အိန္ဒိယ၊ တရုတ် ဝယ်လိုအားတွေနဲ့အတူ စံချိန်တင် မြင့်တက်နေတဲ့ ပဲဈေးများ
အိန္ဒိယဘက်သို့ အဓိကပို့ကုန်အဖြစ်ရှိနေတဲ့ မတ်ပဲ၊ ပဲစင်းငုံဈေးတွေဟာ ဒီတစ်ပတ်ထဲမှာတော့ ပြီးခဲ့တဲ့နှစ်က ဖြစ်ခဲ့တဲ့ စံချိန်တင်ဈေးတွေကိုပါ ချိုးသွားတဲ့အထိ မြင့်တက်ခဲ့သလို တရုတ်ဘက်က ဝယ်ယူမှုရှိနေတဲ့ ပဲတီစိမ်းဈေးဟာလည်း မြင့်တက်လာခဲ့ပါတယ်။

မတ်ပဲ
မတ်ပဲက ပိတ်ရက်အပြီးကတည်းက ဈေးတွေမြင့်တက်နေတာဖြစ်ပြီး ဒီတစ်ပတ်မှာတော့ မမျှော်မှန်း ထားတဲ့ ဈေးတန်းတစ်ခုထိကို ရောက်သွားတာပါ။
အိန္ဒိယနိုင်ငံရဲ့ ပဲလိုအပ်ချက်ကြောင့် အိန္ဒိယနိုင်ငံတွင်းမှာပါ ဈေးတွေက မြင့်တက်နေခဲ့တာဖြစ်ပြီး ပဲ တင်သွင်းတင်ပို့သူတွေရဲ့ ဈေးကစားသိုလှောင်တာတွေကြောင့်လည်း ဈေးက ဆက်တိုက်မြင့်တက်နေ တာဖြစ်တယ်လို့ အိန္ဒိယအစိုးရပိုင်း တာဝန်ရှိသူတွေဘက်က ပြောဆိုထားကြောင်း အိန္ဒိယသတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် သိုလှောင်ဈေးကစားတာတွေနဲ့ပတ်သက်ပြီး စောင့်ကြည့်အရေးယူမယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ထားကာ စိစစ်ဆောင်ရွက်နေပေမယ့် အိန္ဒိယဘက်ကို ပဲအဝင်နည်းတာ၊ မုတ်သုံကြောင့် ပဲ အထွက်နှုန်း လျော့နည်းတာတွေက ဈေးတွေကို ပိုမိုမြင့်တက်နေစေခဲ့တာ ဖြစ်တယ်လို့လည်း AMIA က ဆိုထားပါတယ်။
ဒီနေ့ ဧပြီ ၂၈ ရက်မှာတော့ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(FAQ/RC) တစ်တန်(၃၁.၁ တင်းခန့်) ကို ၂၁၈၃၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ယခုတစ်ပတ်အတွင်း တစ်တန်ကို ၁၁၃၀၀၀ ကျော် ဈေးမြင့်တက် လာပါတယ်။
မန္တလေးဈေးကွက်မှာလည်း တစ်အိတ်(ပိဿာ ၆၀)ကို ၂၀၈၀၀၀ ကနေ ၂၀၈၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၅၀၀ လောက် ဈေးမြင့်တက်ပါတယ်။
မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက် တို့မှာလည်း မတ်ပဲ က တစ်တင်း(ပိဿာ ၂၀) ကို ၆၆၀၀၀ ကနေ ၆၉၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ကနေ ၃၀၀၀ ကြား ဈေးတက်လာပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဈေးကွက်ထဲ ပဲမရှိပေမယ့် ဈေးတွေကတော့ အမြင့်ဈေးတွေနဲ့ဖွင့်ထားတယ်လို့ ပဲကုန်သည်တွေထံကနေ သိရပါတယ်။ ကြိုက်ရောင်းကြိုက်ဝယ်အနေအထားမှာ ရှိနေပြီး အမှန် တကယ် ငွေလိုအပ်နေသူများမှသာ ထုတ်ရောင်းမှုတွေ လုပ်ကြတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။ ပိတ်ရက်အပြီးမှာတော့ ဈေးက အကျဈေးနဲ့ ရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ မတ်ပဲနည်းတူ ဈေး အနည်းငယ်ပြန်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၂၄၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၀၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၃၂၀၀၀ ရှိပြီး ၇၀၀၀ ကျပ် ဈေးတက်လာပါတယ်။
နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မုံရွာနဲ့ အောင်လံဈေးကွက်တွေမှာတော့ တစ်တင်းကို ၇၇၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ လောက် ဈေးတက်လာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပေမယ့် နယ်ဈေးကွက်တွေမှာတော့ ဈေးတွေ မြင့်တက်နေပါတယ်။ တရုတ်ဝယ်ယူမှုလည်း ရှိနေပြီး အခြားပဲတွေ ဈေးမြင့်တက်လာတဲ့အတွက် ပဲတီစိမ်းကလည်း လိုက်ပါဈေးမြင့်တက်လာတာလို့ ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၇၅၀ ကျပ်၊ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၅၈၀ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၂၂၁၅ ကနေ ၂၂၇၀ ကျပ် နဲ့ ဈေးငြိမ်နေပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်းက တစ်အိတ်(ပိဿာ ၆၀)ကို ၁၈၅၀၀၀ ကနေ ၂၂၅၀၀၀ ပေါက်ဈေး ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၆၉၆၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၄၀၀၀လောက် ဈေး မြင့်တက်လာပါတယ်။
မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၄၉၀၀၀ ကနေ ၆၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ်ဈေးတက်လာတယ်လို့ သိရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026