အပြည်ပြည်ဆိုင်ရာ ပန်းသီးနေ့
အောက်တိုဘာလ ၂၁ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာပန်းသီးနေ့ပါ။ ပန်းသီးဆိုတာ ပုံပြင်တွေကဗျာတွေထဲမှာ အမျိုးမျိုးတင်စားကြတဲ့ အသီးတစ်မျိုးပဲဖြစ်ပါတယ်။
အာဒံနဲ့ ဧဝရဲ့ အချစ်စိတ်တွေ ဖြစ်ပေါ်စေခဲ့တဲ့ အသီးမို့လို့ အချစ်သီးလေးလို့ဆိုလည်း မှားမယ်မထင်ပါဘူးနော်။
ပန်းသီးရဲ့မူရင်းဒေသက အာရှအလယ်ပိုင်း Kyrgyzstan နဲ့ Kazakhstan ဆိုတဲ့ တရုတ်ပြည်ရဲ့ တောင်နားမှာရှိတဲ့ Tien Shan တောင်မှာ စတွေ့ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် တရုတ်နဲ့ အရှေ့ဥရောပကို ပိုးလမ်းမကြီးကနေတဆင့် ကုန်သည်တွေဆက်သွယ်လာခဲ့ရာကနေ ပန်းသီးမျိုးတွေက ဥရောပကို ပါသွားတယ်လို့ ဆိုရမှာပါ။
နောက်ဥရောပလူမျိုးတွေကပဲ ပန်းသီးမျိုးတွေကို အမေရိကကိုယူသွားပြီး အမေရိကရဲ့ ပထမဦးဆုံးပန်းသီးပင်ကို မက်စချူးဆက် ပင်လယ်အော်ထဲမှာ စိုက်ခဲ့ပြန်ပါတယ်တဲ့။ အဲ့လိုနဲ့ ပန်းသီးပင်တွေက အာရှအလယ်ပိုင်းကနေ ဥရောပ၊ ဥရောပကနေ အမေရိကဆိုပြီး ခရီးနှင်လာလိုက်တာ အခုဆို တစ်ကမ္ဘာလုံးနီးပါးမှာတောင် ပန်းသီးပင်တွေကို တွေ့နေရပါပြီ။
အပြည်ပြည်ဆိုင်ရာ ပန်းသီးနေ့အဖြစ်စတင်ခဲ့ပုံကတော့ ၁၉၉၀ ခုနှစ်မှာ အင်္ဂလန်နိုင်ငံရဲ့ Common Ground ဆိုတဲ့ ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုက ပန်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဂုဏ်ပြုဖို့ရယ်နဲ့ အဖိုးတန်ပန်းသီးမျိုးကွဲတွေထိန်းသိမ်းတာကို မြှင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒီသတင်းက နိုင်ငံအနှံ့အပြားဆီ ပျံ့နှံ့ရောက်ရှိသွားပြီး ကမ္ဘာလုံးဆိုင်ရာ အထိမ်းအမှတ်နေ့တစ်ခုအနေနဲ့ သတ်မှတ်ကာ ပွဲတွေကျင်းပလာခဲ့တာ ဒီနှစ်နဲ့ဆို ၃၄ နှစ်ရှိသွားခဲ့ပါပြီ။

ကျွန်မတို့ အစိမ်းရောင်လမ်းကလည်း ဒီနေ့ကျရောက်တဲ့ “ပန်းသီးနေ့”ကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်းသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် ...
