အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Green Way သုံးနှစ်ပြည့်ခဲ့ပြီ

Green Way သုံးနှစ်ပြည့်ခဲ့ပြီ

Green Way
Green Way • Greenovator • 02/05/2014

အခုဆို ကျွန်တော်တို့ရဲ့ အစိမ်းရောင်လမ်းလေး လျှောက်လမ်းလာခဲ့တာ သုံးနှစ်ပြည့်ခဲ့ပါပြီ။ သုံးနှစ်တာအတွင်းမှာ အောင်မြင်မှုများ၊ ကျဆုံးမှုများ၊ အခက်အခဲများ၊ ကျော်လွှားမှုများ စွာကို တွေ့ကြုံရင်ဆိုင်ခဲ့ရင်း အတိုင်းအတာတစ်ခုထိ ရင့်ကျက်မှုတွေ ရရှိခဲ့ပါပြီ။ သုံးနှစ်တာအတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေကို ပြန်ကြည့်ရင် ကျဆုံးမှုအချို့ရှိခဲ့ပေမယ့် အားရကျေနပ်ခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ Food Justice Campaign ကို ဖေ့ဘုတ်မှာရော အပြင်မှာပါ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပတ်ဝန်းကျင်ရေးရာအပိုင်းအနေနဲ့ လူငယ်အဖွဲ့တွေနဲ့ အတူတူ ကျင်းပခဲ့တာ ရှိခဲ့သလို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ လောင်စာသက်သာ မီးဖိုပြုလုပ်နည်း သင်တန်းတွေကိုလည်း သင်ကြားပေးနိုင်ခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က စိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ နည်းပညာတွေ၊ သတင်း အချက်အလက်တွေနဲ့ ဒေသဖွံ့ဖြိုးရေးကဏ္ဍမှာ အားတက်သရော်ပါဝင်နိုင်ဖို့ပါ။ ကျွန်တော်တို့ သင်တန်းကျင်းပခဲ့တဲ့ နယ်မြေမှ သင်တန်းသားတွေက ကျွန်တော်တို့ ဆွေးနွေးသင်ကြားခဲ့တဲ့ နည်းလမ်းတွေကို လက်တွေ့ကျင့်သုံးရင် အောင်မြင်နေတယ်ဆိုတဲ့ အသံတွေ ကြားခဲ့ရတော့ ပီတိအပြည့် ရှေ့ဆက်ဖို့ အင်အားအပြည့် ရရှိခဲ့ပါတယ်။ အခုဆို Msprial ရဲ့ ကူညီပံ့ပိုးမှုနဲ့ အင်တာနက် စာမျက်နှာကို လှပသေသပ်တဲ့ အသွင်အပြင်နဲ့ လာရောက်ကြည့်ရှုသူများ လွယ်ကူအောင် ဖန်တီးနိုင်ခဲ့ပါတယ်။ Mspiral ကိုလည်း အထူးကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့ရဲ့ စာမျက်နှာမှာ ပါဝင်အားဖြည့်ပေးခဲ့ကြသော ဆရာ၊ဆရာမများ၊ အစ်ကိုအစ်မများကို အထူးကျေးဇူးတင်သလို မေးခွန်တွေကို စိတ်ဝင်တစား မေးမြန်းကြသူများ၊ ဖြေကြားပေးကြသူများကို အထူးကျေးဇူးတင်ပါတယ်။

နောက်မကြာလှတဲ့ ကာလမှ မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများပါမကျန် ဖုန်းများ၊ အင်တာနက်များ သုံးစွဲလာနိုင်ကြတော့ပါမယ်။ ဒီသတင်းဟာ လယ်သမားတွေအားလုံးနဲ့ ချိတ်ဆက်လိုတဲ့ ကျွန်တော်တို့အတွက် ဝမ်းသာစရာသတင်း တစ်ခုပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာတွေကို တောင်သူတွေ လက်ထဲသို့ တိုက်ရိုက် ရောက်ရှိနိုင်ဖို့ ရည်ရွယ်ပြီး အခု ဖုန်းကနေ အွန်လိုင်းစာမျက်နှာကို အလွယ်တကူ ဖတ်ရှုနိုင်ဖို့ ဆော့ဝဲ တစ်ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ သုံးနှစ်ပြည့်အထိမ်းအမှတ်မှာ ဒီဆော့ဝဲလေးကို ထုတ်လွတ်လိုက်ပါတယ်။ အားလုံးအတွက် အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Green Way website ပိုမိုကောင်းမွန်လာစေရန်အတွက် စစ်တမ်းကောက်ယူခြင်း ပြုလုပ်ထားပါတယ်။ အားလုံးပဲ အဲဒီစစ်တမ်းလေးမှာ မေးထားတဲ့ မေးခွန်းလေးတွေကို ဖြေပေးရင်း စိုက်ပျိုးရေးနည်းပညာများ ပိုမိုဖြန့်ဖြူးနိုင်ဖို့ အားပေးပေးကြပါအုံး။

အတိတ်က အားပေးခဲ့တဲ့အရာတွေအတွက် အားလုံးကို ကျေးဇူးတင်သလို ဆက်လက်အားပေးကြပါအုံးလို တောင်းဆိုပါရစေ။

ဖုန်းဆော့ဝဲ ရယူရန် (mediafire)

ဖုန်းဆော့ဝဲ ရယူရန်(dropbox)

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 5 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။