အလွယ်တကူစိုက်ပျိုးနိုင်တဲ့ အိမ်တွင်းအလှစိုက်အပင် (၆) မျိုး
အိမ်တွင်းစိုက်အပင်ဆိုတာ နေရာသိပ်မယူပဲ အိမ်ထဲမှာ အိုးသေးသေးလေးနဲ့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလို့ရတဲ့ အပင်တွေပဲဖြစ်ပါတယ်။ စိတ်အပန်းပြေချင်လို့ပဲဖြစ်ဖြစ် ကိုယ့်ခြံ အိမ်ဝန်း လှပအောင် စိုက်ပျိုးချင်ပေမယ့် အရမ်းကြီးလည်းဂရုမစိုက်ချင်ဘူး။ အခုမှ စပြီး စမ်းစိုက်မယ်ဆိုတဲ့ သူတွေအတွက် အလွယ်တကူနဲ့ စိုက်လို့ရပြီး အကြမ်းခံတဲ့ အပင်လေးတစ်ချို့ကို ဖော်ပြပေး လိုက်ရပါတယ်။
(၁) နဂါးစက်
အပင်လေးတွေကိုအခုမှ စတင်ပြီးစိုက်ပျိုးမယ့်သူတွေအတွက် အကောင်းဆုံးအပင်လို့ ပြောနိုင်ပါတယ်။ အလင်းရောင်နဲ့ ရေလည်းသိပ်မလိုအပ်တဲ့အတွက် ဒီအပင်လေးတွေက သေဖို့မလွယ်ကူပါဘူး။ နဂါးလို့ကို မပြောရဘူး။ ရှင်သန်နိုင်စွမ်းက တကယ်ကိုအံ့ဩဖွယ်ကောင်းပါတယ်။ ဒါ့အပြင် နဂါးစက်ပင်တွေက အခန်းတွင်းလေကို သန့်စင်ပေးနိုင်တဲ့ အစွမ်းသတ္တိလည်းရှိပါတယ်။

(၂) ပင့်ကူဂမုန်း
ပင့်ကူဂမုန်းဟာဆိုရင် သူ့ရဲ့အကြမ်းခံနိုင်မှုနဲ့ လိုက်လျောညီထွေစွာ ပေါက်ရောက်နိုင်မှုကြောင့် အိမ်တွင်းစိုက် အပင်လေးတွေမှာဆိုရင် နာမည်ကြီးတဲ့ အပင်တွေပဲဖြစ်ပါတယ်။ အလင်းရောင် ကောင်းကောင်းရပြီး အစိုဓာတ်သာအနည်းငယ်ရရှိမယ်ဆိုရင် ပင့်ကူဂမုန်းတွေဟာ ပျော်ရွှင်စွာနဲ့ ရှင်သန် ပေါက်ဖွားနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) ရှင်သီဝလိဂမုန်း
အိမ်တွင်းအလွယ်တကူ စိုက်နိုင်တဲ့အပင်တွေထဲမှာမှ အလွယ်ကူဆုံးအပင်ဟာ ရှင်သီဝလိ ဂမုန်းပဲဖြစ်ပါတယ်။ အလင်းရောင်ရရှိမှုများတဲ့အခါမျိုးတွေမှာဆိုရင်လည်း ခံနိုင်ရည်ရှိပြီး ရေနည်းနည်းလေးရရုံနဲ့ ရှင်သန်နိုင်ပါတယ်။ သူ့ကိုစိုက်ရင် ကံကောင်းပြီး ငွေဝင်တယ် အဆင်ပြေ၊ အောင်မြင်တယ်ဆိုတဲ့ ယူဆချက်တွေလည်းရှိပါတယ်။ ရှင်သီဝလိဂမုန်းဟာဆိုရင်လည်း အခန်းတွင်း လေကို သန့်စင်ပေးနိုင်ပါတယ်။

(၄) တိုက်ကပ်နွယ်ပင် (အိုင်ဗွီ)
ဒီအပင်လေးတွေဟာဆိုရင် နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့တဲ့နေရာမှာ ထားသင့်ပြီးတော့ အဝကျယ်ပြီး ဇောက်တိမ်တဲ့ အိုးလေးတွေနဲ့ပဲစိုက်သင့်ပါတယ်။ အိုင်ဗီအပင်လေးတွေကို အလှဆင်ဖို့ အတွက် မြေပေါ်မှာလည်းစိုက်ပျိုးနိုင်သလို ကျောက်တုံးတွေ၊ နံရံတွေ၊ ခြံစည်းရိုးတွေ ပေါ်မှာလည်း စိုက်ပျိုးနိုင်ပါတယ်။

(၅) ရှားစောင်းပင်
ရေလိုအပ်ချက်နဲ့ အပင်တွေကို ပြုစုစောင့်ရှောက်ရမယ့် နည်းစနစ်တွေကိုမေ့ထားချင်ရင်တော့ ရှားစောင်းအပင်ကိုသာစိုက်လိုက်ပါ။ ရှားစောင်းအပင်ဟာဆိုရင် ဘယ်အခြေအနေမဆို လိုက်လျောညီထွေစွာ ရှင်သန်နိုင်ပါတယ်။ 
(၆) ကျောက်စိမ်းဧကရာဇ်
ရေရရှိမှုနည်းပြီး အလင်းရောင်နည်းနည်းပဲ ရရှိမယ်ဆိုရင်တောင်မှ ခံနိုင်ရည်မြင့်မားပါတယ်။ အလင်း ရောင်အနည်းငယ်နဲ့ မြေဆီဩဇာထက်သန်တဲ့ မြေကိုကြိုက်နှစ်သက်တယ်ဆိုပေမယ့် အပင်တွေကို မြေဩဇာ မထည့်ပေးလည်းရှင်သန်နိုင်ပါတယ်။ တကယ်လို့ အပင်လေးကို သနားပြီး မြေဩဇာ လေး ထည့်ချင်လာရင်တော့ တစ်နှစ်ကို တစ်ခါ (သို့) နှစ်ခါ ထည့်ပေးရုံနဲ့တင် လုံလောက်ပါတယ်။

ဒီအပင်လေးတွေအားလုံးဟာဆိုရင် NASA (အမေရိကန်အာကာသ အေဂျင်စီ) ရဲ့ လေ့လာတွေ့ရှိချက်တွေအရ အိမ်အတွင်းမှာ ရှိတဲ့ လေထုရဲ့ ညစ်ညမ်းမှုကို လျှော့ချပေးနိုင်တယ်လို့လည်း သိရပါတယ်။
Reference: https://balconygardenweb.com/best-houseplants-for-beginners/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ
ဦးမောင်ကျော် • ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ထားတာ6ရက်သားရှိပြီးအရွက်၂ဂွက်ထွက်နေပီဘာဆေးသုံးရမလဲအကြံပေးပါအူး
aye Myat mon • ဖြေကြားချက် 1 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 1 ခု
စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ
ဝင်းဇော် • ဖြေကြားချက် 6 ခု
ရေဆင်း ၂ပေါ်ဆန်း ပေါ်ဆန်ရင် ဧရာမင်း ကျာပြန်၁၄ပေါ်ဆန် ချောင်းသာပေါ်ဆန်း အသက်ရက် ခန့်မှန်းအထွက်နှုံးများပြောပြပေးနိုင်ပြေားပေးပါ
U Myint Naing • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from ဆုမြတ်နိုး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....