အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
GAP သီးနှံများ ရောင်းချနိုင်ရန် စျေးကွက်စတင်ချိတ်ဆက်

GAP သီးနှံများ ရောင်းချနိုင်ရန် စျေးကွက်စတင်ချိတ်ဆက်

Green Way
Green Way • Greenovator • 02/10/2019

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်းတယနှင့် ဟဲဟိုးမြို့နယ်တို့၌ ပြုလုပ်လျက်ရှိသော ရေရှည်တည်တံ့ခိုင်မြဲသည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အစားအစာအရည်အသွေးဆိုင်ရာ ပဏာမ ဆောင်ရွက်ချက်  (SAFI) စီမံကိန်းမှ ထွက်ရှိသည့် GAP သီးနှံများရောင်းချနိုင်ရန် စျေးကွက်ချိတ်ဆက်သည့်အနေဖြင့် စက်တင်ဘာလ ၃၀ ရက်က ပင်းတယမြို့ ရွာသစ်ရပ် Diamond Queen ခန်းမ၌ စတင်မိတ်ဆက်ကြောင်း ယင်းအခမ်းအနားမှ သိရသည်။

အဆိုပါ SAFI စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယနှင့် ဟဲဟိုးမြို့နယ်တို့၌ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၃၁ ရက်အထိ ဆောင်ရွက်ခြင်းဖြစ်ပြီး ပင်တယမြို့နယ်၌ စီမံကိန်းဝင် တောင်သူ ၁၈၁ ဦး စိုက်ပျိုးဧက ၂၄၀ ဒသမ ၅ ဧကနှင့် ဟဲဟိုးမြို့နယ်၌ စီမံကိန်းဝင်တောင်သူ ၁၉ ဦး စိုက်ပျိုးကာ ၁၁၉ ဒသမ ၆၅ ဧက ရှိသည်။

ပင်းတယမြို့နယ်၌ ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ရွှေပဲသီး၊ မုန်ညင်းဖြူ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် အာလူးသီးနှံတို့အတွက် စီမံကိန်း ပထမ ကာလတွင် ပံ့ပိုးကူညီပေးမည်ဖြစ်ကာ စီမံကိန်းဒုတိယကာလတွင် ငရုတ်ချို၊ ငရုပ်စပ်၊ ငရုတ်ပွ၊ ဖရုံသီး၊ ပဲမျိုးစုံ၊ မုန်ညင်းစသည့်သီးနှံများကို ဆောင်ရွက်မည်ဖြစ်ကြောင်း အလားတူ ဟဲဟိုးမြို့နယ်၌လည်း အာလူးနှင့် ချင်းများ ပံ့ပိုးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

အဆိုပါ SAFI စီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) နှင့် ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းစီမံကိန်းသည် ပင်းတယမြို့နယ်နှင့်ဟဲဟိုးမြို့နယ်တို့ရှိ တောင်သူများ၏ လိုအပ်ချက်မျာကို ဖြည့်ဆည်းကာ အစားအစာဘေးအန္တရာယ်ကင်းရှင်းသည့် စိုက်ပျိုးသီးနှံများထုတ်လုပ်နိုင်ရန် ပံ့ပိုးကူညီသည့် စီမံကိန်းဖြစ်ကြောင်းသိရသည်။

source -  စိုက်ပျိုးရေးပြန်ကြားစိတ်

naylintun du

naylintun du

လွန်ခဲ့သော ၁ နှစ် က

ဘာဆေးတွေဖြန်းသင်တာလဲညွန်ပါအုံး

naylintun du

naylintun du

လွန်ခဲ့သော ၁ နှစ် က

ဂေါ်ဖိစိုက်ထာတယ်

အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၄ နှစ် က

ပန်းမူံလာမှာဘာရောဂါတေကျတတ်ပါလဲရှင့်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။