အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပုသိမ်ဈေးကွက်တွင် စပါးဈေးများ ၄ ရက်အတွင်း ကျပ် ၅၀၀၀၀ အထက် ဈေးတက်လာပြီး ဆန်ဈေးများလည်း ဆက်တက်

ပုသိမ်ဈေးကွက်တွင် စပါးဈေးများ ၄ ရက်အတွင်း ကျပ် ၅၀၀၀၀ အထက် ဈေးတက်လာပြီး ဆန်ဈေးများလည်း ဆက်တက်

Green Way
Green Way • 29/03/2022

ဧရာဝတီဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းစပါးဈေးဟာ မတ် ၂၅ ရက်ကနေ ဒီနေ့ ၂၉ ရက်ထိ ၄ ရက်အတွင်း ကျပ် ၅၀၀၀၀ ကျော် ဈေးတက်လာပြီး  ဆန်ဈေးများလည်း ဆက်တက်နေတယ်လို့ ပုသိမ်ဈေးကွက်ထံမှ ရရှိတဲ့သတင်းတွေအရ သိရပါတယ်။

မတ် ၂၅ ရက်က တင်းတစ်ရာကို ၁၀၀၈၀၀၀ သာရှိခဲ့တဲ့ ပုသိမ်ပေါ်ဆန်း(မိုး) စပါးဟာ ဒီနေ့ မတ် ၂၉ မှာတော့ ကျပ် ၁၀၆၀၀၀၀ ထိ ဈေးရှိနေပြီး လေးရက်အတွင်း ကျပ် ၅၂၀၀၀ ဈေးတက်လာတာ ဖြစ်ပါတယ်။ ဆန်ဈေးအနေနဲ့တော့ တစ်တင်းခွဲတစ်အိတ်ကို ကျပ် ၃၅၀၀ ဈေးတက်လာပြီး မတ် ၂၅ ရက်က ကျပ် ၄၁၅၀၀ သာ ရှိခဲ့ရာကနေ မတ် ၂၉ မှာတော့ ကျပ် ၄၅၀၀၀ ဖြစ်သွားတာပါ။ 

မိုးစပါး အကြမ်းတွေလည်း ဈေးသိသိသာသာ တက်လာပြီး မတ် ၂၅ ရက်က မနောသုခ (မိုး) စပါးဟာ တင်းတစ်ရာကို ၇၂၇၀၀၀ သာ ဈေးရှိခဲ့ရာကနေ မတ် ၂၉ မှာတော့ ၇၈၂၀၀၀ ထိ ဖြစ်လာလို့ လေးရက်အတွင်း ကျပ် ၅၅၀၀၀ ဈေးတက်လာတာပါ။ ဆန်ဈေးအနေနဲ့တော့ တစ်အိတ်ကို ကျပ် ၁၅၀၀ ဈေးတက်လာပြီး ၂၈၅၀၀ ကနေ ၃၀၀၀၀ ဖြစ်သွားတယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ မတ် ၂၅ ရက်ကနေ ဒီနေ့အထိ ဆန်ဈေးတွေတည်ငြိမ်နေပြီး ဆန်အဝင် များနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ နယ်ဈေးကွက်မှာတော့ ဆန်စပါးဈေးတွေက  ဆက်တိုက်ဈေးတက်နေခဲ့တာဖြစ်ပြီး အဓိကကတော့ သယ်ယူပို့ဆောင်စရိတ်နဲ့ စက်သုံးဆီစရိတ်မြင့်တက်တာတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။

 

1
ခင်ချိုမြင့်

ခင်ချိုမြင့်

လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 3 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။