ပြောင်းလဲလာသည့်ရာသီဥတုနှင့်အညီ သီးနှံစိုက်ပျိုးရေး
ရေရှားပါးပြတ်လတ်မှုတွေ ယခင်နှင့်နှိုင်းယှဉ်လျင် ကြုံတွေ့လာရကြောင်း သိလာရသည်။ ဆက်လက်ပြီးတော့လည်း ကြုံတွေ့နိုင်သည်ဆိုသည့် စကားသံများကို မကြာခဏကြားနေရသည်။ ကမ္ဘာပေါ်တွင်ရေရှားပါးမှု ဖြစ်ပေါ်နေသည့် အထဲမှာ မြန်မာနိုင်ငံလည်း အပါဝင် ဖြစ်သည်ဟုဆိုပါသည်။
ရေလုံခြုံမှု လျော့နည်းခြင်းပင်ဖြစ်သည်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံ အလယ်ပိုင်း၊ ရာသီ အားဖြင့်ဖေါ်ပြရလျင် နွေရာသီတွင်ဖြစ်သည်။ အကြောင်းရင်းမှာကမ္ဘာကြီး ပူနွေးလာလို့ဖြစ်သည်။ ဘယ်အချိန်ကစခဲ့ပါသနည်း။ ၁၉၈၀ ခုနှစ်ကတည်း ကလို့သိရပါသည်။
အကြောင်းရင်းကိုဆန်းစစ်လျင် မိုးရွာသွန်းမှုလျော့နည်း၍ဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်း၏ အကျိုးဆက်ဆိုလျင် မမှားနိုင်ပါ။ လွန်ခဲ့သည့်နှစ် ၃၀ ကျော်က မိုးနည်းပါးသည့်မကွေးမြို့နယ်ရှိကျေးရွာ တစ်ရွာကို နွေရာသီမှာ တာဝန်ဖြင့် သွားရောက်ဖူးသည်။ အိမ်ပေါ်တွင် သီးနှံစိုက်ပျိုးရေးနှင့်ပါတ်သက်ပြီး ပြောကြဆိုကြဆွေးနွေးကြအပြီး အိမ်ရှင်ယာသမား ကြီးက စကားကမ်းလှမ်းလာသည်။
“ဆရာလေး ရေချိုးပါ၊ ရေပေါပါတယ်”
ပူအိုက်လွန်းတော့ အားမနာနိုင်ပါ။ အပေါ်အင်္ကျီကိုချွတ်၊ ပေးလာတဲ့ ရေလဲ ပုဆိုးကိုယူပြီး ဆင်းလိုက်သည်။ လှေကားရင်းမှာ မြေရေအိုးနှစ်လုံးကိုတွေ့ရသည်။ အုန်းမှုတ်ရေခပ်ခွက်တစ်ခု တတ်ထားသည်။ ရေ၏အရောင်မှာ လဘက်ရည်အရောင်ဖြစ်သည်။
မှန်ပါသည်။ ရေအိုးနှစ်လုံး ရေအပြည့်ဖြည့်ထားသဖြင့် ရေပေါသည်ဟုပြောကာ အလွန်ကျေးဇူး တင်ရင်းနှီးသူဖြစ်၍ ရေချိုးဖို့ဖိတ်ခေါ်ခြင်းဖြစ်မည်။သူ့အတိုင်းအတာနှင့်သူတော့ရေပေါတာ ဖြစ်ကောင်း ဖြစ်ပါမည်။ စာရေးသူအနေဖြင့်တော့ အင်္ကျီပြန်ဝတ်ပြီး ရေမချိုးဘဲနေရမလား ဝေေ၀ဝါးဝါးဖြစ်သွားခဲ့ဖူး သည်။
ဧည့်ဝတ်မပျက် အအိုက်ပြေရေချိုးခဲ့သည်။ အမှန်မှာ ထိုရေကို ရေစည်နွားလှည်းဖြင့်နှစ်မိုင် လောက်ဝေးသော လက်လုပ် ရေကန်ရှိရာသို့ ဒီနေ့မနက်ဝေလီဝေလင်းကမှ သွားရောက်ခပ်ယူထား တာ ဖြစ်လို့ ရေပေါသည်ဟု ပြောခြင်းဖြစ်ကြောင်း သိရသည်။
အညာဒေသမို့ ထန်းပင်ပေါသည်။ ဒါကြောင့် တစ်ချို့ဒေသတွင် ဧည့်သည်က ရေသောက်ချင် သဖြင့် ရေတောင်းလျင် ရေအစားထန်းရည်ကိုသာ ပေးလေ့ရှိကြောင်းကြားဖူးသည်။ စာရေးသူတော့ မကြုံတွေ့ဖူးပါ။ ရေရှားကြောင်း ပြောလိုရင်းဖြစ်ပါသည်။ ထိုအချိန်ကစလို့ ရာသီဥတုပြောင်းလဲနေတာ ပါလားလို့ အခုမှစဉ်းစားမိပါသည်။
သီးနှံအလိုက်ရေလိုအပ်ချက်
ယခုကဲ့သို့ ရာသီဥတုပြောင်းလဲလာသောအခြေအနေတွင် သီးနှံစိုက်ပျိုးအောင်မြင်ဖို့ သီးနှံ အလိုက် ရေလိုအပ်ချက်ကို သိထားသင့်သည်။
