မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ငရုတ် တစ်ပတ်အတွင်းဈေးကွက်နှင့်အလားအလာ
မတ်ပဲ

မတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးမြင့်တက်ပေမယ့် တစ်ပတ်အတွင်းမှာတော့ ဈေးအတက်အကျ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတွင်း မတ်ပဲဈေးမြင့်တက်မှုကြောင့် CNF ဈေးနှုန်းတွေပါ မြင့်တက်လာပြီး ပြည်တွင်းဈေးပါ အနည်းငယ်မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ FAQ/RC က တစ်တန်ကို ၂၂၉၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၈၅၀၀၀ ကျပ် ဈေးပြန်မြင့်တက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ မတ်ပဲအဟောင်းတွေ တစ်အိတ်ကို ၂၁၅၀၀၀ ကနေ ၂၂၀၀၀၀ ကြားပေါက်ဈေးရှိပြီး ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။
ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၅၂၀၀၀ ကနေ ၆၂၀၀၀ ကြားရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တင်းကို ၄၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။
အခြားနယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ အောင်လံကုန်စည်ဒိုင်၊ ပြည်တို့မှာလည်း တစ်တင်းကို ၇၀၀၀၀ ကနေ ၇၅၀၀၀ ကြားပေါက်ဈေးရှိနေပြီး ၃၀၀၀လောက် ဈေးတက်လာပါတယ်။
ဈေးကွက်ထဲ အသစ်တွေလည်း အနည်းငယ်ဝင်ရောက်နေပါတယ်။ ဒါပေမဲ့ ဒီအသစ်တွေက အဝင်ရှိ သလောက် အဝယ်ရှိနေပေမယ့် ဈေးကတော့ အနည်းငယ်လျော့နည်းပါတယ်။
ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးကျဆင်းသွားပါတယ်။ တစ်ပတ်အတွင်းလည်း အကျဈေးဖြင့် ဈေးငြိမ်နေခဲ့ပါတယ်။ ပြည်ပတင်ပို့မှုက ပုံမှန်ရှိပေမယ့် ပြည်တွင်းဝယ်ယူမှုကတော့ လက်ကျန်မရှိတဲ့အတွက် အရောင်းအဝယ်မရှိ ဈေးကျဆင်းနေတာဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။
အိန္ဒိယနိုင်ငံတွင်းမှာတော့ ပဲစင်းငုံနီ တင်သွင်းတာနဲ့ပတ်သက်ပြီး လုပ်ဆောင်နေကြပါတယ်။ အာဖရိကကနေ မကြာခင်တင်သွင်းတော့မှာဖြစ်ပေမဲ့ ဈေးက မျှော်မှန်းထားသလောက်တော့ ကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ အိန္ဒိယကုန်သည်တွေက သုံးသပ်ထားကြောင်း အိန္ဒိယသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၃၁၃၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၃၀၀၀၀၀ ပေါက်ဈေးရှိနေပြီး ဈေးငြိမ်နေပါတယ်။
အခြား နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ ပခုက္ကူဈေးကွက်၊ အောင်လံဈေးကွက်၊ မုံရွာဈေးကွက်နဲ့ ပြည်ဈေး ကွက်တို့မှာ ပဲစင်းငုံနီတစ်တင်းကို ၉၈၅၀၀ ကနေ ၁၀၀၀၀၀ ကြား ပေါက်ဈေးရှိနေပြီး ၅၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း

ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်ထဲ ထိပ်စတွေ အဝင်မရှိဘဲ ဈေးကျဆင်းသွားပေမဲ့ နယ်ဈေးကွက် တွေမှာတော့ ပဲတီစိမ်းအသစ် ( အညာ)တွေ ဈေးကွက်ထဲဝင်နေပြီး ဈေးငြိမ်နေပါတယ်။
အသစ်တွေ အရည်အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပဝယ်လက်တွေ ရှိပေမဲ့ နည်းနေတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ခရမ်းရွှေဝါက တစ်ပိဿာကို ၃၃၃၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ဈေးတွေကျဆင်းသွားပါတယ်။ ဝါးခယ်မကတော့ တစ်ပိဿာကို ၂၅၈၀ ကနေ ၂၉၂၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်နေပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၆၀၀၀၀ ကနေ ၁၇၃၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပေမဲ့ နေ့စဉ် အရောင်းအဝယ်ပေါ်မူတည်ပြီး ၃၀၀၀ ကနေ ၅၀၀၀ ကြား ဈေးအတက်အကျ ရှိနေ ပါတယ်။
မုံရွာဈေးကွက်မှာတော့ ပဲတီစိမ်းကြီးက တစ်တင်းကို ၄၅၀၀၀ မှ ၅၅၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။
ငရုတ်
ငရုတ်ဈေးကတော့ အတက်ဈေးဖြင့် ဈေးငြိမ်နေရာမှ ပြန်ပြီး ဈေးပြန်ကျဆင်းလာပါတယ်။ ဈေးကွက်ထဲကို အသစ်တွေ အဝင်များလာတဲ့အတွက်ဈေးကျဆင်းနေတာ ဖြစ်ပါတယ်။ ထိုင်းတင်ပို့မှုမှာလည်း လမ်းကြောင်းအခြေအနေအရ တင်ပို့မှု နည်းနေတယ်လို့သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026