တစ်ပတ်စာဈေးကွက်သုံးသပ်ချက် (၂၃ - ၂၇.၃.၂၀၂၆)
လောင်စာဆီ အကျပ်အတည်းနှင့်အတူ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်လာမှုသည် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအပေါ် ထိုးနှက်ချက်တစ်ခု ဖြစ်လာသည်။ ထို့ပြင် မြန်မာ့ပဲမျိုးစုံ ဝယ်ယူနေသည့် အိန္ဒိယနိုင်ငံတွင် ရူပီးငွေတန်ဖိုး အားပျော့နေပြီး သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ဝယ်လိုအား အနည်းငယ် လျော့နည်းနေသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် မတ်ပဲနှင့် ပဲစင်းငုံဈေး အနည်းငယ် ပြန်လည်ကျဆင်းလာသည်။
ဈေးကျလာသည့် မတ်ပဲ
မြန်မာ-အိန္ဒိယ သင်္ဘောခများ ဈေးတက်လာပြီးနောက် မြန်မာနိုင်ငံဈေးကွက်တွင် မတ်ပဲဈေးမှာ ပြည်ပ FOB (freight on board) ဈေးသာမက ပြည်တွင်းဈေးပါ ကျရိပ်သန်းနေသည်။
၂၀၂၅-၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလအထိ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၆၆၀,၀၀၀ ကျော်အပါအဝင် ပြည်ပမှ မတ်ပဲတန်ချိန် ၉၀၀,၀၀၀ ကျော် တင်သွင်းထားကြောင်း IPGA (India Pulses and Grains Association) ၏ ထုတ်ပြန်ချက်အရ သိရသည်။ အိန္ဒိယ၏ မတ်ပဲတင်သွင်းမှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူတွင် တန်ချိန် ၆၆၈,၀၀၀ ကျော်သာ ရှိခဲ့သဖြင့် ယခုနှစ်တွင် တန်ချိန် ၂ သိန်းကျော် ပိုမိုတင်သွင်းထားခြင်း ဖြစ်သည်။
လက်ရှိ အိန္ဒိယဈေးကွက်တွင် မတ်ပဲဝယ်လိုအား ပျော့ခြင်းကြောင့် မတ်ပဲ CNF ဈေးသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀ ခန့် ဈေးကျနေသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က အိန္ဒိယဈေးကွက်၌ မြန်မာမတ်ပဲ FAQ တစ်တန်လျှင် ဒေါ်လာ ၈၇၀ မှ ယခုရက်သတ္တပတ်တွင် ၈၄၀ ဒေါ်လာ၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၉၇၀ မှ ၉၃၅ ဒေါ်လာသို့ ဈေးပြောင်းသွားသည်။
မြန်မာနိုင်ငံဈေးကွက်တွင်လည်း မတ်ပဲပြည်ပရောင်းချသည့် FOB ဈေးမှာ တစ်တန်လျှင် ၁၅ ဒေါ်လာ ဈေးကျခဲ့သည်။ ရန်ကုန်ဈေးကွက်တွင် မတ်ပဲပြည်တွင်းဈေးမှာ မတ်ပဲ (အဟောင်း) FAQ တစ်တန် ကျပ် ၃,၁၀၅,၀၀၀ မှ ၃,၀၇၅,၀၀၀ သို့လည်းကောင်း၊ မတ်ပဲ (အသစ်) FAQ တစ်တန် ကျပ် ၃,၁၁၅,၀၀၀ မှ ၃,၀၈၂,၀၀၀ သို့လည်းကောင်း အသီးသီး ဈေးကျဆင်းသွားသည်။
ပဲစင်းငုံလည်း ဈေးကျလာ
