အစိုက်များတဲ့ ဆင်းပဒေသာမြေပဲအထွက်ကောင်းမျိုးများ
ဒေသနှင့် ကိုက်ညီဖြစ်ထွန်းသည့်မျိုးကို ရွေးချယ်အသုံးပြုရန်ဖြစ်သည်။ အပင်ပေါက် ၈၀ ရာခိုင်နှုန်းနှင့် အထက်ရှိသည့် မျိုးကို စိုက်ပျိုးသင့်သည်။ အထွက်နှုန်းကောင်းမွန်သည့်မျိုးများကို သုတေသနပြု ထုတ်ဝေထားသည်။ ဆင်းပဒသော-၆၊ ဆင်းပဒေသာ-၇ နှင့် ဆင်းပဒေသာ-၁၁ မျိုးများကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ ယခု အခါ ဆင်းပဒေသာ-၁၂ နှင့် ဆင်းပဒေသာ-၁၃ စသည့် အခြားမျိုးသစ်များကိုလည်း စိုက်ပျိုးနိုင်ပြီဖြစ်သည်။
ဆင်းပဒေသာ - ၆
အပင်ပုံစံသည် ပင်ထောင်မျိုးဖြစ်သည်။ အပင်သက်တမ်းမှာ ၁၀၅ ရက် မှ ရက် ၁၁၀ ဖြစ်သည်။ တစ်ပင်ပါ အောင် တောင့်- ၁၅ မှ ၂၀ ဖြစ်သည်။ တစ်တောင့်ရှိအစေ့ - ၂ မှ ၁ ဖြစ်ကာ အစေ့ခွံအရောင်မှာ ပန်းရောင် ဖြစ်သည်။ ထူးခြား သည်မှာ ရေငတ်ခံနိုင်သည်။
ဆင်းပဒေသာ - ၇
အပင်ပုံစံသည့် ပင်ထောင်မျိုးဖြစ်သည်။ အပင်သက်တမ်းမှာ ရက် ၉၀ မှ ၉၅ ရက်နှင့် တစ်ပင်ပါအောင်တောင့်- ၁၅ မှ ၂၀ ဖြစ်သည်။ တစ်တောင့်ရှိအစေ့- ၂ မှ ၁ နှင့် အစေ့ခွံအရောင်- ပန်းရောင် ဖြစ်ကာ အဆံထွက်ရာခိုင်နှုန်း- ၇၄ ဖြစ်သည်။
ဆင်းပဒေသာ - ၁၁
အပင်ပုံစံမှာ ပင်ထောင်မျိုးပင်ဖြစ်သည်။ အပင်သက်တမ်း ရက် ၁၀၀ မှ ၁၀၅ ရက်နှင့် နှုတ်သိမ်းနိုင်သည်။ တစ်ပင်ပါ အောင်တောင့်- ၂၀ မှ ၂၅ ရှိပြီး အဆံထွက်ရာခိုင်နှုန်း- ၇၄ ဖြစ်သည်။
ဆင်းပဒေသာ - ၁၂
အပင်ပုံစံမှာ ပင်ထောင်မျိုးပင်ဖြစ်သည်။ အပင်သက်တမ်း ၁၀၅ ရက် မှ ရက် ၁၁၀ နှင့် နှုတ်သိမ်းနိုင်သည်။ တစ်ပင်ပါ အောင်တောင့်- ၁၅ မှ ၂၅ ရှိပြီး အဆံထွက်ရာခိုင်နှုန်း- ၇၂ ဖြစ်သည်။ ရေငတ်ဒဏ်ခံနိုင်ပြီး မိုးရွာသွန်းမှု နည်းပါးသော အပူပိုင်းဒေသနှင့် သင့်တော်ကြောင်းသိရသည်။
ဆင်းပဒေသာ - ၁၃
အပင်ပုံစံမှာ ပင်ထောင်မျိုးပင်ဖြစ်သည်။ အပင်သက်တမ်း ၁၀၅ ရက် မှ ရက် ၁၁၀ ရက်နှင့် နှုတ်သိမ်းနိုင်သည်။ တစ်ပင်ပါအောင်တောင့်- ၂၀ မှ ၃၀ ရှိပြီး အဆံထွက်ရာခိုင်နှုန်း- ၇၄ ဖြစ်သည်။ ဒေသမရွေးသင့်တော်သောမျိုးဖြစ်ကြောင်းသိရသည်။
U hlaing
လွန်ခဲ့သော ၄ နှစ် ကမကွေးမြို့ သဲဆန်သောမြေ နင့်ကိုက်ညီသောမြေပဲမျိုး ညွှန်းပေးစေလိုပါတယ်
ဦးလှအေး
လွန်ခဲ့သော ၄ နှစ် ကဆင် ပဒေသာ-7 မျိုးဘယ်မှာရမလဲ ရ ရင် လေးတင်း လောက်ဝယ်ချင်ပါတယ်
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Soe Myint
အားလုံး