(၁) ကိုလက်စထရောနဲ့ သွေးပေါင်ချိန်မြင့်မားခြင်းကို လျှော့ချပေးနိုင်ခြင်း
(၂) အမျှင်ဓာတ်များစွာပါဝင်တဲ့အတွက် အစာချေဖျက်ဖို့ကို ကူညီပေးနိုင်ခြင်း
(၃) ကိုယ်ခံအားစနစ်ကောင်းဖို့ ကူညီပေးနိုင်ခြင်း
(၄) ဆီးချိုဝေဒနာသည်များလည်း စားသုံးနိုင်ခြင်း
(၅) ကင်ဆာကိုကာကွယ်ပေးနိုင်တဲ့ အန်တီအောက်စီဒန့်များ အဓိကပါဝင်နေခြင်း
(၆) ဝိတ်လျှော့ရာတွင်လည်း ကူညီပေးနိုင်တဲ့ အသီးတစ်ခုဖြစ်ခြင်း
(၇) အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်ခြင်း
(၈) အူလမ်းကြောင်းကျန်းမာရေးကိုလည်း ကူညီပေးနိုင်ခြင်း ... ဆိုတဲ့ အကျိုးကျေးဇူးတွေ အများကြီးပါဝင်နေပါတယ်။
ပန်းသီးကို နေ့တိုင်းတစ်နေ့တစ်လုံးစားပေးမယ်ဆိုရင်တော့ ကိုလက်စထရောနဲ့ သွေးပေါင်ချိန်မြင့်မားခြင်းကို လျှော့ချပေးနိုင်တဲ့အပြင် အသားအရေဖူးရောင်နီရဲတတ်တဲ့ သူများကိုလည်းလျော့ကျဖို့ ကူညီပေးပါတယ်။ ပန်းသီးကို နေ့စဉ်စားပေးသင့်တဲ့အကြောင်းအရင်းတစ်ခုကတော့ နှလုံးကျန်းမာရေးကို ကူညီထောက်ပံ့ ပေးနေလို့ပဲဖြစ်ပါတယ်။
သတိထားရမယ့်အချက်တစ်ခုကတော့ အိပ်မပျော်ဝေဒနာခံစားနေရတဲ့သူတွေကတော့ ပန်းသီးကို အိပ်ချိန်နားနီးရင် မစားသင့်ပါဘူးဆိုတာပဲဖြစ်ပါတယ်။
ဒီလိုမျိုး အပြည်ပြည်ဆိုင်ရာပန်းသီးနေ့မျိုးမှာ ပန်းသီးနဲ့ပတ်သက်တဲ့ ကိတ်မုန့်၊ ဝိုင် ၊ ဂိမ်းကစားခြင်းများပြုလုပ်ကြတဲ့အပြင် ဗဟုသုတအကြောင်းအရာတွေကို ဟောပြောပို့ချတာမျိုး နိုင်ငံအနှံ့အပြားမှာ ကျင်းပကြတယ်လို့လည်း သိရပါတယ်။
ပန်းသီးစိုက်ပျိုးနည်းအကြောင်းလေ့လာရန်>>>
https://greenwaymyanmar.com/posts/planting_apple
ပန်းသီးနဲ့ ပတ်သက်တဲံ ပိုးမွှားရောဂါနဲ့ ဗဟုသုတရဖွယ်ဆောင်းပါးတွေကို အစိမ်းရောင်လမ်းရဲ့ ဆောင်းပါးများကဏ္ဍမှာ လေ့လာလို့ရနေပါပြီနော်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဒေါ်သိန်းကြယ်
လွန်ခဲ့သော ၃ နှစ် ကဇူပါ
ဆက်စပ်မေးခွန်းများ
ဖရဲ စိုက်ပျိုးရန် မြေဆီလွာကို ဘယ်လို ပြုပြင်ရမလဲ စိုက်ပျိုးနည်း ပုံစံလည်း သိချင်ပါတယ်။
Nay thura • ဖြေကြားချက် 0 ခု
EM-5 ဘယ်လိုပြုလုပ်ရင်အကောင်းဆုံးလဲ
san lin • ဖြေကြားချက် 0 ခု
မျိုးစေ့မသိမ်းခင် အဆင့်မှာ ပုတ်ပြီးခြောက်သွားတာ ဘာကြောင့်ဖြစ်တာလဲပြောပြပေးပါဆရာ၊ဆရာမတို့ရှင့်
Tone meezae • ဖြေကြားချက် 0 ခု
မတ်ပဲစိုက်ရန် ဒိုလာမောင်းထားပါတယ် ၂ဧက ပဲပတ်ပြီး ၁ရက်အကြာမိုးမိတယ် အပင်တေ မပေါက်တော့ပါ့ဘူး ပြန်ဖျတ်ပြီး ကျဲလျှင်ပေါက်နိုင်ပါလားဗျ ဒိုလာမောင်းပြီး ပဲမပတ်ရသေးတဲ့အခင်းတေရော ဘယ်နရက်လောက်နေလှန်းပြီးမှကျဲပတ်ရမလည်းသိချင်ပါတယ်ဆရာ
zayyy zayya • ဖြေကြားချက် 0 ခု
အိမ်မှာ စိုက်ပျိုးထားတဲ့ သရက်ပင်ရဲ့ အရွက်တွေက ပုံပါအတိုင်း ဖြစ်နေလို့ပါ။ ကျန်အရွက်တွေလည်း ညိုးကျနေလို့ပါဗျ။ ဘာဆေးလေး သုံးလို့ရလဲဗျ။
Thura • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
အပင်ရဲ့ အစာချက်လုပ်မှုကို ထိခိုက်စေတဲ့ သရက်ခေါင်ညွန့်စားပိုး(သို့) သရက်ရွက်အိမ်ဖွဲ့ပိုး
09/11/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (2-6.11.2026)
06/11/2026
စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသများအတွက် မိုးလေဝသခန့်မှန်းချက် (နိုဝင်ဘာ ၅ -၁၁အထိ)
06/11/2026
ဗီဒီယို
GPS မဖွင့်ဘဲ မိုးလေဝသ ကြည့်လို့ရပြီ
06/11/2026
More from ဆုမြတ်နိုး
အားလုံး