မတ်ပဲကဲ့သို့ပင် အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေသည့် ပဲစင်းငုံသည် ယခုရက်သတ္တပတ်တွင် ပြည်ပဈေးသာမက ပြည်တွင်းဈေးပါ ကျဆင်းနေသည်။ အိန္ဒိယနိုင်ငံတွင် အာဖရိကပဲစင်းငုံများနှင့် ဈေးကွက်ယှဉ်ပြိုင်နေရသဖြင့် မြန်မာပဲစင်းငုံ CNF ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၄၀ ဝန်းကျင် ဈေးကျသွားသည်။
လက်ရှိ အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံ (အဟောင်း) CNF တစ်တန်ဈေး ဒေါ်လာ ၈၆၀ မှ ၈၂၀၊ ပဲစင်းငုံ (အသစ်) တစ်တန် ဒေါ်လာ ၈၈၀ မှ ၈၃၅ သို့ ဈေးပြောင်းသွားသည်။ မြန်မာနိုင်ငံဈေးကွက်တွင်လည်း ပဲစင်းငုံ (နီ) အဟောင်း FOB ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၃၀ ခန့် ဈေးကျခဲ့ပြီး ပြည်တွင်းဈေးမှာလည်း ပဲစင်းငုံ (နီ) အသစ် တစ်တန် ကျပ် ၃,၀၈၆,၀၀၀ မှ ၃,၀၀၅,၀၀၀ သို့ ကျဆင်းသွားသည်။
ပဲတီစိမ်းဈေး ထပ်မံမြင့်တက်
တရုတ်ကုန်သည်များ၏ ဝယ်လိုအား မျှော်လင့်ချက်ဖြင့် ပဲတီစိမ်းဈေးမှာ ဆက်လက်မြင့်တက်နေသည်။ ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း (အညာ) FAQ တစ်တန်လျှင် ဒေါ်လာ ၈၈၀/၈၉၀ သို့လည်းကောင်း၊ ရွှေဝါ FAQ တစ်တန်လျှင် ဒေါ်လာ ၉၈၀/၉၉၀ သို့လည်းကောင်း ဈေးမြင့်တက်လာသည်။ နယ်ဈေးကွက်တွင် ပဲတီစိမ်းမှာ တစ်တင်းလျှင် ကျပ် ၁၃၀,၀၀၀ ဝန်းကျင်အထိ ဈေးဖွင့်ထားသည်။

မြေပဲဈေးတက်
ဆီထွက်သီးနှံဖြစ်သော မြေပဲသည် ပြည်တွင်းဈေးသာမက ပြည်ပဈေးပါ မြင့်တက်လာသည်။ တရုတ်နိုင်ငံမှ ဝယ်လိုအားကောင်းသဖြင့် မြေပဲ (လုံးဆန်) FOB ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၁၀၀ ခန့် ဈေးမြင့်တက်သွားပြီး ဒေါ်လာ ၁,၇၅၅/၁,၇၆၅ သို့ ရောက်ရှိလာသည်။ မန္တလေးဈေးကွက်တွင်လည်း ဆီစက်များ၏ ဝယ်လိုအားကြောင့် မြေပဲအမျိုးအစားအလိုက် တစ်တန်လျှင် ကျပ် ၆ သိန်းကျော်အထိ ဈေးမြင့်တက်လာသည်။
ပဲကြီးဈေး အပြောင်းအလဲ
ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု အားနည်းသည့် ပဲကြီးသည် ယခုရက်သတ္တပတ်တွင် ဈေးအပြောင်းအလဲ ရှိနေသည်။ ရန်ကုန်ဈေးကွက်၌ ပြည်ပဝယ်လိုအားကြောင့် FOB ဈေး တစ်တန်လျှင် ဒေါ်လာ ၅၀ ခန့် မြင့်တက်လာသော်လည်း ပြည်တွင်းဈေးမှာမူ ကျဆင်းနေသည်။ မန္တလေးဈေးကွက်တွင် ပဲကြီးအမျိုးအစားအလိုက် တစ်တန်လျှင် ကျပ် ၂ သိန်းကျော်မှ ၅ သိန်းကျော်အထိ ဈေးကျဆင်းသွားကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 1 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from AMIA
အားလုံး
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အိန္ဒိယဝယ်လိုအားကြောင့် ပို့ကုန်ပဲအချို့ဈေးလှုပ် (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)
14/09/2026