ပြည်ပဝယ်ယူမှု များသောကြောင့် ပြည်တွင်း ငရုတ်(ငြုပ်) ရှားပါးနေသည့်အတွက် နယ်စပ်မှ တရားဝင် တင်သွင်းခွင့်ပြုရန် စီး/ကူးသို့ တင်ပြထား
ပြည်ပဝယ်ယူမှု များလာခြင်းကြောင့် ပြည်တွင်း ငရုတ်သီး(ငြုပ်)အစိုများ ဈေးနှုန်းမြင့်တက်သဖြင့် ပြည်တွင်း၌ ငရုတ်သီး(ငြုပ်)အစို ရှားပါးနေသည့်အတွက် စားသုံးသူများ နစ်နာမှုမရှိစေရန် နယ်စပ်မှ တရားဝင် တင်သွင်းခွင့်ပြုရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အကြံပြု တင်ပြထားကြောင်း စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဌ ဦးခင်ဟန်က ပြောသည်။
အဆိုပါ ငရုတ်အစိုများကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဝယ်ယူနေခြင်းဖြစ်ပြီး ယခင်က ငရုတ်အစိုဈေး တစ်ပိဿာလျှင် ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်းရှိခဲ့သော်လည်း လက်ရှိ၌ ငရုတ်အစို တစ်ပိဿာလျှင် ၈၅၀၀ ကျပ်အထိ ဈေးနှုန်း မြင့်တက်နေကြောင်း သိရသည်။
“စားသုံးသူတွေ မနစ်နာအောင် နယ်စပ်တွေကနေ သွင်းသင့်ရင် သွင်းခွင့်ပြုဖို့ပေါ့။ အခု ဝင်နေတာတွေကတော့ တရားမဝင်တွေ များတယ်။ အဲ့တော့ တရားဝင်သွင်းခွင့်ပြုဖို့ စီးပွားကူးသန်းကို ကျွန်တော်တို့က အကြံပေးထားတယ်။ ဒီရက်ပိုင်းမှာပဲ ပြောနေကြတယ်။ သူတို့ဘက်ကလည်း FDA ထောက်ခံချက်ပေးဖို့၊ အသင်းကို ဒါကိုသွင်းခွင့်ပြုဖို့ ထောက်ခံချက်တောင်းတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ ဆုံးဖြတ်ပြီး ပေးလို့မရဘူး။ နိုင်ငံတော်အနေနဲ့ပဲ လုပ်လို့ရမယ်။ အဲ့ဒါလေးကိုတော့ အကြံပေးထားတယ်။ သူတို့ ဒီရက်ပိုင်းမှာပဲ ကျောက်ဆည်မှာ အစည်းအဝေးလုပ်မယ်ဆိုတော့ အစည်းအဝေးလုပ်ပြီး သူတို့တင်ပြပြီးရင်တော့ သွင်းခွင့်ပြုသင့်တယ်ဆိုရင် သူတို့ ခွင့်ပြုမှာပေါ့။ တကယ်လို့ ခွင့်ပြုလိုက်ပြီဆိုရင်တော့ ထိုက်သလောက်တော့ ဈေးနည်းနည်းလျော့သွားမယ်။ အဲ့ဒီ့လိုမှ မဟုတ်ဘူးဆိုရင်တော့ မကြာခင်မှာ ငရုတ်သီးက တစ်သောင်း အထက်နားမှာ ရောက်သွားလိမ့်မယ်။” ဟု စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးခင်ဟန်က ပြောသည်။
ငရုတ်အစိုကို ပြည်ပသို့ တင်ပို့ရာတွင် အစိမ်းအတိုင်း တိုက်ရိုက် အအေးခန်းအတွင်း ထည့်သွင်းသိုလှောင်၍ ဝယ်ယူနေခြင်းဖြစ်ပြီး အနည်းငယ်တောင့်သွားပါက refer ဖြင့် ပြန်လည်တင်ပို့ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် ယခင်က ငရုတ်ဝယ်ယူမှု နည်းပါးခဲ့သော်လည်း ပြီးခဲ့သည့် ဖေဖေါ်ဝါရီ နောက်ဆုံးပတ်မှ စတင်ကာ ပိုမိုဝယ်ယူလာခြင်းဖြစ်ကြောင်း သိရသည်။
“အရင်က ဝယ်ပေမယ့် အခုလို အများကြီးမဝယ်ဘူး။ အဓိက သူတို့ဝယ်နေတာက ဗီယက်နမ်နဲ့ အိန္ဒိယကပါ။ အဲ့ဒီ့နိုင်ငံတွေက ဝယ်လို့မရလို့ မြန်မာနိုင်ငံက ဝယ်တယ်လို့ ကြားတယ်။ ဒီရက်ပိုင်း တော်တော်ဝယ်အားကောင်းတယ်။ တစ်ယောက် တစ်ယောက်ကို ကားအစီး ၁၅၊ ၂၀ လောက် ဝယ်နေတာ။ စိုက်တဲ့သူက ခြောက်အောင်တောင် စောင့်စရာမလိုဘူး။ အစိုတွေ စွတ်ရောင်းပစ်တာ။” ဟု ဦးခင်ဟန်က ပြောသည်။
လက်ရှိတွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ မြစ်ဝကျွန်းပေါ်ဒေသများဖြစ်သည့် မအူပင်၊ ဟင်္သာတ၊ ဝါးခယ်မ၊ ရွှေလောင်း အစရှိသည့် ဒေသများမှ ထွက်ရှိသည့် ငရုတ်များ ဝင်ရောက်နေပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရှိ ငရုတ်စိုက်ဒေသများမှ ထွက်ရှိသော ငရုတ်သီးများသည်လည်း ဈေးကွက်အတွင်း မကြာမီ ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း သိရသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်
Khing Hein • ဖြေကြားချက် 1 ခု
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 5 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....