စာရေးသူတို့နိုင်ငံက မည်သည့်သီးနှံကိုမဆို စိုက်ပျိုးလို့ရသောနိုင်ငံဖြစ်သည်။ စပါးသီးနှံကို အဓိကစိုက်ပျိုးသည်။ နှမ်း၊ မြေပဲ၊ နေကြာစသည့် ဆီထွက်သီးနှံတွေ၊ မတ်ပဲ၊ ကုလားပဲ၊ ပဲတီစိမ်းစသည့် ပဲမျိုးစုံသီးနှံတွေ၊ ပြောင်းဖူးနှင့် ဂျုံစသည့် အခြားနှံစားသီးနှံတွေကိုလည်း နေရာဒေသနှင့် ရာသီကိုလိုက် ပြီး စိုက်ပျိုးလျက်ရှိသည့် နိုင်ငံဖြစ်သည်။ သီးနှံစိုက်ပျိုးရေး အတွက်ရေမြေရာသီဥတုသဘာဝပတ်ဝန်းကျင် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားသည့်နိုင်ငံလို့ ဆိုရမည် ဖြစ်ပါသည်။
သို့သော် သီးနှံစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းသီးပွင့်ဖို့ အမှန်တကယ် ရေလိုအပ်ပါသည်။ စိုက်ပျိုးသည့်သီးနှံအလိုက် ရေသုံးစွဲမှု၊ ရေလိုအပ်မှုကို သိထားဖို့လိုမည်ဟုယူဆသည်။ ရေမရှိလို့တော့ မဖြစ်ပါ။ သို့သော်တစ်မျိုးနှင့် တစ်မျိုး မတူညီပါ။ သီးနှံပင်တစ်မျိုး၏ သက်တမ်းတလျောက်အတွင်း ရေလိုအပ်မှုက သီးနှံအမျိုးအစားအပေါ်တွင် မူတည်ပါသည်။
ဖတ်ဖူးမှတ်ဖူးသမျှ ဖေါက်သည်ချရလျင် စပါးသီးနှံက ၇၀၀ မှ ၁၄၀၀ မီလီမီတာ ရေလိုအပ် ကြောင်း သိရသည်။ ပြောင်းဖူးသီးနှံက ၅၀၀ မှ ၉၀၀ မီလီမီတာ၊ နှမ်းသီးနှံနှင့်မြေပဲသီးနှံက ၃၅၀ မှ ၆၀၀ မီလီမီတာ၊ ပဲမျိုးစုံသီးနှံတွေက ၃၀၀ မှ ၅၀၀ မီလီမီတာ အသီးသီးဖြစ်ကြောင်းသိရပါသည်။
စပါးသီးနှံက ရေလိုအပ်ချက် ၇၀၀ မှ ၁၄၀၀ မီလီမီတာဖြစ်သော်လည်း စပါးစိုက်ပျိုးသည့်နည်း စနစ်အပေါ် မူတည်သေးသည်။ ပျိုးထောင်ကောက်စိုက်စနစ်က တိုက်ရိုက်မျိုးစေ့ချစနစ်ထက် ရေပို လိုအပ်သည်မှာ ရှင်းပါသည်။
ရာသီဥတုပြောင်းလဲနေပြီး ရေရှားပါးနိုင်သည့် လက်ရှိအခြေအနေတွင် ကြဲပက်စိုက်စနစ်ကဲ့သို့ တိုက်ရိုက်မျိုးစေ့ချစပါး စိုက်ပျိုးနည်းစနစ်က အားသာချက်ဖြစ်နေသည်မှာ ထင်ရှားသည်။ တိုက်ရိုက် မျိုးစေ့ချစနစ်တွင်လည်း စိုက်နည်းစနစ်မှာ ယေဘုယျအားဖြင့် နှစ်မျိုးဖြစ်သည်။
တစ်မျိုးမှာ ပျိုးထောင်ကောက်စိုက်စနစ်တွင် စိုက်ခင်းတမန်းပြင်သလိုပြင်ပြီး ထိုအစိုတမန်းမှာ စပါးမျိုးစေ့ကို အညှောင်ဖောက် ပြီး မျိုးစေ့ချသည့် အစိုတမန်းပြင်တိုက်ရိုက်မျိုးစေ့ချနည်းစနစ်ဖြစ်သည်။ ဒုတိယတစ်နည်းကတော့ နှမ်း၊ ပြောင်း၊ မြေပဲစသည့် ယာသီးနှံတွေစိုက်မှာလို အခြောက်ထွန်ရေးပြင်ပြီး စပါးမျိုးစေ့ကိုလည်း အခြောက် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်းစနစ်ဖြစ်သည်။ အစိုတမန်းပြင်စိုက်စနစ် ထက် အခြောက်ထွန်ရေးမျိုးစေ့ချစနစ်က ပို၍ရေလိုအပ်မှုနည်းသည်။
ရေလိုအပ်ချက်အပေါ်မူတည်ပြီး စိုက်ပျိုးအောင်မြင်နိုင်မည့်သီးနှံနှင့် စိုက်နည်းစနစ်ကို လိုအပ် ပါက ရွေးချယ်နိုင်ရန်ဖြစ်ပါသည်။
ဆင်းသီဟ
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Soe Myint
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....