်ကျွမ်းမှုကနေ ထွက်လာတာပါ။
• စက်တပ်ယာဉ်တွေ စက်ကြီးတွေ ကနေ ထွက်တယ်။
• လောင်စာဆီတွေ ပြန်သန့်စင် ထုတ်လုပ်တဲ့ စက်ရုံ တွေ၊ နဲ့ ထုတ်လုပ်မှုလုပ်တဲ့ စက်ရုံ စတဲ့ နေရာတွေကနေ ထွက်တာပါ။
လေကနေ တစ်ဆင့် သယ်ဆောင်ပေးပြီး နေရာတော်တော်ဝေးဝေးကို ရောက်နိုင်ပါတယ်။
အပင်တွေ
အက်ဆစ်မိုးတွေက စိုက်ပျိုးရေးထုတ်ကုန်တွေဖြစ်တဲ့ သီးနှံတွေရဲ့ အထွက်ကိုရော အရည်အသွေးကိုရော ထိခိုက်စေပါတယ်။ ဟင်းနုနွယ်ပင်လိုမျိုးဆို အက်ဆစ်မိုးတွေကြောင့် အရွက်တွေမှာ ထိခိုက်မှုတွေ ဖြစ်တယ်။ ခရမ်းချဉ်ဆို အသီးမှာ အစက်အပြောက်တွေ ဖြစ်ကုန်တယ်။ အမြစ်စား ဥစားတဲ့ သီးနှံတွေ ဆိုလည်း အထွက်တွေ လျော့ကုန်တယ်။ ထိခိုက်မှုက ဘယ်လောက်ကြီးနိုင်လဲ ဆိုတာကတော့ အက်ဆစ်မိုးရဲ့ ပြင်းအား ဘယ်လောက်ရှိတယ်ဆိုတဲ့ အချက်၊ အက်ဆစ်မိုး ခဏခဏ ရွာသလားဆိုတဲ့ အချက်တွေအပေါ်မှာ မူတည်ပါတယ်။ နည်းနည်းပါးပါးပဲ ဆိုရင်တော့ အပင်တွေက အာဟာရချို့တဲ့မှုကို ရင်ဆိုင်ရမှာပါ။
မြေကြီးကရော
မြေကြီးမှာ အစကတည်းက ချဉ်ငံကိန်းဆိုတာ သက်သက်ရှိပြီး မချဉ် မငန်တဲ့ မြေကြီးကမှ အပင်တွေ ကောင်းကောင်း ရှင်သန်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ အက်ဆစ်မိုးရွာချလာတဲ့ မြေကြီးက အနည်းနဲ့အများက ပျက်တာပါပဲ။ အက်ဆစ်မိုး ရွာတတ်တယ်ဆို ကယ်လ်စီယမ် ကာဘွန်နိတ် လိုမျိုး ဥပမာ အလွယ်ပြောရရင် ထုံး ထည့်ထားပေးရင် အလွယ်တကူ ချဉ်တာမျိုး မရှိတော့ပါဘူး။ လျော့ပါးသက်သာစေတာပေါ့။
တစ်ချို့ အာဟာရပြည့်ပြည့်ဝဝရှိ နေတဲ့ မြေကြီးမျိုးဆိုရင် အက်ဆစ်မိုး ထိပြီးတော့ အက်ဆစ်ထဲက အဲ့ အာဟာရတွေကို ပျော်ဝင်သွားစေပါတယ်။ အဲ့တော့ အပင်က မြေကြီးကနေ အာဟာရတွေ မရတော့ပဲနဲ့ အပင်တွေဆီကို ဟိုက်ဒရိုဂျင် အိုင်းယွန်းတွေပဲ ထောက်ပံ့ပေးတဲ့ အခြေအနေ ဖြစ်သွားပါတယ်။ အဲ့လို အခြေအနေမှာ အပင်တွေက သေကုန်ကြတာပေါ့။
အက်ဆစ်မိုးတွေကြောင့် စိုက်ပျိုးရေးမှာ ဘယ်လို အကျိုးသက်ရောက်မှုရှိနိုင်လဲဆိုတာ တီးမိခေါက်မိ ရှိကြပါစေ။
ထွန်းဝင်းကျော်
Reference
https://sciencing.com/acid-rain-effect-agriculture-20667.html
https://www.epa.gov/acidrain/what-acid-rain
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....