အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်ပတ်အတွင်း ပဲဈေးနှုန်းများနှင့် ရှေ့အလားအလာ (အိန္ဒိယအဝယ်သက်တမ်းတိုးပြီးနောက် မတ်ပဲဈေးများကျ)

တစ်ပတ်အတွင်း ပဲဈေးနှုန်းများနှင့် ရှေ့အလားအလာ (အိန္ဒိယအဝယ်သက်တမ်းတိုးပြီးနောက် မတ်ပဲဈေးများကျ)

AMIA
AMIA • 01/04/2022

ကုလားပဲ

ကုလားပဲကတော့ ဒီတစ်ပတ်မှာလည်း ဈေးအနည်းငယ်ထပ်ပြီးကျဆင်းပါတယ်။ ပဲလှိုင်နေပေမယ့် အဝင် နည်းနေလို့ ဈေးက အများကြီး ကျဆင်းသွားတာမျိုးမရှိဘူးလို့လည်းသိရပါတယ်။ 

မတ်ပဲ

မတ်ပဲ တင်ပို့ခွင့်ကာလကို အိန္ဒိယနိုင်ငံက တစ်နှစ်သက်တမ်းတိုးပေးလိုက်တဲ့အချိန်မှာ မတ်ပဲဈေးတွေ ပြန်ကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကတော့ ပြည်တွင်းပဲ ဖူလုံဖို့နဲ့ ဈေးထိန်းချုပ်မှုတွေ ရှိအောင် အခုလို တင်ပို့ခွင့်ကာလကို တိုးပေးလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မတ်ပဲဈေးက လက်တလောမှာ ဈေးတွေကျဆင်းနေပေမယ့် ငွေကြေးဈေးနှုန်းမြင့်မားမှုတွေကြောင့် အများကြီးကျဆင်းနိုင်ခြေမရှိဘူးလို့ ဧရာကုန်သွယ်မှုဗဟိုဌာနက သုံးသပ်ထားပါတယ်။

ပြည်တွင်းမှာတော့ ဈေးအမြင့်ပေးပြီး ဝယ်ယူသိုလှောင်မှုတွေကြောင့် လတ်တလော ကာလအတွင်း ပဲအရောင်းအဝယ် ပြုလုပ်မှုက လျော့နည်းသွားနိုင်ပြီး အတက်ဈေးကို စောင့်နိုင်ခြေရှိတယ်လို့ ကုန်သည် အချို့က သုံးသပ်ထားပါတယ်။ ဒါပေမယ့် တင်ပို့ခွင့်ကာလသက်တမ်းက တစ်နှစ်ဖြစ်တဲ့အတွက်ကြောင့် ပဲလှိုင်ချိန်မှာတော့ ယခုပေါက်ဈေးထပ်လျော့နည်းနိုင်ပေမယ့်လည်း မတ်ပဲ အထွက်နှုန်းကျဆင်းလို့ စောင့်ကြည့်ရမယ့်အခြေအနေလည်းဖြစ်ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တစ်ပတ်အတွင်းဈေးတွေ တက်လာပေမယ့် အိန္ဒိယတင်ပို့မှုသက်တမ်း တစ်နှစ်တိုးပေးလိုက်ပြီးတဲ့အချိန်မှာတော့ မတ်ပဲနည်းတူဈေးက အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ လက်ရှိပဲ တင်ပို့ရောင်းချမှုတွေနဲ့ပတ်သက်ပြီး အနည်းငယ်အေးသွားတဲ့အခြေအနေလည်းဖြစ်ပါတယ်။

ပဲစင်းငုံနီကတော့ပြည်တွင်းလက်ကျန်ကလည်းအများကြီးမရှိတဲ့အပြင် အိန္ဒိယကလည်း ပဲစင်းငုံနီထွက်ရှိမှုက လျော့နည်းမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတဲ့အတွက် ပဲစင်းငုံနီကတော့ ယခင်သုံးသပ်မှုများအတိုင်း ဈေးအများကြီး ကျဆင်းသွားတာမျိုးမရှိနိုင်ပါဘူး။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

kyaw zin • ဖြေကြားချက် 1 ခု

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

လိူင်စိုး • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 3 ခု

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု

ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။